Omega 3 အပိုင်း ၂
Omega 3ဟာ ငါးတွေမှာ ကြွယ်ဝစွာ ပါဝင်သလို ကျွန်တော်တို့ ခန္ဓာကိုယ်မှာလည်း Omega 3ဓာတ် ကြွယ်ဝတဲ့ အစိတ်အပိုင်းနှစ်ခုရှိပါတယ် ။ အဒါကတော့ " မျက်ကြည်လွှာ " ပဲဖြစ်တယ် ။ မျက်ကြည်လွှာမှာ Omega 3ဓာတ် နည်းပါးလာလျှင် အမြင်အာရုံကို ထိခိုက်နိုင်ပါတယ် ။ ဒါကြောင့် Omega 3ဓာတ် ပါဝင်တဲ့ ပင်လယ်ငါးဖြစ်ဖြစ် ၊ ငါးကြီးဆီ ဖြစ်ဖြစ် လူကြီး ၊ လူငယ်မရွေး မှီဝဲသင့်ပါတယ် ။
Omega 3 ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်း ၊ သွေးကြောပိတ်ဆို့ခြင်း တို့ကို သက်သာပျောက်ကင်းနိုင်အောင် အထောက်အကူပြုပေမယ့် Omega 6 ဟာ Omega 3နဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ် ။ Omega 6ဟာ eicosanoid တွေကို ထုတ်လွှတ်ပြီး ရောင်ရမ်းခြင်း ၊ သွေးကြောပိတ်ဆို့ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။ အဒါကြောင့် Omega 3 နဲ့ 6 ကို မျှမျှတတ စားသုံးသင့်ပါတယ် ။
အိုမီဂါသရီးမှာ ကောင်းကျိုးများစွာ ရှိပါတယ် ။ အားလုံးရေးရရင် အချိန်မရမှာဆိုးလို့ အဲ့ဒီထဲကမှ အချို့ကို တင်ပြလိုက်ရပါတယ် ။
အိုမီဂါသရီးဟာ စိတ်ရောဂါများနှင့် ဦးနှောက်ဖွင့်ဖြိုးမှုအတွက် အထောက်အကူပြုပါတယ် ။ စိတ်ဖိစီးခြင်း ၊ စိတ်ကျခြင်း ၊ schizophrenia နှင့် dementiaဖြစ်ခြင်းတို့ကို လျော့ကျစေပါတယ် ။ ဒါအပြင် အသက်အရွယ်ကြီးရင့် လာတာနဲ့အမျှ မှတ်ဥာဏ်အားနည်းလာခြင်းနှင့် သူငယ်ပြန်ခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ် ။
Omega 3 ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်း ၊ သွေးကြောပိတ်ဆို့ခြင်း တို့ကို သက်သာပျောက်ကင်းနိုင်အောင် အထောက်အကူပြုပေမယ့် Omega 6 ဟာ Omega 3နဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ် ။ Omega 6ဟာ eicosanoid တွေကို ထုတ်လွှတ်ပြီး ရောင်ရမ်းခြင်း ၊ သွေးကြောပိတ်ဆို့ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။ အဒါကြောင့် Omega 3 နဲ့ 6 ကို မျှမျှတတ စားသုံးသင့်ပါတယ် ။
အိုမီဂါသရီးမှာ ကောင်းကျိုးများစွာ ရှိပါတယ် ။ အားလုံးရေးရရင် အချိန်မရမှာဆိုးလို့ အဲ့ဒီထဲကမှ အချို့ကို တင်ပြလိုက်ရပါတယ် ။
အိုမီဂါသရီးဟာ စိတ်ရောဂါများနှင့် ဦးနှောက်ဖွင့်ဖြိုးမှုအတွက် အထောက်အကူပြုပါတယ် ။ စိတ်ဖိစီးခြင်း ၊ စိတ်ကျခြင်း ၊ schizophrenia နှင့် dementiaဖြစ်ခြင်းတို့ကို လျော့ကျစေပါတယ် ။ မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်စေတယ် ။ ဒါအပြင် အသက်အရွယ်ကြီးရင့် လာတာနဲ့အမျှ မှတ်ဥာဏ်အားနည်းလာခြင်းနှင့် သူငယ်ပြန်ခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ် ။
Omega 3 ပါဝင်တဲ့ ငါး ၊ ငါးကြီးဆီ ၊ fish oil ၊ အစေ့အဆံတို့ကို စားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်တိုးလာမှာကို စိုးရိမ်စရာမလိုပါဘူး ။ တတော်များများသိထားကြတာက အဆီစားရင် ဝိတ်တက်မယ် ၊ ဝလာမယ်ပေါ့ ။ အမှန်ကတော့ ငါးကြီးဆီ (fish oli) စားသုံးမယ်ဆိုရင် ဝိတ်မတက်တဲ့အပြင် ဝိတ်တောင်ကျစေပါတယ် ။ ငားကြီးဆီဟာ အစားစားချင်စိတ်ကို လျော့ချပေးလို့ အခြားအစားအစာတွေ ၊ သရေစာတွေ မစားဖြစ်တော့ပဲ ဝိတ်ကိုကျစေနိုင်ပါတယ် ။
ဒါအပြင် Omega 3ဟာ နှလုံးကျန်းမာရေးနှင့် အမြင်အာရုံ တိုးတက်ကောင်းမွန်စေနိုင်ပါတယ် ။ နှလုံးခုန်မမှန်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ ရုတ်တရပ် နှလုံးရပ်ခြင်း ၊ လေဖြတ်ခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ် ။
ဒါကြောင့် အသက်အရွယ်ကြီးရင့်လာသည်အထိ အမြင်အာရုံကောင်းချင်တယ် ၊ စော်လေးတွေ 'ရှိုး' ချင်တယ် ၊ ငယ်ဘဝအကြောင်းအရာတွေ ငယ်ချစ်တွေကို အမြဲ မှတ်မိနေစေချင်တယ်ဆိုလျှင် Omega 3 ပါဝင်တဲ့ ငါးကြီးဆီ ဒါမှမဟုတ် ပင်လယ်ငါးတစ်မျိုးမျိုးကို တစ်ပတ် "နှစ်ကြိမ်ခန့်" စားသုံးပေးပါလို့ အကြုံပြုရေးသားလိုက်ရပါတယ်ဗျာ.........။
Good knowledge for health
ဟုတ်
good post လေးပါ
Thanks for sharing...
ငါးကြီးဆီ ကြိုက်တယ်၊
good
Bro post က အရင်ဟာက part 2
ခုဟာက အပိုင်း၂။
အကြောင်းအရာတွေကအတူတူဖြစ်နေတယ်။
https://steemit.com/myanmar/@jhonnight/omega-3-part-2
ဟုတ်ပါတယ် bro
အရင်ရက်က promotion မရလိုက်လို့ အခုပြန်တင်တာပါ
ကျတော်လည်းမရလိုက်ဘူး။
တစ်မျိုးမထင်နဲ့နော် ခုလိုမန့်တာ
ကို့ ပို့စ် နဲ့ ကို ကျားသစ်စာ မိမှာစိုးလို့
ဟုတ်ကဲ့ အခုလို သတိပေးတာ ကျေးဇူးပါ
good post
Thank
ဟုတ် ကျေးဇူးတင်ပါတယ်ဗျာ
ငါးကြီးဆီ စားမယ်
ရုပ်ရှင်မင်းသားကြီးဦးဝင်ဦးကိုသတိရဗျာ၊ ဟင်...ဟင့်...ဟင့်....ဟင်...အိုမီကာ....