Video To Mp3
အမြဲတမ်း သုတရတဆောင်းပါးတွေနှင့် ကျန်းမာရေးအကြောင်းတွေ ရေးရတာ ငြီးငွေ့လာလို့ ဒီတစ်ခါ နည်းပညာ အကြောင်းလေး အနည်းငယ် တင်ပြပါရစေ ။
ဒီတခါရေးသားတင်ပြလိုတဲ့ အကြောင်းအရာကတော့ Android စမတ်ဖုန်းတစ်လုံးထဲမှာရှိတဲ့ ဗွီဒီယို (Video) တွေကို အသံဖိုင် (MP 3) ဖြစ်သွားအောင် ပြောင်းနည်းလေးပါ ။
ဒီနည်းလေးကို ဖုန်းအသုံးပြုသူတိုင်း သိထားဖို့ လိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ အချို့သော English MTV သီချင်းတွေအပြင် Myanmar သီချင်း video တွေဟာ နားဆင်လို့ကောင်းပေမယ့် သီချင်းနဲ့အတူ ပါဝင်တဲ့ ပုံရိပ်တွေ ၊ အကအလှတွေနှင့် ဝတ်စားဆင်ယဉ်မှုတွေဟာ လေးသူငယ်တွေအတွက် အမြင်မတော်စရာ (18+)တွေ ပါဝင်တတ်ပါတယ် ။ ကလေးတွေလည်း ပေးနားထောင်ချင်တယ် အမြင်မတော်တာတွေလည်း မမြင်စေချင်ဘူးဆိုရင် video ကနေ အသုံဖိုင်အဖြစ်ပြောင်းပေးလိုက်ပေါ့ ။
ဒါအပြင် တရားပွဲ videoတွေ ၊ စာပေဟောပြောပွဲ videoတွေဟာ အနည်းဆုံး တစ်နာရီခွဲ နှစ်နာရီလောက်ကြာတတ်ပါတယ် ။ အဲ့လောက်အကြာကြီး ဖုန်းမျက်နှာပြင်ကို ဖွင့်ထားမယ်ဆိုရင် ဖုန်းအားမြန်မြန်ကုန်စေပါတယ် ။ ဖုန်းအားလည်း ကြာကြာခံချင်တယ် တရားတွေလည်း နာချင်တယ်ဆိုရင် video ကနေ အသံဖိုင်ပြောင်းပြီး နားထောင်နိုင်ပါတယ်ဗျာ..... ။
ဗီဒီယိုကနေ အသံဖိုင်ပြောင်းမယ်ဆို တတော်များများ သိကြတာက video to mp3 ပြောင်းလို့ရတယ့် " ဆော့ဖ်ဝဲ " တစ်ခုခုထည့်သွင်းပြီး ပြောင်းမယ်ဆိုရင် အလွယ်လေးရနိုင်လို့ သိကြပါတယ် ။ ဟုတ်ပါတယ် ။ အဲ့ဒီနည်းနဲ့လည်း လုပ်လို့အဆင်ပြေပါတယ် ။ ဒါပေမယ့် အခုကျွန်တော်ပြောပြမယ် နည်းကတော့ မည်သည့် " ဆော့ဖ်ဝဲ " ထည့်သွင်းစရာမလိုပါဘူး ။ ဖုန်းတစ်လုံးရှိယုံနှင့် လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်မယ့် နည်းလေးပါ ။ အရမ်းကို လွယ်ကူပါတယ်ဗျာ ။ အောက်မှာ ဘယ်လိုလုပ်ရမလဲ ဆိုတာ ပုံနှင့်တကွဖော်ပြထားပါတယ်နော် ။
အရင်ဆုံး ကိုယ်ဘယ်videoကို MP3 ပြောင်းချင်လဲဆိုတာ မှတ်သားထားပါ ။
ပြီးလျှင် File Manager ကိုသွားပါ ( mi phoneတွေမှာတော့ Explorer အမည်နှင့်ရှိပါမယ် )
ပြီးလျှင် ကိုယ်ပြောင်းချင်တဲ့ video ကိုရှာပါ ။ Online ပေါ်ကနေ Download လုပ်ထားတယ်ဆိုရင် Download ဆိုတဲ့ file ထဲမှာရှာပါ ။ တစ်ယောက်ယောက်ဆီက Zapyaနှင့် ကူးယူထားလျှင် Zapya ဆိုတဲ့ fileထဲမှာ Video ဆိုပြီိး ဖိုင်တစ်ခုတွေ့ပါလိမ့်မယ် ။ အဲ့ဒီမှာရှာကြည့်ပါ ။
ကိုယ်ပြောင်းချင်တဲ့ video တွေပြီဆိုရင် လက်နှင့် နှစ်စက္ကန့်မျှ ဖိထားပေးပါ ။
အဲ့ဒါဆိုရင် ပုံမှာမြင်ရတယ့် အတိုင်း Send, Cut, Delete, More ဆိုပြီးပေါ်လာပါလိမ့်မည် ။ More ကိုနိုပ်ပါ ။
ပုံထဲကအတိုင်း ပေါ်လာလျှင် Rename ကိုနိုပ်ပေးပါ ။
ယခုလို keyboard လေးပေါ်လာပါလိမ့်မယ် ။
အဖြူဝိုင်းလေးထဲက .mp4ဆိုတဲ့နေရာမှာ 'mp4'ကိုဖျက်ပြီး 'mp3'ဟု ပြောင်းရေးပါ။
ပြီးလျှင် OK ကိုနိုပ်ပါ ။
အဲ့ဒါဆိုလျှင် ယခုလို mp3 ပုံစံ အသံဖိုင်လေး အဖြစ်ပြောင်းသွားပြီနော်.....။
နားကျပ်လေးတပ်ပြီး အေးအေးဆေးဆေး နားဆင်နိုင်ပါပြီ.....။
အကယ်၍ Video To Mp3 ပြောင်းလဲရာတွင် အခက်အခဲ တစ်စုံတစ်ရာ တွေ့ရှိပါက ကျွန်တော့ Facebook Chat Box သို့ လာလောက်မေးမြန်းနိုင်ပါသည် ။
တတ်နိုင်သမျှ ဖြေကြားပေးပါမယ် ။ အားလုံးအဆင်ပြေကြပါစေ......။
MSC-046
Writer By Jhon
Photo By Google Image
ဟာ နိ စခွင်ရှော့တေကို gogle ကနေယူရသတဲ့လား
အပေါ်က နှစ်ပုံပါတယ်လေဂျာ
ဘာပဲပြောပြောကောင်းပါတယ်
ကောင်းနေရမျယ်
ပြောင်းချင်သူတေပြောင်းကြစေ
ဗဟုသုတရပါတယ်ဗျ။ မသိသေးသူတွေအတွက် သိပီးသူများလဲ သုံးသပ်လို့ရတာပေါ့လေ
ဗဟုသုတရပါတယ်။ဆော့ဝဲအလုပ်မရှုပ်တော့ဘူးပေါ့