လူရွယ်မှ လူငယ်သို့ (၁)

in #myanmar7 years ago

အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။

ခုတလော Steemit ပေါ်မှာ လူငယ်တွေအကြောင်း တင်တဲ့ ပိုစ့်လေးတွေ ဖတ်မိရတယ်။ အားပေးပါတယ်။ ရေးပေးကြပါ ဒါမျိုးပိုစ့်လေးတွေကို ကျွန်တော်က လူငယ်တွေ အကြောင်း ဖတ်ရတာတို့ ရေးရတာတို့ အရမ်း စိတ်ဝင်စားပါတယ်။ အဲတော့ ကျွန်တော်ပြောချင်တာတွေ ရေးချင်တာတွေကို ရေးလာအောင် စပေးလိုက်သလို ဖြစ်လာပါတယ်။ အဲဒီအတွက် ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။

Youth.jpg

ကိုယ်ကိုယ်တိုင် လူငယ် ဘ၀တုန်းက လူငယ်ခေါင်းဆောင် တယောက်အနေနဲ့ လူငယ်လုပ်ငန်းတွေမှာ ပါဝင် လုပ်ခဲ့ဘူးတော။့ အခုလို အိမ်ထောင်သည်ဘ၀ ရောက်တဲ့အထိ လူငယ်စိတ်က မကုန်သေးဘူး။ လူငယ်အကြောင်းတွေ၊ လူငယ်နဲ့ပတ်သတ်တဲ့ အလုပ်တွေ၊ စာပေတွေ စိတ်ဝင်စားနေတုန်းပါဘဲ။ နောက်တခု လူငယ်တွေကို အားပေးချင်တုန်းဘဲ။ မိမိကိုယ်တိုင်လည်း လူလတ်ပိုင်း မဟုတ်သေး။ လူရွယ် အရွယ်ဖြစ်နေသေးတယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားတော့ 'လူရွယ်မှ လူငယ်သို့'ဆိုတဲ့ ခေါင်းစဉ်လေး ယူလိုက်မိပြီး ဒီပိုစ့်နဲ့ အားပေးလိုက်တာပါ။ ခါတိုင်း Steemit ပေါ် တင်တဲ့ ပို့စ်တွေဆို အပိုင်းပိုင်းခွဲပြီး မတင်ဖြစ်ပါဘူး။ စာဖတ်သူ စာဖတ်ရင်း Feeling out သွားမှာ စိုးလို့ မိမိပေးချင်တဲ့ message ကို အမြဲတမ်း ပိုစ်တခုထဲမှာဘဲ ရအောင်ထည့်ပြီး တင်ပေးခဲ့ပါတယ်။ အခု ဒီ 'လူရွယ်မှ လူငယ်သို့' ကတော့ ရေးစရာတွေ၊ အားပေးချင်တာတွေ၊ တွေးစရာတွေက နည်းနည်းများလို့ ၂ ပိုင်း ခွဲ တင်ခွင့်ပြုပါလို့ ကြိုတင် တောင်းပန်ပါရစေ။ ဒီပို့စ်က အများအားဖြင့် လူငယ်တွေအတွက် ရည်ရွယ်သလို၊ လူကြီးတွေ အတွက်လည်း လူငယ်ကို ပိုမို နားလည်ပြီး မိမိငယ်ငယ် လူငယ်ဘ၀တုန်းကလည်း ဒါမျိုးလေးတွေ ဖြစ်ခဲ့ကြပါသလားလို့ ပြန်တွေးရင်း ယနေ့ခေတ် လူငယ်တွေကို ပိုမို နားလည်နိုင်လာကြဖို့ ရည်ရွယ်ပါတယ်။ အဲတော့ ပထမဆုံး လူငယ်ဆိုတာ ဘာလဲ ဆိုတဲ့အချက်နဲ့ စရအောင်။ လူငယ်ဆိုတာ ဘာလဲဆိုတာကို လူငယ်သင်တန်းတွေ တတ်ခဲ့ရတုန်းက ရရှိခဲ့တဲ့ သင်ခန်းစာတွေထဲက အနည်းငယ်နဲ့ စတင် ဝေမျှလိုပါတယ်။

လူငယ်ဆိုတာ အင်္ဂလိပ်လို Y.O.U.T.H ပေါ့။ အဲဒီ အင်္ဂလိပ် စလုံးတွေရဲ့ တစ်လုံးချင်းစီဟာ အဓိပ္ပါယ် တခုချင်းစီရဲ့ အစစလုံး ဖြစ်နေပါတယ်။ ဒီအဓိပ္ပါယ်တွေဟာလည်း လူငယ်တွေမှာ ရှိနေတဲ့ အချက်တွေကို တချက်ခြင်း ဖော်ပြနေခြင်း ဖြစ်ပါတယ်။

Y နဲ့စတဲ့ Youthfulness and Young ဆိုတဲ့ ငယ်ရွယ်ခြင်း၊ နုပျိုခြင်း၊ ပျိုမြစ်ခြင်း၊ လက်ဆက်ခြင်း၊ တတ်ကြွခြင်း။

