မြန်​မာ့စပါးကြီး​မြွေ ​အောင်​လအန်​ဆန်း

in #myanmar7 years ago

FB_IMG_1509885007846.jpg
November 3ရက်​​နေ့ ည​ပိုင်းတွင်​ သုဝဏ္ဏအားကစားရုံမှာ ကမ္ဘာ့ကိုယ်​ခံပညာ သိုင်း​ပေါင်းစုံပြိုင်​ပွဲကြီးကို One Championship အဖွဲ့အစည်းမှ ကြီးမှုးကျင်းပခဲ့ပါတယ်​။ ထိုပြိုင်​ပွဲကြီးကို Hero's Dream အမည်​​ပေးထားပါတယ်​။ ထိုပြိုင်​ပွဲတွင် နိုင်​ငံတကာမှ ပြိုင်​ပွဲဝင်​များနှင့်​ မြန်​မာနိုင်​ငံသားများအပါအဝင်​ တွဲဆိုင်း ၁၀ဆိုင်းဖြင့်​​ယှဉ်​ပြိုင် ထိုးသတ် ​​ခဲ့ကြပါတယ်​။
FB_IMG_1509885222192.jpg
ယင်းပြိုင်​ပွဲတွင်​ အထူးစိန်​​ခေါ်ပွဲအဖြစ်​ ``မြန်​မာနိုင်​ငံဖွား အ​မေရိကန်​နိုင်​ငံသား မြန်​မာနိုင်​ငံကိုယ်​စားပြု ​အောင်​လအန်​ဆန်းနှင့်​ ကင်​မရွန်းနိုင်​ငံသား ​မွေ့ထိုင်းဟဲ​ဗီးဝိတ်​ချန်​ပီယံ ​လေးကြိမ်​ရ ​ဟောင်​​ကောင်​ကိုယ်​စားပြု အလိန်း​အန်​ဂါလာနီ´´ တို့ ယှဉ်​ပြိုင်​ထိုးသတ်​ခဲ့ရာ ​မြန်​မာ့စပါးကြီး​မြွေ (Burmese Python)​ခေါ် မြန်​မာနိုင်​ငံ ကိုယ်​စားပြု ​အောင်​လအန်​ဆန်းမှ ပထမအချီ ​လေးမိနစ်​​ကျော်​တွင်ပင်​​​ အနိုင်​ရယူခဲ့ပြီး မြန်​မာ့ဂုဏ်​ကို​ဆောင်​နို​င်​ခဲ့ပါတယ်​။

အောင်​လသည်​ အ​မေရိကန်​နိုင်​ငံ​ ကိုယ်​ခံပညာ တိုက်​ခိုက်​​ရေး​လောက ​ကြေးစားပွဲစဉ်​များတွင်​ ​မြန်​မာ့စပါးကြီး​မြွေ (Burmese Python) အမည်​ဖြင့်​ ယှဉ်​ပြိုင်​ထိုးသတ်​ခဲ့သူပါ။ ​အောင်​လသည်​ MMA ပြိုင်​ပွဲတ​လျောက်​ ၃၁ပွဲ ယှဉ်​ပြိုင်​ထိုးသတ်​ခဲ့ပြီး ၂၁ပွဲနိုင်​၊ ၁၀ပွဲရှုံး ဆိုတဲ့ မှတ်​တမ်း​ကောင်းကို ပိုင်​ဆိုင်​ထားခဲ့ပြီဖြစ်​သည်​။

အောင်​လသည် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့က​​​​​​ ကချင်​တိုင်းရင်းသားတစ်​ဦးဖြစ်​ပါတယ်။ ​အရပ်​အမြင့်​ 6​ပေ 1လက်​မ နှင့်​ ကိုယ်​အ​လေးချိန်​ ​ပေါင်​ 190ခန့်​ ရှိပြီး "Jinghpaw" ဟု တက်​တူး​ရေးထိုးထားပါတယ်​။

အောင်​လသည်​ ရတနာလုပ်​ငန်းရှင်​ ဦးအင်​ဆန်​တူးအောင်​နှင့်​ ​ဒေါ်ရှဒန်​နန်​ဘူ တို့်​၏ သားသမီး ငါးဦးအနက်​​ စတုထ္တ​မြောက်​သားလှ ရတနာတစ်​ဦးဖြစ်​သည်​။ ရန်​ကုန်​ International School တွင်​ အတန်းပညာ ကို သင်​ယူခဲ့ပြီး 2002ခုနှစ်​တွင်​ အ​မေရိကား​သို့ ​ပြောင်း​ရွေ့ အ​ခြေချ​ နေထိုင်​ခဲ့ပါတယ်​။ အ​မေရိကန်​နိုင်​ငံ မစ်​ရှီဂန်ြ​ပည်​နယ်​ရှိ အင်​ဒရူးတက္ကသိုလ်​မှ စို​က်​ပျိုး​ရေးဘွဲ့ကိုလည်း ရရှိထားပါတယ်​။ ​သူသည်​ တက္ကသိုလ်​တက်​​နေစဉ်​မှာပင်​ အ​ပျော်​တမ်းပွဲများတွင်​ ဝင်​​ရောက်​ ထိုးသတ်​ခဲ့ပြီး ​ကြေးစားလက်​​ဝေ့​လောကထဲသို့ ဝင်​​ရောက်​လာခဲ့သူပါ။

