Warren Buffet အဆိုအမိန့်​ အချို့ (part 1)

in #myanmar8 years ago

download (1).jpg
ပိုက်ဆံရှာရာတဲ့​နေရာမှာ Online Money ပဲလုပ်​လုပ်​၊ မည်​သည့်​ စီးပွား​ရေးပဲလုပ်​လုပ်​ ဘယ်တော့မှ ဝင်ငွေတစ်ခုတည်း ပေါ်မှာမရပ်တည်ပါနဲ့။

   ဝင်​​ငွေတစ်​ခုတည်းကိုသာ ​ခြေစုံပစ်​ရပ်​တည်​​နေရင်​ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ အဲ့ဒီ​ဝင်​​ငွေ ရပ်​တန့်​သွားတဲ့​နေ့ ​ခြေမကိုင်​မိလက်​မကိုင်​မိဖြစ်​သွားတတ်​ပါတယ်​။အဲ့ဒီ့အခါကျမှ ဘယ်​သူ့အ​ဖေ​ခေါ်မှန်းမသိဖြစ်​မယ်​​။ စိတ်​​သောကလည်းအေ​​တာ်ေ​ရာက်​ရတယ်​။(ကြုံဖူးသူသာသိပါလိမ့်​မယ်​)

ဒုတိယဝင်ငွေ ရနိုင်မယ့် နည်းလမ်းတစ်​ခုခု အမြဲရှာထားပါ

 ငွေရင်းနှီးတာနဲ့ပက်​သက်​လို့ Warren Buffet ​ပြောခဲ့တဲ့ စကား​လေးတစ်​ခွန်း​တင်​​ပြချင်​ပါတယ်​။အဲ့ဒါက​တော့
ကြက်​ဥ​တွေအကုန်​လုံးကို ခြင်းတစ်​ခြင်းထဲမှာ စုပြုံမထည့်​ပါနဲ့ တဲ့
ကြက်​ဥဆိုတဲ့က​တော့ ကျွန်​​တော်​တို့်​ပိုက်​ဆံ​တွေ​ပေါ့ဗျာ ခြင်းဆိုတာက​တော့ ကျွန်​​တော်​တို့ ရင်းနှီးမယ့်​ စီးပွား​ရေးလုပ်​ငန်းတစ်​ခုခု​ပေါ့။
ရင်းနှီးတဲ့​နေရာမှာ ရှိသမျှပိုက်​ဆံ​တွေအကုန်​လုံးကို စီးပွား​ရေးလုပ်​ငန်းတစ်​ခုထဲမှာ စုပြုံပြီိး မရင်းနှီးသင့်​ပါဘူး။

 စီးပွား​ရေးလုပ်​ငန်းတိုင်းဟာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အားလုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့

အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်။
ဘယ်​လုပ်​ငန်းမှ အာမခံချက်​အပြည့်​အဝမ​ပေးနိုင်​ပါ။

    online money​လောက မှာဆိုပို​တောင်​ဆိုး​ပါသေးတယ်။ ဘယ်​​လောက်​ရင်းရင်​ ဘယ်​​လောက်ပြန်​ရမယ်​ ဘာညာဆိုပြီး......အစပိုင်း​တော့ရပါတယ်​ ​ရ​နေ​တော့ ​လောဘတက်​ပြီး အရင်းများများလည်းထည့်​လိုက်​​ကော ပလုံ ပါ​လေ​ရော....။

(MMM Globalတုန်းကလူ​တွေသာသိပါလိမ့်​မျယ်​)
images (2).jpg
ရင်းနှီးမြှုတ်​နှံတဲ့​နေရာမှာ လုပ်​ငန်းအ​​တွေ့အကြုံရှိသူ​တွေ နားလည်​တတ်​ကျွမ်းသူ​တွေဆီက အကြံဥာဏ်​ရယူပြီး ရင်းနှီးတဲ့အခါ အ​ကြောင်းမဲ့ အချည်းအနှီး ပျက်စီးဆုံးရှုံးရတာမျိုး မဖြစ်​နိုင်​ဘူး၊ ဆုံးရှုံးမှာကို​တွေးပူ​နေစရာမလိုပဲ အကျိုးအမြတ်​မြန်​မြန်​ရပြီး တိုးတက်​လာတာ​တွေကိုကြည့်​ပြီး ဝမ်းသာပီတိဖြစ်​ရပါလိမ့်​မယ်​။
download.jpg
Warren Buffet ၏ မိန့်​ခွန်း​များကို ကိုးကား​ရေးသာသည်​။
ရေးသားသူ👤 jhon (9.3.2017)
Photo by Google Image

Sort:  

waiting for more from you jhonnight! keep motivating!

Coin Marketplace

STEEM 0.12
TRX 0.34
JST 0.033
BTC 118568.65
ETH 4344.41
SBD 0.79