O နဲ့စတဲ့ Offering ဆိုတဲ့ အနစ်နာခံခြင်း။

U နဲ့စတဲ့ Unfocus, Unestimated and Understanding ဆိုတဲ့ စူးစိုက်မှု့လျှော့နည်းခြင်း၊ မသေချာခြင်း၊ နားလည်မှု့လိုအပ်ခြင်း။

T နဲ့စတဲ့ Telance ဆိုတဲ့ အစွမ်းအစ ဒါ့အပြင် Tension ဆိုတဲ့ ဖိစီးမှု့။

H နဲ့စတဲ့ Hope ဆိုတဲ့ မျှော်လင့်ချက်၊ Haze ဆိုတဲ့ စိတ်ေ၀၀ါခြင်း စတဲ့ အချက်တွေ အားလုံးဟာ ဒီ YOUTH ဆိုတဲ့ လူငယ်မှာ ပါရှိနေတတ်တယ်။ ဒီအချက်တွေ မရှိရင် ဒါ လူငယ် မဟုတ်သလို၊ ဒီအချက်တွေရှိတဲ့ လူတိုင်းဟာ လူငယ်ဘဲ။ ကဲ တစ်ချက်ခြင်းစီနဲ့ ဒီအချက်တွေ ကျွန်တော်တို့ လူငယ်တွေမှာရှိလား စမ်းစစ်ကြည့်ရအောင်။

youth-jobs.jpg

Youthfulness and Young ဆိုတဲ့ ငယ်ရွယ်ခြင်း၊ နုပျိုခြင်း၊ ပျိုမြစ်ခြင်း၊ လက်ဆက်ခြင်း တတ်ကြွခြင်း။
ပထမဆုံးအချက်က ငယ်ရွယ်နုပျိုပြီး လန်းဆန်းတတ်ကြွနေခြင်း အဓိပ္ပါယ်ရတဲ့ အချက်က လူငယ်ဆိုတဲ့ သူတွေရဲ့ ပထမအချက်အဖြစ် ပါရှိနေတယ်။ အဲတော့ တချို့က သတ်မှတ်ကျတယ်။ လူငယ်ဆို အသက် ဘယ်လောက်ကနေ ဘယ်လောက်ထိ ဆိုပြီး ပြောကြတယ်။ တကယ်တော့ အသက်ထက် ဒီလို နုနယ်ခြင်း ပျိုမြစ်ခြင်း၊ လက်ဆက်ခြင်း၊ တတ်ကြွခြင်း ရှိလား ရှိရင် ဒီသူဟာ လူငယ်ဖြစ်ဖို့ အချက်တချက်ပြည့်စုံတယ်။ အချို့လူတွေရှိတယ် အသက်ကတော့ လူငယ်အရွယ်ဘဲ။ ဒါပေမဲ့ ဆေးလိပ်သောက်ထားတော့ ရုပ်က လူကြီးအရွယ်ကြီးကို ဖြစ်နေတယ်။ လတ်ဆက် တတ်ကြွလားဆိုတော့လည်း ဟိုနေရာဆိုလည်း ဟိုချောင်ကပ် ဒီချောင်ကပ်နဲ့နေတတ်ကြတယ်။ အလုပ်တခုလုပ်ဆိုလည်း အနောက်ကနေ လိုက် နွားတွေလို ဖင်ဒုတ်နဲ့လိုက် ထိုးပေးနေရတယ်။ တချို့လူငယ်တွေကျ အမြဲတမ်း တတ်ကြွနေကြပြန်ရော်တယ်။ တတ်ကြွတဲ့ ကြက်ဖလေးတွေပေါ့။ ဘာလုပ်လုပ် သူတို့ အရှေ့ဆုံးက ပါတယ်။ ဘာဖြစ်ပြီဟေ့ သူက အရှေ့ဆုံးကနေ ရှိတတ်တယ်။ အရာရာကို သိချင် တတ်ချင်၊ စပ်စုချင်တတ်တယ်။ တတ်ကြွနေတယ်။ ရပ်ကွက်ထဲမှာတော့ အပြစ်အတင်း ပြောခံကြရတယ် 'ပါလေရာ ငပိချက်' တဲ့။ အဲဟာ တကယ်တော့ အပြစ် မဟုတ်ပါဘူး။ ဒါဟာ လူငယ်ဖြစ်ခြင်းကို ပြနေတာပါ။ ဒါဟာ လူငယ် တယောက်မှာရှိတဲ့ အချက်တွေထဲက တခုပါဘဲ။ ငါ့ညီတို့ အဲလို အပြောခံရရင် ဘာမှ စိတ်ထဲဖြစ်မနေနဲ့ ဒီအချက်ဟာ မင်းတို့ဟာ လူငယ်ဖြစ်ကြောင်း ပြနေတဲ့ အချက်ဘဲ။

