တဏှာ့ကျွန် အပူမီး

in #myanmar5 years ago (edited)

ကာမအငွေ့ဓာတ်၏ အငွေ့ဟပ်မှုသည်
အမေ့ဓာတ်ကို ဖန်ဆင်းပေးလေ့ရှိရာ
တစ်ချက်စွဲက တစ်သက်လုံးပင် လဲကျစေနိုင်သည်။
ယနေ့ ကာမလောကသားအားလုံး၏
မျက်စိမှတ် ပေါင်းသင်းနေရခြင်းမှန်သရွေ့
အတွေ့တစ်ချက်၏ အငွေ့အသက်ဟပ်ရာတွင်
အမေ့ဓာတ်ငင်ခံရခြင်းကြောင့်ပင် မဟုတ်လော။

မဟာဗောဓိမြိုင်ဆရာတော်

ဒီနေ့ဂျာနယ်ဖတ်ရင်း တွေ့လိုက်ရတဲ့ စာစုလေးပါ။
ဆရာတော်၏ စာကိုဖတ်လိုက်မိသည့်အခါ
ငယ်စဉ်က ကြည့်ခဲ့ရသည့် အတွေ့ ရုပ်ရှင်ဇာတ်ကား
ကို မျက်စိမှာပြန်မြင်မိသည်။အတွေ့ရုပ်ရှင်ဇာတ်ကားကို ရှေးမင်းသား မင်းသမီးများရိုက်ကူးထား
သည်။ ကျွန်တော်တို့ခေတ်တွင်လည်း ရုပ်ရှင်
မင်းသား ကိုကျော်သူနှင့် ပြန်လည်ရိုက်ကူးထား
သည်။ ဒီရုပ်ရှင်နှစ်ကားလုံးကို ကြည့်ဖူးသည်။
ရှေးကားကိုတော့မင်းသား ဘယ်သူဆိုတာ
မမှတ်မိတော့ပါ။ဟိုးယခင်က မြန်မာ့ရုပ်မြင်
သံကြားမှ စနေ၊တနင်္ဂနွေနေ့များတွင် ရှေးကားများထုတ်လွင့်ပေးခဲ့သည်။ အဖြူ အမဲရုပ်ရှင်ကားများက ဇာတ်လမ်းကောင်းများကြည့်ခဲ့ရသည်။

image

image

အိမ်မှာ tv ပျက်နေတာကြာပြီဖြစ်၍ စနေ တနင်္ဂနွေ
နေ့များတွင် မည်သည့်ဇာတ်ကားများလွှင့်နေသည်ကို
မသိရပါ။ ဟိုးယခင် အဖြူ အမဲဇာတ်ကားများက
တော့ အင်မတန်ကြည့်ကောင်းခဲ့သည်။ ယခုထိတိုင်
စွဲလမ်းနေမိသည်။ အတွေ့၊ တဏှာကာမ ကို လူတို့
သည်အလွတ်ရုန်းနိုင်ဖို့ ခက်ခဲလေသည်။ အတွေ့
ဇာတ်ကားကိုကြည့်ဖူးသူများရှိကြပါမည်။ မင်းသား
ကိုကျော်သူသည် သမာဓိရှိသူ သူဋ္ဌေးတစ်ဦး
ဖြစ်သည်။ညီဖြစ်သူက အငြိမ့်သမလေးနှင့်
ကြိုက်၍သဘောမတူကာ နိုင်ငံခြားသို့
ပို့လိုက်သည်။

ကျော်သူသည် ညီဖြစ်သူကြိုက်သည့် အငြိမ့်သမ
လေးနှင့်ပင်အထိအတွေ့မှာငြိပြီး စွဲလမ်းကြိုက်မိ
သွားသည်။ ဇာတ်လမ်းမှာ သမာဓိ ရှိသော်လည်း
အတွေ့ အထိမှာ မရုန်းနိုင်ပါပဲ သာယာမိန်းမောသွားတတ်ကြောင်းရိုက်ပြထားသည်။ ကျွန်တော်ရဲ့ပိုစ့်
အတွက် ပျိုး နေတာနဲ့ စာရှည်နေပြီ။ ကဲ...ကျွန်တော်
ဇာတ်လမ်းလေးစလိုက်ရအောင်။

