Knowledge for success

Credit:Photo from fb
အားလုံးပဲမင်္ဂလာပါ
ဒီနေ့ပြောချင်တာလေးကတော့အောင်မြင်ဖို့အတွက်ဆင်ခြင်သင့်တာလေးတွေပါ။postတွေကိုသေချာမတင်ဖြစ်တာကြာပြီမို့ဒ်ီနေ့တော့သေချာလေးရေးထားပါတယ်။ကဲဆက်ကြတာပေါ့နော်။
လူတစ်ယောက်ဟာဘဝမှာအောင်မြင်ချင်လာတဲ့အခါအရင်ဦးဆုံးအောင်မြင်မှုကိုတက်မက်တဲ့စိတ်မဖြစ်မနေလိုအပ်ပါတယ်။အဲ့လိုမရှိဘူးရင်သင်ဟာဘယ်လောက်ပင်ကြိုးစားသော်လည်းသင်အောင်မြင်လာဖို့ရာခိုင်နှုန်းဟာ၅၀လောက်ပဲရှိပါမယ်။နောက်ထပ်သင့်မှာကြိုးစာချင်စိတ်ရှိရပါမယ်။မေးတတ်မြန်းတတ်ရမယ်။ပြောဆိုတတ်ခြင်းနဲ့ပွင့်လင်းမြင်သာမှုရှိရပါမယ်။ဘာလို့ဆိုသင်ကြိုးစားချင်စိတ်မရှိလျှင်သင့်ဆီကိုအောင်မြင်မှုမပြောပါနဲ့ဦးမြင့်မောင်တောင်မလာပါဘူး(စာကြွင်း-ဟာသ)။အဲ့လိုပဲလုပ်ငန်းတစ်ခုမှာသင်ဟာမသိတာကိုသိတယ်လို့မှတ်မမေးမမြန်းတာတွေပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးတာတွေအဲ့ဒါတွေသာမရှိရင်သင့်ဆီကိုအောင်မြင်မှုရောက်ရှိနိုင်မှာမဟုတ်ပါဘူး။နောက်ပြီးသင်ဟာကိုယ့်ကိုကိုယ်ခိုင်းတတ်ရပါမယ်။လူတစ်ယောက်ဟာကိုယ့်ကိုကိုယ်ခိုင်းတတ်ပြီဆိုမှအောင်မြင်ဖို့အတွက်အစပျိုးတာပါ။ကိုယ်ကိုကိုယ်မခိုင်းပဲအောင်မြင်မှုကိုစောင့်ယူနေမယ်ဆိုရင်တော့မဖြစ်နိုင်ပါဘူး။ကိုယ်ဟာကိုယ်ကိုကိုယ်အကောင်းဆုံးခိုင်းနိုင်မှတစ်ပါးသောသူများကိုလမ်းညွှန်ပြသနိုင်မှာပါ။သူတစ်ပါးကိုမခိုင်းတတ်တဲ့သူတစ်ယောက်ဟာလည်းအောင်မြင်နေလည်းအမုန်းတွေနဲ့ပါ။ဒါကြောင့်မိုသူတစ်ပါးကိုခိုင်းတတ်ဖို့လည်းကြိုးစားရပါမယ်။ပြီးတော့အရေးကြီးတာကမှားမှာကိုမကြောက်ပါနဲ့။လူတွေဟာတစ်စုံတစ်ခုကိုလုပ်ဆောင်တဲ့အခါကိုယ့်ကြောင့်တစ်ခုခုမှားယွင်းသွားမှာကိုအရမ်းကြောက်ကြပါတယ်။အဲ့လိုကြောက်နေတဲ့အခါအောင်မြင်ဖို့အတွက်ရာအခွင့်အလမ်းမရှိနိုင်ပါဘူး။ကိုယ့်ကိုကိုယ်ပြန်ပိတ်လှောင်ထားသလိုနဲ့အတူတူပါပဲ။ကဲဒီနေ့တော့ဒီလောက်နဲ့ပဲနားတာပေါ့လိုအပ်တာလေးတွေကိုအကြမ်းမျဉ်းပြောဆိုပြသထားခြင်းသာဖြစ်ပါတယ်။ဖတ်ရှူ ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
Author-@juliusseaser
Please-Upvote & following
Thank you