Reading

in #myanmar7 years ago

download.jpg
စာဖတ်​ရာမှာ ဗဟုသုတ တိုးပွားရန်​နှင့်​ အ​တွေးအ​ခေါ် ရင့်​သန်​ရန်​ဆိုတဲ့ ရည်​ရွယ်​နှစ်​မျိုးရှိပါတယ်​။ ပညာဗဟုသုတ မရှိဘူးဆိုလျှင်​ မိမိ သက်​ဆိုင်​ရာနယ်​ပယ်​ အသီးသီးမှာ အခြားသူ​တွေရဲ့ ​​ခေါင်း​ဆောင်​မှု​အောက်​မှာသာ ​​အမြဲ​ သူများ​နောက်​လိုက်​ အဖြစ်​ရှိ​နေမှာ​ပါ။ စိတ်​ကူးဥာဏ်​ အ​တွေးအ​ခေါ်မရှိရင်​လည်း ​လူ့​လောကမှာ တိုး​အောင်​မြင်​ဖို့ ခဲယဉ်း​ပေလိမ့်​မည်​။ ဒါ​ကြောင့်​ လိမ္မာ​ရေးကြားရှိဖို့၊ ဗဟုသုတ ကြွယ်​ဝ​စေဖို့ စာဖတ်​ခြင်းဟာ အလွန်​အ​ရေးပါ ပါတယ်​။

''လူကို စိတ်က ချုပ်၏
စိတ်ကို ဉာဏ်ပညာက ချုပ်၏။
ဉာဏ်ပညာ ကို ဗဟုသုတက ချုပ်၏။သို့ဖြစ်၍ ဗဟုသုတ ဖြစ်အောင်
စာအုပ်စာတမ်း အမျိုးမျိုးကို ဖတ်ကြကုန် ''ဟု ဆရာကြီး ပီမိုးနင်း က ဆိုခဲ့ဖူးပါသည်​။

အ​တွေး​တွေက ဘဝကို​ ပြောင်းလဲ​စေနိုင်​တယ်​ဆိုရင်​ စာဖတ်​ခြင်းဟာ အ​တွေး​တွေကို ​ပြောင်းလဲ​စေနိုင်​တာ​ မစမ်းပါဘူး။ စာများများဖတ်ခြင်းက​​​ အ​တွေးအ​ခေါ်အ​မြော်​အမြင်​​တွေ ပိုမို တိုးတက်​​ကောင်းမွန်​လာ​အောင်​ များစွာအ​ထာက်​အကူ ပြုနိုင်​ပါတယ်​။
အ​တွေးအ​ခေါ်​တွေ တိုးတက်​​ကောင်းမွန်လာ​​လျှင်​ မိမိ၏စိတ်​ကို မိမိ ထိမ်းချုပ်​၍ ဆုံးမပဲ့ပြင်​လာနိုင်​မည်​၊ အမှားအမှန်​ကို ​ဝေဖန်​ပိုင်းခြားလာနိုင်​မည်​၊ ​နေ့စဉ်​ကြုံ​တွေ့ရတတ်​တယ့်​ ပြသနာ အခက်​အခဲ​တွေကို အလွယ်​တကူ ​ဖြေရှင်းလာနိုင်​ပါလိမ့်​မည်​။ အ​တွေး​ခေါ်​တွေ ရင့်​သန်​လာသည်​ နှင့်​အမျှ‌ မိမိရဲ့ အ​ပြောအဆို အပြုအမှု အလုပ်​အကိုင်​အားလုံးတို့သည်​ လူ့​လောကနှင့်​ ဝင်​ဆံ့လာမည်​သာဖြစ်​ပေ​သည်​။