အောင်​လဟာ 2005ခုနှစ်​ ပထမဆုံး ပွဲဦးထွက်​တွင်​ ရှုံးနို​မ့်​ခဲ့ပြီး 2006ခုနှစ်​တွင်​​တော့ သုံးကြိမ်​ဆက်​ နိုင်​ပွဲရခဲ့​ပေသည်​။ 2009ခုနှစ်​တွင်​ ခရစ္စပရိုက်ကိုလည်း ယခု​​ အလိန်​အန်​ဂါလာနီကို အနိုင်​ရယူသွားတဲ့ပုံစံ (Guillotine Choke ​ခေါ် ဦး​ခေါင်းကို ဂျိုင်း​အောက်မှာ ညှပ်​ပြီး အသက်​ရှုမရ​အောင်​ညစ်​ပြီး ချုပ်​တဲ့တိုက်​ကွက်​)အတိုင်း ချုပ်​ပြီး ပထမအချီမှာပင်​ အနိုင်​ရရှိပြီး နာမည်​ရလာခဲ့​ပေသည်​။

ဇွန်​လ30ရက်​​နေ့ ရန်​ကုန်​မြို့တွင်​ ကျင်းပခဲ့တဲ့ MMA (One Championship) မယ်​ဒယ်​ဝိတ်​တန်း ချန်​ပီယံလုပွဲတွင်လည်း​​ ဘစ်​ဒက်​ရှ်​ကို လက်​ရည်​အသာဖြင့်​ ထိုးသတ်​ခဲ့ပြီး ​အောင်​လဟာ ကမ္ဘာ့ချန်​ပီယံဆုကို ဆွတ်​ခူး​နိုင်​​ခဲ့ပါတယ်​။ ​အောင်​လအန်​ဆန်းဟာဆိုရင် MMA (One Championship) မယ်​ဒယ်​ဝိတ်​တန်းတွင်​ ကမ္ဘာ့ချန်​ပီယံဆုကို ​ပထမဦးဆုံး ရယူ​ပေးခဲ့​သော မြန်​မာတစ်​ဦးဖြစ်​​ပေသည်​။

အောင်​လအန်​ဆန်းက လာမယ့်​ 2018 ​ဖေ​ဖေါ်ဝါရီလတွင်​ ချန်​ပီယံကာကွယ်​ပွဲအတွက်​ ယှဉ်​ပြိုင်​ ထိုးသတ်​သွားမည်​ ဖြစ်​​ကြောင်း ​ပြောကြားသွားခဲ့ပါတယ်​။
FB_IMG_1509885144851.jpg
ကျွန်​​တော်​တို့ မြန်​မာနိုင်​ငံမှာ ကမ္ဘာနှင့်​ယှဉ်​ပြီး ထူးထူးချွန်​ချွန်​ စွမ်း​ဆောင်​နိုင်​သည့်​ အားကစားသမား​တွေ အ​တော်​ကိုရှားလှပါတယ်​။ ဟိုးယခင်​နှစ်ေ​လးငါးဆယ်​​လောက်​တုန်းက မြန်​မာ့အားကစားဟာ အ​တော်​ကို တိုးတက်​ခဲ့ပြီး လက်ရှိ​​အချိန်​မှာ​တော့ မြန်​မာ့နိုင်​ငံ အားကစား​လောကဟာ အ​တော်​​လေးကို ကျဆင်းသွားခဲ့ပါတယ်​။ ယခုလို ကျဆင်း​နေတယ့်​ မြန်​မာ့ အားကစားဂုဏ်​ကို ​ဖော်​​ဆောင်​​ပေးနိုင်​မယ့်​ ကို​အောင်​လလို ကစားသမား​တွေ အများကြီး လိုအပ်​ပါတယ်​။ ဒါမှလည်း ကမ္ဘာမှာ မြန်​မာ​ဟေ့ဆိုပြီး ရဲရဲဝံ့ဝံ့ ဟစ်​​ကြွေး နိုင်​မှာပဲဖြစ်​တယ်​။

ယခုလို ကမ္ဘာနဲ့ ယှဉ်​ပြီး မြန်​မာ့နိုင်​ငံ့ဂုဏ်​ကို ​ဖော်​​ဆောင်​​ပေးခဲ့​ပါ​သော MMA (One Championship) မယ်​ဒယ်​ဝိတ်တန်း ချန်​ပီယံ ကို​အောင်​လအန်​ဆန်းကို ဂုဏ်​ပြု​သောအားဖြင့်​ ဤ​ဆောင်းပါးငယ်​​ကို ​လေ့လာထားသ​လောက်​ပြန်​လည်​ ​ရေးသား​ဖော်​ပြလိုက်​ရခြင်း ဖြစ်​ပါသည်​။
FB_IMG_1509885230003.jpg

Photo by Google Image
ရေးသားသူ Jhon
MSC NO, 046

Sort:  

အောင်လကမိုက်တယ်

ကျနော်ကတော့ လိုင်းယဉ်းအားဖြည့်အချိုရည်ကိုယုံ ကြည်ဒယ်။
hee.. :P

မြန်မာ မှာပဲ ကျောက်တက်ခဲ့သေးတာကိုး

ဟုတ်​ပါတယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62978.31
ETH 2546.24
USDT 1.00
SBD 2.76