The Smile

in #myanmar6 years ago (edited)

The Smile
image
နံနက်​ မိုးလင်း မျက်​စိနှစ်​လုံးဖွင့်​တာနဲ့ ​တွေ့သမျှသူတိုင်းကို ပြုံးပြ
မိဘ​တွေကိုလည်း ပြုံးပြ
ဆရာသမား​တွေကိုလည်း ပြုံးပြ
ဈေး​ရောင်းတဲ့သူကိုလည်း ပြုံးပြ
ဖြူသူကိုလည်း ပြုံးပြ
မဲသူကိုလည်းပြုံးပြ
သူ​ဌေးကိုလည်း ပြုံးပြသလို
သူ​တောင်းစားကိုလည်း ပြုံးပြ
လူကြီး​တွေကို ပြုံးပြပြီး
ခ​လေး​တွေကိုလည်း ပြုံးပြ
ချစ်​တဲ့သူကိုလည်း ပြုံးပြရင်
မုန်းတဲ့သူကိုလည်း ပြုံးပြ​ပါ
အို.....ကုန်​ကုန်​​ပြောမယ်​ မြင်​မြင်​သူမျှလူတိုင်းကိုပြုံးပြ.......။

လူတိုင်းကို ပြုံးပြလိုက်​လို့.....
အပြုံး​တွေဟာ ကုန်​ခမ်းမသွားဘဲ
တိုးပွားလာ​ပေမည်
အပြုံး​တွေဟာ ​လျော့နည်းမသွားဘဲ
ပြည့်​လျှံလာ​ပေမည်
အပြုံး​တွေဟာ ညှိုးနွမ်းမသွားဘဲ
လန်းဆန်းလာ​​မည်

အပြုံး​တွေနှင့်​ စီးကြိုခဲ့ရင်
အပြုံး​တွေနှင့်​ နှုတ်​ဆက်​ပါ.....
အပြုံး​တွေနှင့်​ ​တွေ့ဆုံခဲ့ရင်
အပြုံး​တွေနှင့်​ ခွဲခွာပါ.....
အပြုံး​တွေနှင့်​ စတင်​ခဲ့ရင်
အပြုံး​တွေနှင့်​သာ အဆုံးသတ်​လိုက်​ပါ......

ကိုယ်​က သူ့ကိုပြုံးပြတယ်
သူက ကိုယ့်ကို ပြုံးပြတယ်​......။
အဘယ်​မှာ အမုန်းတရား​တွေ ​ဒေါသမီး​တွေ တိုးလာအံ့​နည်း...။
အဘယ်​မှာ ရန်​ပွဲ​တွေ စစ်​ပွဲ​တွေ ဖြစ်​ပေါ်​လာအံ့နည်း.....။
ချစ်​ခင်​မှု​တွေ ​အေးချမ်းမှု​တွေ တိုးလာဖို့သာရှိ​ပေသည်​.....။

အပြုံးလှလှ​တွေ ပြုံးပြဖို့
ချော​မောလှပတဲ့ မျက်​နှာ​တွေမလိုဘူး
ညီညာတဲ့ သွား​တွေမလိုဘူး
ဆေးဆိုးထားတဲ့ နှုတ်​ခမ်း​တွေမလိုဘူး

တစ်​ခု​တော့ရှိတယ်
ထိုအပြုံး
အဲ့ဒီအပြုံးဟာ
ဘာ​မျှော်​လင့်​ချက်​မှ မပါဝင်​တဲ့
ဖြူစင်​တဲ့
ဟန်​​ဆောင်​ခြင်းကင်းတဲ့
အပြုံးဖြစ်​ဖို့​တော့ လိုပါတယ်​။
image
Writer By Jhon
MSC-046
Photo By Google Image

Sort:  

အြုံးတိုင်းလှပါစေ

အရေးအသားမိုက်တယ် bro

အမြဲတမ်းပြုံးနိုင်ပါစေ

ဟုတ်​ကဲ့

အမြဲကြိုးစား​နေပါတယ်

ဟန်​ဆောင်​ကင်းတဲ့အပြုံးကအလှဆုံးပါ

ပြုံးတာ​ကောင်းပါတယ်​။

အ​သေအချာ​ပေါ့

အပြုံးနဲ့လူဟာ အေးချမ်းပါတယ်ဗျာ

အမှန်​​ပေါ့

You got a 8.43% upvote from @nado.bot courtesy of @jhonnight!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62900.77
ETH 2949.76
USDT 1.00
SBD 3.59