ဤသည်​တို့်ကား စာဖတ်​ခြင်းမှ ရရှိ​သော အကျိုး​ကျေးဇူးများပင်​ ဖြစ်​သည်​။ စာဖတ်​ခြင်းရဲ့ အကျိုး​ကျေးဇူး​တွေကို တင်​ပြရလျှင်​ ကုန်​နိုင်​မည်​ မထင်​ပါ။ တကယ့်​စာဖတ်​သူများသာ ထို အကျိုး​ကျေးဇူးများကို သိရှိခံစားနိုင်​ပါလိမ့်​မည်​။စာဖတ်​ခြင်း၏ အကျိုး​ကျေးဇူးများကို ​​​​ဟိုး​ယခင်​​ခေတ်​အဆက်​ဆက်​ကတည်းက လူတို့သိရှိခဲ့ကြပါတယ်​။ ​​ခေတ်​မှီပုံနိုပ်​စက်​များ မ​ပေါ်ခင်​ အချိန်​တုန်းက လူတို့သည်​ တစ်​​ဆင့်စကား တစ်​ဆင့်​နားဖြင့်​ ​ကြားသမျှ​သော ဗဟုသုတ များကို ​ရွှေပြား၊ ​ကျောက်​ပြားများ​ပေါ်တွင်​ ထွင်းထု​ရေးသားခဲ့ကြသည်​။ ထို​နောက်​တွင်​​တော့ ​ပေရွက်​၊ ကျူ ရွက်​၊ ပုရပိုက်​များ​ပေါ်တွင်​ ​ရေးသားခဲကြပါတယ်​။ ယခုအချိန်​တွင်​ မျက်​မမြင်​များ ဖတ်​ရှုနို​င်​ရန်​အတွက်​ အဖိအဖိန့်​များကို လက်​ဖြင့်​ စမ်း၍ဖတ်​ရ​သော ဗ​ရေးလ စာ​ပေများလည်း ရှိလာပါပြီ။
library_pataskala_026.jpg
ထို့အပြင်​ စာကြည့်​တိုက်​များလည်း ထွန်းကားလာပါသည်​။

မြန်​မာနိုင်​ငံရဲ့ ပထမဦးဆုံး ပြည်​သူ့စာကြည့်​တိုက်​ကို အင်္ဂလန်​နိုင်​ငံသား ဆာချားဘားနာဒ်​က တည်​​ထောင်​ခဲ့ပါသည်​။ တည်​​ထောင်သည့်​ ပုဂ္ဂိုလ်​ကို အဆွဲပြု ပြီး စာကြည့်​တိုက်​အမည်​ကို ဗားနာဒ်​ပိဋကတ်​ ဟုမည့်​​ခေါ်ခဲ့ပြီး ​ပေမူ၊​ပေပုရပိုက်​များကို အခဲ့မဲ့ ဖတ်​ရှူ နိုင်​ရန်​ ထားရှိခဲ့ပါသည်​။
ကမ္ဘာ့နိုင်​ငံကြီးများတွင်​လည်း အ​ကျော်​ကြားဆုံး စာကြည့်​တိုက်​များ ​ပေါ်ထွက်​ခဲ့ပါသည်​။ လန်​ဒန်​မြို့ရှိ ဗြိတိသျှပြတိုက်​ကြီးဟာ အလွန်​ထင်​ရှား​ကျော်​ကြားလှပါတယ်​။ ထိုစာကြည့်​တိုက်​ကြီးတွင်​ စာအုပ်​အမျိုးအစား​ပေါင်း ​၄သိန်း​ကျော်​ခန့်​နှင့်​ လက်​​ရေးစာမူ​ပေါင်း ​၅သောင်း​ကျော်​ရှိပြီး လည်း​ကောင်း စာအုပ်​စင်​များကို ဆက်​လိုက်​လျှင်​ မိုင်​​ပေါင်း ၅၀​ကျော်​ ​ရှည်​လျားသည်​ဟု စာဖတ်​များတွင်​ ဖတ်​ဖူးပါသည်​။

စာတစ်​​ယောက်​ စာဖတ်​တတ်​တိုင်း စာတတ်​သည်​ဟု သာမန်​အားဖြင့်​ ​ပြောနိုင်​​သော်​လည်း စာအုပ်​စာ​ပေများမှ မိမိဘဝအတွက်​ အကျိုးဖြစ်​​ထွန်း​အောင်​ အသုံးမချနိုင်​ပါက စာတတ်​သည်​ဟု မဆိုနိုင်​ပါဘူး။ တချို့​တွေ ဖတ်​သာဖတ်​​နေတာ စာအုပ်​က​ပေးချင်​တဲ့ message ကိုလည်းမသိ၊ ဘာကိုဆိုလိုတာလဲ မသိ ဖတ်​ပြီးတာနှင့်​ ​မေ့ပစ်​လိုက်​ကြတယ်​။ကိုယ် ဖတ်​ရှူ ​​​လိုက်​တယ့်​ စာသား​တွေဟာ ယုတ္တိ​ရောရှိရဲ့လား၊ လုပ်​ကြံပြီး​ရေးထားတာလား၊ ဘယ်​သူ​ရေးတာလဲ၊ မည်​သည့်​အ​ကြောင်းအရာကို ကိုးကားပြီး​ရေးတာလဲဆိုတာ ပြန်လည်​​စဉ်းစားသင့်​ပါတယ်​။ ဒါမှလည်း စာအုပ်​က​ပေးတဲ့ အကျိုး​လဒ်​​တွေကို ရရှိခံစား ရမှာ​ပေါ့။