သူငယ်ချင်းမ နှစ်ယောက် တစ်ယောက်ကအကြီး
တစ်ယောက်ကအငယ် အသက် ၆နှစ်ကွာကြသည်။
အသက် ၄၀ ကျော်များဖြစ်ကြသည်။အစိုးရရုံးမှာ
အလုပ်တူတူလုပ်ကိုင်ကြသည်။ရုံးလုပ်ငန်းများ
ကလည်း လုပ်ငန်းတူတူလုပ်ကိုင်ကြရသည်။
ငွေရေးကြေးရေးပြောမနာသူများဖြစ်သည်။
အငယ်မဖြစ်သူက အိမ်ထောင်သည် ကလေး
နှစ်ယောက်ရှိသည်။ အငယ်မ ယောက်ျား
အလုပ်ကလည်း သူတို့နှစ်ဦး ရုံးလုပ်ငန်းနှင့်ဆက်စပ်ရသည်။ အကြီးမက ရိုးအသည်။ အငယ်မက
သွက်လက်သည်။ သူငယ်ချင်းနှစ်ဦး ဆိုးကောင်း
တိုင်ပင်ဖက်များဖြစ်သည်။ အကြီးမကြီးက
အပျိုကြီးပီပီ ရိုးအလွန်းသဖြင့် ရုံးသူရုံးသားများက စနောက်ပြောင်ကြသည်။

အငယ်မယောက်ျား နှင့် သုံးဦးသား စားသောက်
ပေါ့ပေါ့ပါးပါးနေလာခဲ့ကြသည်။ သူတို့သည်
ဝန်ထမ်းတိုက်ခန်းများတွင် နေထိုင်ကြသည်။
အငယ်မ မိသားစုကတစ်တိုက်၊ အကြီးမ က
တစ်တိုက် တိုက်ချင်းနီးကပ်စွာနေထိုင်ကြသည်။
သုံးယောက်သား လုပ်ငန်းအရနှင့် စီးပွားရေးအရ
တွဲသွားတွဲလာလုပ်ကိုင်ကြသည်။ထို့ကြောင့်
အကြီးမနှင့် အငယ်မယောက်ျားတို့ အပြင်တွင်အတူသွားလာသည်ကို တွေ့ကြရပါသော်လည်း
သူတို့လုပ်ငန်းသဘောဟုထင်မှတ်ကြသည်။

image

image

သို့သော် ဝန်ထမ်းလိုင်းခန်းဆိုသည်ကား စပ်စု
တတ်သည့်သဘောရှိသည်။ အကြီးမ အိမ်သို့
အငယ်မယောက်ျား ဝင်ထွက်သွားလာနေသည်ကို
အိမ်နီးချင်းများက သတိထားမိလာသည်။
မိန်းမသားတစ်ဦး တစ်ယောက်သာနေသည့်အိမ်သို့
ယောက်ျားသားတစ်ဦး ဝင်ထွက်သွားလာနေသည်ကို
ပတ်ဝန်းကျင်က သတိထားမိလာသည်။
ပတ်ဝန်းကျင်ဆိုသည်က ကောင်းသတင်းထက်
မကောင်းသတင်းကပိုမြန်ဆန်ပျံ့နှံ့လွယ်လေးသည်။
အကြီးမနှင့် အငယ်မယောက်ျားတို့၏ ဖောက်ပြန်
နေကြောင်းသတင်းထွက်လေသည်။

ထိုအခါ အငယ်မက မဖြစ်နိုင်ကြောင်း အကြီးမက
သူလောက်ရုပ်ရည်လည်းမရှိကြောင်း သူ့ထက်
အသက်လည်းကြီးသည့်အပြင် သူယောက်ျား
ကလည်း ထိုသို့ပြုမူမည်မဟုတ်ကြောင်းစဉ်းစားလေသည်။ သို့သော်လည်း လူအများပြောစကားက
အငယ်မစိတ်ကို ထိခိုက်စေသည်။ တွေဝေစေသည်။
တဖြည်းဖြည်း စဉ်းစားရင်းအတွေးများ ချာချာလည်
နေသမို့။ ရင်လဲပူ ဘဝင်လဲဆူသမို့။ ဘယ်သူ့ကိုများ
ပြောတိုင်ပင်ရပါ့။ မဖြစ်ပါစေနဲ့ မဟုတ်ပါစေနဲ့
အိမ်မက်သာဖြစ်ပါစေလို့ ဆုတောင်းသော်လည်း။

