Funny Story Love
"ဘာတုန်း"
ကြည့်ဗျာ .... ခေါ်တာကအစ ဟျောင့်တဲ့ ...
ကျုပ်ရည်းစားက အရင်က ယောက်ျားရှာ ဗျ ...
သူများတွေအခေါ် ဘောပြားပေါ့ဗျာ ... ပြောမှာပေါ့
ဘောပြားက ဘယ့်နှယ့်ရည်းစားထားတုန်းဆို ...
ဒီလိုဗျ အဖြစ်က ကျုပ်နဲ့မတွေ့ခင်က ဒင်းက
ယောက်ျားရှာ အစစ် ... သူ့အိမ်က အာ့လိုနေတာ
မကြိုက်လို့ အမွေဖြတ်မယ်ပြောလို့ ခဏပြောင်း
ထားတာတဲ့ ... ပြောင်းထားတုန်း မထူးပါဘူးဆိုပြီး
ရည်းစားထားကြည့်တာတဲ့ .... ကံဆိုးသူ မောင်ရှင်က ကျုပ်ပေါ့ဗျာ ...
ဒင်းက ထဘီတော့ဝတ်ပါတယ် ... ဒါပေမယ့်
မလျှောက်တတ်ဘူးတဲ့ဆိုပြီး ထဘီကို မပြီး
လျှောက်တယ် ... တော်သေးတယ် ခါးတောင်း
မကျိုက်တာ ကံကောင်း...
ရည်းစားဖြစ်တော့ကျုပ်ကပြောကြည့်တယ် ...
ကိုကိုလို့ခေါ်ပါလားဆိုတော့ ဘာမှမပြောဘူး
လက်သီးပဲရွယ်ပြတယ် ... အာ့ထဲက ကျုပ်လည်း
မပြောရဲတော့ဘူး ... ခေါ်ရင်လည်း ဟျောင့်ပဲ ...
ဒါတောင် သားကြီးတွေဘာတွေလုပ်နေလို့
လူကြားထဲအရှက်ကွဲလို့ မနဲပြောထားရတယ် ...
စဉ်းစားကြည့်ဗျာ သူများသမီးရည်းစားတွေ
လက်လေးကိုင်ပြီးသွားတယ် ... ဒင်းက ကျုပ်ကို
ပခုံးဖက်ပြီးသွားတယ် ... မသိရင် သူငယ်ချင်းကျလို့ ... လမ်းမှာ ကောင်မလေး ချောချာမြင်ရင် ဒင်းကလိုက်
ငန်းတယ် ... ကျုပ်က အာ့လိုမလုပ်ပါနဲ့ပြောတော့
ဘာပြန်ပြောလည်းသိလား ...
" မင်းလည်း မကျေနပ်ရင်
ကောင်လေးချောချောလေးတွေငန်းလေတဲ့ ... "
သေရော ဘုန်းကညာတစ်ပါး
လုံးရာက ပြားတော့မယ် ...
ခုလည်းကြည့် ဟျောင့်တဲ့ ... ဘာတုန်းဆိုတော့
" ပျင်းတယ်ကွာ အရက်သွားသောက်ရအောင် "
" ဟ မလုပ်ပါနဲ့ ငါနင့်ကြောက်လို့ပါ "
ဟုတ်တယ်လေ မူးမှ ထိုးမယ်ဆို
ကျုပ်က ဘယ်ပြေးရမတုန်း ...
" မင်းကလည်းကွာ ငါမင်းကိုမရစ်ပါဘူးကွ "
" ယုံဘူး ငါကြောက်တယ် "
" ကတိပေးတယ်ကွာ မသောက်ရတာ ကြာပြီကွ "
" မသောက်ပါနဲ့ကွာ အရက်သောက်တာ
မကောင်းဘူးကွ ချစ်ရင် မသောက်နဲ့နော်
" တောက်စ် ငါ့နှယ် ယောကျာ်းနဲ့မိန်းမ မှားနေတယ်
ပုံမှန်က မိန်းမတွေက တားရမှာကို ... ဘ၀ကဆိုးပါ့
" လုပ်ပါကွာ တစ်ခွက်ပဲလေ "
" တစ်ခွက်ပဲနော် "
" အင်း တစ်ခွက် "
" ဂယ်နော် "
" ဂယ်ပေါ့ "
" အာ့ဆိုပြီးရော " ဟုတ်တယ်လေ တော်ကြာ
ရတယ် ငါ့ငါသွားသောက်မယ်ဆိုမှ ဟုတ်ပေ့
ဖြစ်နေမှာ ... ကျုပ်ပါတော့ စိတ်ချရတာပေါ့လေ .....
ဒီလိုနဲ့ဆိုင်ရောက်တော့ တစ်ခွက်သာပြောတယ်
နဲနဲပါ နဲနဲပါနဲ့ ဒင်းသောက်တာ ငါးခွက်ဖြစ်သွားရော
အာ့မှာ ဇာတ်လမ်းစတာပဲ ...
