အားကစားနှင့်ကျန်းမာရေး
အားကစားနှင့်ကျန်းမာရေး
ကျွန်တော်တို့တတွေဟာ အွန်လိုင်းပေါ်မှာ စာရေးနေကြသူတွေဖြစ်သည့်အလျောက် နေ့စဉ် ဖုန်းတွေ၊ ကွန်ပျူတာတွေရှေ့မှာပဲ အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့ကြသည်။ နေ့စဉ် coinတွေစုလိုက်၊ အရောင်းအဝယ် (trade)တွေလုပ်လိုက်၊ ဆောင်းပါးတွေရေးလိုက်နှင့် မိမိကျန်းမာရေးအတွက် အားကစားလုပ်ဖို့တောင် သတိမရကြတော့ဘူး။ အားကစားလုပ်ဖို့ အချိန်လည်း မပေးနိုင်ကြဘူးပေါ့ဗျာ။
ကျန်းမာရေးဟာ ရွှေ၊ငွေ၊btcတွေထက် တန်ဖိုးပိုကြီးတယ်ဆိုတာ မိတ်ဆွေတို့သိပြီးသား ဖြစ်မှာပါ။
"အာရောဂျံ ပရမံ လာဘံ" တဲ့။ ကျန်းမားခြင်းသည် လာဘ်တစ်ပါးပေါ့ဗျာ။ ကျွန်တော်တို့် ကျန်းမားသန်စွမ်းနေလျှင် စာတွေလည်းရေးလို့ရမယ်၊ coinတွေလည်း tradeလို့ရမယ်၊ အခြားလုပ်ငန်းဆောင်တာတွေမှာလည်း ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နိုင်မယ်။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ဖျားနှာပြီိး နေမကောင်းဖြစ်လျှင် ဘယ်အလုပ်မှ လုပ်ရတာ အဆင်မပြေနိုင်ပါဘူး။ အလုပ်ထဲမှာလည်း စိတ်ဝင်တစားမရှိနိုင်ပါဘူး။ ဒါကြောင့် မိမိကိုယ်ကို ကျန်းမာသန်စွမ်းနေအောင် ကျင့်ကြံနေထို်င်သင့်ပါတယ်။ လူတိုင်းလူတိုင်း အမြဲတမ်း ကျန်းမာရေးကောင်းနေဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ တချိန်ချိန်မှာ အသက်အရွယ်ကြီးလာတာနှင့်အမျှ ကိုယ်ခံအား စနစ်တွေ လျော့နည်းလာပြီး ရောဂါဘယတွေ စွဲကပ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ဟာ ကျန်းမာကြံ့ခိုင်နေရင်တော့ တော်ရုံရောဂါတွေကို တွန်းလှန်နိုင်ပါတယ်။ ရှင်းရှင်းပြောရရင် ခန္ဓာကိုယ်ကြံ့ ခိုင်သန်စွမ်းနေသူတွေမှာ ရောဂါဘယတွေ ဖြစ်ပွားနိုင်ခြေ နည်းပြီး ၊ ခန္ဓာကိုယ်ကြံခိုင်မှုနည်းပြီး ချိနဲ့နေသူတွေမှာ ရောဂါဘယတွေ ကူးစက်နိုင်ခြေများပါတယ်။ ဒါကြောင့် မိမိကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်လာအောင် ပြုမူနေထိုင်သင့်ပါတယ်။ ဟုတ်ပြီ။ ကိုယ်ခံအားစနစ်ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာ သိဖို့လိုလာပါပြီ။ ကိုယ်ခံအားကောင်းလာဖို့ အားကစားတစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်ခြင်း၊ အားရှိစေမည့် အစားအစားများ စားသောက်ခြင်း
ဆေးဝါးဆေးထောင့်များနှင့် ဖြည့်စွက်စာများ မှီဝဲခြင်းတို့ကို ပြုလုပ်ပေးရပါမည်။
နောက်ထပ်ဆောင်းပါးများတွင် ဘယ်လို အားကစားတွေလုပ်သင့်လဲ ဘယ်လိုအစားအသောက်တွေ မှီဝဲသင့်လဲဆိုတာ အကျယ်တ၀င့် ရေးသားပေးပါမည်။
Writer By Jhon
MSC-046
Photo By Google Image
ကျွန်တော့ဖုန်းက တစ်ခြို့စာတွေကို ဖတ်မရဘူး broရေ
အွန်လိုင်းပေါ်မှာ အလုပ်လုပ်နေသူတွေ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးသင့်ပါတယ်ဗျာ ကြာရင်မလွယ်ဘူးလေ😁
ဟုတ်
အားကစားလုပ်ကြမယ်
Good
အားကစားပြန်လုပ်အူးမှဘဲ့
လုပ်သင့်ပါတယ်
ကိုယ်လက်လှုပ်ရှားအားကစား
Right
အိမ်းးကျမ်းမာရေးလေးလုပ်အူးမှာဘာလေ
လုပ်ပြိုက် bro
ကျန်းမာဖို့အားကစားလုပ်ကြစို့
မှန်ပါတယ်။
Good post.
ကျွန်တော့ ဆောင်းပါးကို ယခုလို မှတ်ချက်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။ Steemitတွင် အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေ။ 👤JHON
Good
ကျွန်တော့ ဆောင်းပါးကို ယခုလို မှတ်ချက်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။ Steemitတွင် အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေ။ 👤JHON
ကျန်းမာခြင်းသည်လာဘ်တစ်ပါးပါပဲ
အမှန်ပါ
အစားအသောက်ကတော့ ☺ ☺ ☺ ☺