”အမှန်တကယ်များလား ကောလဟလလား”

ဇဝေဇဝါနဲ့အတွေများနေပါတော့သည်။
ကဲ...... steemit က မိတ်ဆွေများ အနေဖြင့်
ဘာဖြစ်နိုင်တယ်ဆိုတာကို။ ဖြစ်နိုင်ချေ၊
မဖြစ်နိုင်ချေလေး ရေးပေးခဲ့ကြပါအုံးလို့.....။

Author @htwegyi
Photo. credit
MSC.036

Sort:  

မှန်​​တာ​ပေါ့ဗျာ ​ကောင်းမွန်​​သော ပညာ​ပေး​လေးပါ

ဟုတ်ကဲ့ပါဗျာ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ဖြစ်နိုင်တာတွေးမိပေမယ့် အဲ့အတွေးကို မမှန်စေချင်ဘူး

မမှန်ပါစေနဲ့ပေါ့

မေးကြည့်မှပဲ သိတော့မယ် ဦးထွေးရယ်

Posted using Partiko Android

မေးကြည့်လိုက်တဲ့

ဖြစ်​နိုင်​​ချေရှိသလို၊အလုပ်​ကိစ္စ​ကြောင့်​ဆိုမျက်​နာပျက်​စရာဖြစ်​ဦးမယ်​...😀
အ​သေအချာစုံစမ်းပြီး၊ခိုင်​လုံရင်​​ဖြေရှင်းလို့ရပြီ​ပေါ့....

Posted using Partiko Android

ကဲ သေချာစုံစမ်းအုံး သေချာအောင်ပေါ့

အတွေ့အထိမှာ တေ့ညိမိလို့ကတော့ ကာမဂုဏ်တောမှာ ဝဲလည်မျောနေမှာပါပဲ

Posted using Partiko Android

အတွေ့ အထိမှာမေ့မိရင်တော့
မေ သိရင်တော့ မလွယ်ဘူးပေါ့ 😁

‌ပြောရခက်‌ပါတယ်‌ဦး‌ထွေး‌ရေ။

ဒီကိစ္စမျိုးကလည်း သိမ့်မွေ့စွာဖြေရှင်းကြရမယ်ထင်ပ

အဲ့ ဖာတ်လမ်းမ ကြည့်ဘူး တော့
ဂင်္ဂါ ဇာတ်လမ်းတွဲ ကို နေ့စဉ် review ရေးပါ့လားအေ ဆံဖြူ သွားကြီုးတဲ့ထိ ဇာတ်လမ်းက ပီးမှာမဟုတ်သလို ရေစရာ လည်းကုန် မှာ ဟုတိဘူး postလည်း ရ
ဟီးဟီး နိ မရေးရင် နာ ရေး ပြစ်လိုက်မှာ နော်

ရေးပါအေ ဇာတ်လမ်းတွဲတွေ မကြည့်နိုင်လို့

ဒီကိစ္စကို ဦးရှံစားလို စဉ်းစားကြည့်မယ်ဆိုရင် ဖြစ်နိုင်ဒယ်.
ဖောက်ပြန်တယ်ဆိုတာက တစိမ်းနဲ့ ဖောက်ပြန်ဖို့က မလွယ်ဘူးရယ် ရင်းနှီးမှုကြောင့်သာ ဖောက်ပြန်နိုင်ဒါ နောက် ဖောက်ပြန်တာက ရုပ်ရည်မလိုဘူး ဒီတော့ကာ ဦးရှံစား ကတော့ ဖောက်ပြန်ဒယ်ပေါ့ ☺

အို အိုင်ဆေး ဆားပုလင်းစိုး ဖြစ်နိုင်ချေရှိတယ်ပ 😁

အဲ့တာ​တော့ ​ပြောပြရတာ ခက်​တယ်​ 😁

Posted using Partiko Android

အဲ ခက်တယ်နော့

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.034
BTC 63549.78
ETH 3107.39
USDT 1.00
SBD 3.88