ဖရန့်​စစ်​​ဘေကွန်​ ဆိုတဲ့ အင်္ဂလိပ် စာရေးဆရာကြီးက
စာဖတ်​ခြင်းဟာ လူတန်း​စေ့​ ​စေတယ်
ဆွေး​နွေးခြင်းဟာ တင်္ခနုပ္ပတ္တိဉာဏ်​ထက်​ သန်​​​​စေတယ်
စာ​ရေးခြင်းဟာ ထူးချွန်​​ထက်​မြက်​ စေတယ်​လို့ ဆိုခဲ့ပါတယ်​။
images.jpg
ဒါ​ကြောင့်​ လူတိုင်း လူတိုင်း
စာဖတ်​ခြင်း ​ဆွေး​နွေးခြင်း စာ​ရေး​လေ့ကျင့်​ခြင်း တို့ကို ​နေ့စဉ်​ ပြုလုပ်​သင့်​ပါတယ်​။ မြန်​မာစာကို ​​ကောင်းမွန်​စွာ ရေးတတ်​ဖို့အတွက်​ မြန်​မာစကား လုံး​တွေ ကြွယ်​ဝဖို့နဲ့ ကြိုးစားမှတ်​သားဖို့လည်း လို​ပါတယ်။ ​​ဝေါဟာရ စကားလုံး​တွေ ကြွယ်​ဝဖို့ဆိုရင်​ စ​လေဆရာကြီး ဦးပုညရဲ့ စာ​တွေကို ရှာ​ဖွေ ဖတ်​ရှူ ကြပါလို့ အကြံပြု​ရေးသား တင်​ပြလိုက်​ရပါတယ်​။
images.png
ရေးသားသူ 👤Jhon Jhon (10.8.2017)

Sort:  

Congratulations @jhonnight , we r much excited to know about it, wonderful job you have done.

အေးပါကွာ

စာဖတ်သည့်ခေတ်မှစာရေးသည်ခေတ်သို့
ရောက်နေပြီကိုးဗျ

ရေးသာ​ရေးရတာ ဖတ်​မည့်​သူမရှိဘူးဗျာ

ဆရာ ကSteem နဲ့ကျမှ ဖတ်ချိန်မရလို့ပါ၊ အခုအကြွေးတွေလိုက်ဆပ်နေပါပြီ၊ ဆရာ့post တွေလည်းဒီလိုပါပဲ၊ ရေးသားရေး၊ ရေးဖို့က ကိုယ့်တာဝန်ပါ။

ဂျပန်လူမျိုးလူငယ်တိုင်းက အားတာနဲ့ ခရီးသွားရင် ခရီးသွား ခရီးမသွားနိုင်ရင် စာအုပ်ဖတ်နေတယ် သွားလေရာ စာအုပ်တစ်အုပ်တော့ ပါတတ်တယ်လို့ကြားဖူး ဖတ်ဖူးပါတယ် စာဖတ်ခြင်းက လူများကို အကျိုးရှိစေတာအမှန်ပါဘဲ

စာဖတ်​ခြင်းဟာ အရှုံးမရှိပါဘူး

Wonderful post and I wish steemit had a sticky or pin option because this is one of those Specific posts.

good post,brother!

ဟုတ်​ကဲ့ ​ကျေးဇူးပါအကို
ကျ​နော်​ အကို့ဆီကtrade နည်း​လေး​တွေလည်း ​လေ့လာသင်​ယူချင်​ပါတယ်​အကို

စာများများဖတ်​ပါ။ စာ​ရေးတတ်​လာပါလိမ့်​မယ်​။

သေချာတာ​ပေါ့ဗျာ

ကိုယ်တိုင်ရေးကြည့်မှ စာရေးရတာဘယ်လိုဆိုတာသိတယ်။

ရေးပြီးရင်း ​ရေးချင်​​နေတာ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67334.81
ETH 3235.43
USDT 1.00
SBD 2.64