" ဟေ့ကောင်ကြီး " ရုတ်တရက်ကြီး ထအော်တာ
" ငှယ်လန့်လိုက်တာ ဘာတုန်းဟ "
" မိုက်လို့လား မင်းက "
" မိုက်ဘူးလေ "
ဆိုင်ကလူတွေကလည်း
ဝိုင်းကြည့်ကုန်တယ် ...
သူတို့လည်း ထဘီနဲ့ အရက်သမား
ခုမှမြင်ဖူးပုံပေါ်တယ် ...
အာ့ကို သူ့ကြည့်ရမလားဆိုပြီး
ဆိုင်ထဲကလူတွေကို ရန်ရှာရော ...
" မင်းတို့က ဘာကြည့်တာလည်း မိုက်လို့လား "
" ဟဲ့ အေးဆေးနေစမ်းပါဟာ ..
မူးရင်လည်းပြန်ရအောင်လေ "
ဟုတ်တယ်လေ တော်ကြာ ဆိုင်က ၀ိုင်းထိုးမယ်ဆို
ကျုပ်ကိုပဲ ၀ိုင်းထိုးကြမှာ သူ့ထားပြီး ထွက်ပြေးလို့လည်း ကောင်းတာမဟုတ်ဘူးရယ် ...
" ဟျောင့် ငါမမူးဘူးကွ "
" အေးပါကွာ မင်းမမူးဘူးနော် "
" ဟုတ်တယ် မယုံရင်
ခါးတောင်ကျိုက်ပြီး ခြင်းပြိုင်ခတ်မလားပြော "
ဒင်းအသံကြားပြီး စားပွဲထိုးတွေက
ခြင်းလုံးရှာဖို့ပြင်နေပြီ ... ငတိတွေက
ဘယ်တုန်းထဲက မိန်းမခါးတောင်းကျိုက်တာ
မြင်ချင်နေလည်းမသိဘူး ... ဟုတ်တယ်
ဆိုင်ကလူတွေမျက်လုံးကလည်း မျှော်လင့်ချက်
အရောင်တောက်လို့ ... ငါ့နှယ်
နောက်ဆုံး မနဲတောင်းပန် ဆိုင်ပြင်ဆွဲထုတ်နဲ့ ...
ဒင်းက လမ်းတောက်လျှောက် ခါးတောင်းကျိုက်ပြီး
ခြင်းခပ်မယ် ဆိုတာချည်းပဲ ... မဟုတ်ရင် သူ့ဝိုင်း
ကြည့်နေတဲ့သူတွေကို ပတ်ပြီးရန်တွေ့တယ် ...
ဘယ်သူမှမရှိရင် ကျုပ်ဘက်ရောက်လာပြီး ခါးတောင်းကျိုက်ပြီး ခြင်းခတ်ဖို့ပြောတယ် ....
နောက်ဆုံး သူ့အိမ်ရှေ့ရောက်မှ ငြိမ်သွားတယ် ...
ဒါတောင် အရှိန်က မသေသေးဘူး ...
ဘောလုံးဖြစ်ဖြစ်ကန်ရအောင်လုပ်တုန်း ...
ကျုပ်မှာမနဲတောင်းပန်ပြီး အိမ်ပြန်ခိုင်းရတယ် ...
ညကျတော့ဖုန်းဆက်တယ် ...
" ဟျောင့် နက်ဖြန်အားလား "
" ဘာလုပ်မို့တုန်း "
" မနေ့ကဆိုင်ထပ်သွားပြီး ကစ်ရအောင်လေ "
" ဂွပ် " ကနဲဖုန်းချပြီး ဘက်ထရီပါ
ဖြုတ်ထားလိုက်တယ် ကြောက်လွန်းလို့ ...
နောက်နေ့လည်း အပြင်မထွက်ဘူး ဒင်းနဲ့တိုးမှာ
စိုးလို့ ... အဆက်အသွယ်ပါဖြတ်လိုက်တယ် ...
နောက် ၂ လလောက်နေတော့ ပြန်တွေ့ပါတယ် ...
အမယ် ဘေးနားမှာ ကောင်မလေးတစ်ယောက်
လက်ကိုင်လို့ ရင်ကော့ပြီးထွက်သွားတာ ...
ကျုပ်မှာတော့ ဘယ်လိုအသဲကွဲလို့ ကွဲရမှန်းတောင်
မသိဘူး ... ဟုတ်တယ်
ငါ့စော် စော်ရသွားလို့ဆိုလည်း
လူကြားမကောင်းဘူးရယ် ...
တောက်ဘ၀ အသဲတောင်ကွဲခွင့်မရှိဘူး ...
~OMG~
credit မူရင်းပိုင်ရှင်
