သိချင်စိတ် Curiosity

in #myanmar6 years ago

image

ငထွေး ငယ်ဘဝအကြောင်းလေး ဆက်လက်
ရေးသားပြပါအုံးမည်။ steem ဈေးကလည်း
မင်္ဂလာရှိစွာ တရိပ်ရိပ်ပြန်လည်တက်နေသည်။
ငထွေး 5တန်းကျောင်းသားဘဝ မန္တလေးဘူတာကြီး
မှာ ရေနွေးရောင်းခဲ့စဉ် အဖြစ်အပျက်ကလေးတစ်ခုကို ရေးသားပြချင်ပါသည်။

ယခင် မန္တလေးဘူတာကြီးတွင် ဘူတာတောင်ဖက်
၌ ကုက္ကိုပင်နှင့် ညောင်ပင်ကြီးများ မြောက်မှ
တောင်သို့ သွယ်တန်းပေါက်ရောက်နေသည်။
ငထွေးငယ်စဉ် 4,5 နှစ် အရွယ်က ထိုသစ်ပင်ကြီးများအောက်တွင် မိုင်းဗုံးမကြာခဏပေါက်သည်။
ညနေ နေဝင်ရီအချိန်တွင် ဗုံးပေါက်လေ့ရှိသည်။

f4zsc3.jpg

ထို့ကြောင့် အထူးသဖြင့် မြစ်ကြီးနားရထားများကို
အထူးသတိထားရသည်။ ထိုရထားတွဲများတွင်
မိုင်းဗုံးများ တခါတစ်ရံ ပါလာတတ်သည်။
ထို့အပြင် ဗုံးနှင့်အတူ အခြားပါလာတတ်သည်
အရာတစ်ခုလည်းရှိပေသည်။ ထိုအရာသည်ကား
ကျောက်စိမ်းအရိုင်းတုံးများပင်ဖြစ်ပေသည်။

ထိုခေတ်ထိုအခါက မြစ်ကြီးနား ရထားစက်ခေါင်းမောင်းနှင့် ရထားတွဲစောင့်တို့သည် ထိုကျောက်စိမ်းများကြောင့်ငွေကြေး ကြွယ်ဝကြသည်။ အခြား
အရာများလည်း ရှိပေအုံးမည်။ တစ်နေ့ ရထား
တစ်စီး ဆိုက်ရောက်လာသည်။ ငထွေးက
ရထားတွဲပေါ်တက်၍ ပစ္စည်းရှာလေသည်။
ရထားစီးခရီးတို့သည် ဘူတာရထားဆိုက်လျင်
တွဲပေါ်မှဆင်းချင်းသည် ဇောဖြင့် ပစ္စည်းများ
မေ့ကျန်တတ်သည်။

v2h3se.jpg

ငယ်စဉ်ကတော့ သူများမေ့ကျန်ခဲ့သည် ပစ္စည်း
တွေ့လျှင် ဝမ်းသာအားရဖြစ်ခဲ့သည်။ ယခုအချိန်
အခါမှာတော့ ထိုအချိန်က အဖြစ်အပျက်များက
ဝမ်းနည်းစရာ ကောင်းခဲ့‌လေသည်။ အဲ့ ဘယ်ရောက်သွားပါလိမ့် တစ်နေ့ တွဲပေါ်၌အိတ်တစ်အိတ်ကို
တွေ့ခဲ့သည်။ လေယာဉ်ပျံအိတ်ဖြစ်သည်။
ထိုခေတ်က ခရီးသွားလျှင် လေယာဉ်ပျံအိတ်များက
ခေတ်စားသည်။

ငထွေးက အဲ့ လေယာဉ်ပျံအိတ်ကြီးကို မသယ်ယူ
နိုင်ပါ။ အိတ်သည် ဖောင်းကားပြီးပြည့်နေသည်။
အိတ်အပေါ်ယံကို ဇာစ်ပိတ်မထားဘဲ ဖိနပ်လုပ်သည့်
ရော်ဘာပြားများဖြင့် အုပ်ထားသည်။ ငထွေး
အဲ့အိတ်ကြီးကို အိမ်သယ်သွားရမလား၊ မည်သို့
လုပ်ရမလဲ တွေဝေနေပါသည်။ အိတ်ပိုင်ရှင့်
ပေါ်လာမလားဟု အိတ်အနီးမှာ ‌တဝဲလည်လည်
စောင့်နေမိသည်။အချိန်သာကုန်သွားသည်
အိတ်ပိုင်ရှင်က ပေါ်မလာပေ။

အိတ်ကြီးထဲ ဘာတွေပါသလဲ စိတ်ကသိချင်သည်။
ဖွင့်လည်းမကြည့်ရဲ တော်ကြာ မိုင်းဗုံများပါလာ
မလား။ ကျောက်စိမ်းတွေလား။ ဘိန်းတွေလား။
နောက်ဆုံးတော့ မီးရထားရဲစခန်းသွား၍
အကြောင်းကြားလိုက်သည်။ ရဲစခန်းမှ အဆိုပါ
အိတ်ကြီးကို အလုပ်သမားဖြင့် သယ်ယူသွားသည်။
ငထွေးလည်း အဆိုပါအိတ်ကြီးထဲ ဘာတွေများ
ပါသလဲဆိုတာ ယခုအချိန်ထိ သိချင်နေမိတော့
သည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thanks esteemapp

​ဆောင်းပါးထဲ ပါတဲ့ပုံက မန္တ​လေး ဘူတာကြီးလားဗျ

ဟုတ်ပါတယ် ရုံးပေါ်ကနေရိုက်ထားတာပါ

Steem ​စျေး 1 steem ကို 1 US$ အထိ တက်ပါ​စေဗျာ

အတိုင်းထက် အလွန်ပေါ့ဗျာ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.089
BTC 58525.64
ETH 1567.34
USDT 1.00
SBD 0.38