ပဲတီစိမ်းအခွံချွတ်ခြင်း

in #busy8 years ago

ဒီနေ့တော့ ကျနော်ဗဟုတုသအနေနဲ့ ပဲတီစိမ်းကို အခွံချွတ် ပြီးအချောသန့်စင် exports quality ရထိအထိပြုလုပ်ပုံအဆင့်ကိုတင်ပေးမှာဖြစ်ပါတယ် ပထမဦးစွာ ပဲတွေကိုပွဲရုံမှဝယ်ယူပြီး ပဲသန့်စင်စက်မှာသန့်စင်ပါတယ် ရရှိတဲ့ပဲတွေကို အခွံချွတ်တဲ့စက်ထဲမှာ အခွံမှာ အနည်းငယ်ဒဏ်ရာရအောင်ဖွဖွလေးမောင်းနှင်ရပါတယ် နောက်တနေ့မှာ ပဲသိုလှောင်ကန်ထဲကိုထည့်ပြီး ဆီအနည်းငယ်ဖြင့်စီမ်ပြီး2ရက်လောက်နှပ်ထားရပါတယ် 2ရက်မြောက်နေ့မှာ ပေါင်းအိုးထဲထည့်ပြီး ထင်းမီးဖြင့် အခွံများကြွပ်သွားအောင် အပူပေးရပါတယ် ဒီအဆင့်ကအရေးကြီးပါတယ် အပူချိန်များပြီးအတွင်းကပဲတွေမဲသွားရင် အရှူံးပေါ်ပြီလို့သာမှတ်ပေတော့ ပေါင်းအိုးထဲမှာလဲလွန်တွေထည့်ထားပြီးအပေါအောက် လှည့်ပေးနေရပါတယ် ရရှိတဲ့ပဲတွေကို ဆာလာအိတ်ထဲထည့်ပြီး 2ရက်မှ3ရက် အေးသည်အထိနှပ်ထားရပြန်ပါတယ် ပြီးတာနဲ့ အခွံချွတ်စက်ထဲထည့်ပြီးအခွံချွတ်ပါတယ် ဆီဝပြီး ကြွပ်နေတဲ့အခွံတွေဟာကျောက်ဘီးနဲ့လှည့်လိုက်တာနဲ့ အလိုလို ကျွတ်ထွက်ကုန်ပါတယ် နောက်ရက်မှာ အဲဒီစက်ထဲပြန်ထည့်(စက်ထဲကို ပဲယ် 2ခြမ်း) 2ခြမ်းကွဲအောင် ရိုက်ခွဲရပါတယ် 2ခြမ်းမကွဲတဲ့ပဲလုံးတွေကို ရေအနည်းငယ်ပြန်စွတ်ပေါင်းအိုးထဲမီးအပူချိန်အနည်းငယ်ဖြင့်ပြန်ပေါင်းပြီး ပြန်ခွဲရပါတယ် နောက်ဆုံး အဆင့်ကတော့အရောင်တင်တဲ့အဆင့်ပါ ရေသန့်ဘူကြီးတစ်ဘူးကို ရောင်တစ်ဇွန်းနှုန်းဖျော်စပ်ပြီး စက်ထဲထည့်ကာသားရေပြားများဖြင့်ရိုက်ပွတ်ပြီး ပေါ်လစ်တင်ရပါတယ် ရရှိလာတဲ့ပဲတွေကို ပဲရွေးတဲ့မိန်းကလေးများနှင့် ထပ်ရွေးရပါတယ် ပြီးပြီဆိုရင်တော့ exports တင်ပို့ နိင်တဲ့ ပဲတွေရရှိကြောင်းပါ ခင်ဗျား
Original post by @jacyphyo!

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.078
BTC 62741.70
ETH 1659.93
USDT 1.00
SBD 0.42