ဒုတိယက Offering ဆိုတဲ့ အနစ်နာခံခြင်း။
လူငယ်တွေဟာ ရှင်းရှင်းပြောရရင် လူကြီးတွေထက် အနစ်နာ ပိုခံတတ်ကြတယ်။ လူကြီးတွေမှာ မိသားစုတွေ၊ သံယောဇင်တွေ၊ တခြား စဉ်းစားစရာတွေ အများကြီးရှိတော့ အနစ်နာခံကြကြေးဆို လူငယ်တွေလောက် တကယ် အနစ်နာခံနိုင်ဘူး။ လူငယ်တွေက အကြောင်းအရာ တခုခုနဲ့ ကြုံရပြီဆိုရင် ဆုံးဖြတ်ချက် မြန်မြန်နဲ့ ချတတ်ပြီး ချက်ခြင်း အနစ်နာခံဖို့ သိပ် စဉ်းစားစရာ မလိုဘဲ အနစ်နာခံတတ်ကြတယ်။ အဖွဲ့အစည်းတခုမှာ လူငယ်တွေပါဝင်နေရင် အောင်မြင်ဖို့ လွယ်ကူတယ်။ လူငယ်တွေဟာ ဘယ်အလုပ်ကို မဆို မိမိကိုယ်တိုင် အနစ်နာခံပြီး အောင်မြင်အောင် လုပ်တတ်ကြတယ်။ ဒါကို လူကြီးတွေက 'မင်းက လူငယ်ဘဲ ဒါတော့လုပ်လိုက်ကွာလို့' ခိုင်းလဲ လူငယ်ပီပီ အနစ်နာခံပြီး ထလုပ် လိုက်တတ်ကြတာဘဲ။ ကဲ ရပ်ကွက်ထဲမှာ တန်ဆောင်မုန်းလပြည့်နေ့မို့ အကတွေနဲ့ စတိတ်ရှိုးလုပ်မယ်ပေါ့။ တကယ့်လူငယ်တွေက စင်ဆောက်တဲ့နေရာမှာလည်း သူပါတယ်။ မီးဆင်တဲ့နေရာမှာ လှေကားတခုနဲ့ အပေါ်တပ်ဆိုတတ် လိုက်တာဘဲ။ တခါ ည ပွဲအတွက် လုံခြုံရေးဆိုလည်း သူပါတာဘဲ။ ပွဲဆိုလည်း သူမှာ ဘာမှ ကောင်းကောင်းမကြည့်ရ။ သူများတကာ ရှိုးစမိုးထုတ်နေချိန်မှာ သူက နောက်ကနေ လုပ်ဆောင်ပေးနေတတ်ကြတယ်။ အဲဒီအချိန်မှာ လူငယ်မမည်တဲ့ သူတွေက စင်စဆောက်တော့ ဟိုချောင်ကပ် ဒီချောင်ကပ်နဲ့ အားလုံးပြီးပြီ ပွဲစပြီဆိုမှ ကျော့ကျော့လေးနဲ့ စင်ပေါ်တတ် မိုက်ကိုင် တတ်ကြတယ်။ အဲဒီလူကို လူငယ်လို့ မခေါ်ဘူး။ လူလယ်လို့ဘဲ ခေါ်ရမယ်။ အနစ်နာခံတဲ့ အကြောင်းပြောရရင် အနစ်နာခံတယ်ဆိုတာ ကိုယ်ပြန်ရဖို့ ဘာမှ မမျှော်ဘူးနော်။ သူက စင်ဆောက်ထားလို့ ညကျ မိုက် သူကိုင်သင့်တယ်လို့ကို မရှိဘူး။ ဒီပွဲ တခု အောင်မြင်အောင် ပြီးဆုံး သွားဖို့ဘဲ သူမှာရှိတယ်။ အဲဒါကို အနစ်နာခံတယ်လို့ ခေါ်တယ်။ ဥပမာ - ဗိုလ်ချုပ်အောင်ဆန်းကိုဘဲ ကြည့်သူမှာ နိုင်ငံလွတ်လပ်ရေး ဆိုတဲ့ စိတ်တခုဘဲရှိတယ်။ သူသေမှာတွေ၊ သူ့နောင်ရေးတွေ မစဉ်းစားဘဲ။ အနစ်နာခံသွားတာ။

လူငယ်တွေက အားလုံး အကောင်းတွေချည်းဘဲရှိတယ်လို့ ပြောလို့မရဘူး။ သူတို့မှာလည်း အဆိုးလေးတွေ ချို့ယွင်းချက်လေးတွေ၊ အားနည်းချက်လေးတွေလည်း ရှိတယ်။ ကဲ အောက်က အချက်တွေကတော့ လူငယ်တွေရဲ့ အဆိုးလက္ခဏလေးတွေပေါ့။

Unfocus, Unestimated and Understanding စူးစိုက်မှု့လျှော့နည်းခြင်း၊ မသေချာခြင်း၊ နားလည်မှု့လိုအပ်ခြင်း။
Unfocus တစုံတခုကို အာရုံ စူးစိုက်မှု့ မရှိတာလည်း လူငယ်ဘဲ။ အင်္ဂလိပ်စာ သင်တန်းဆိုတော့ သွား စာရင်းပေးတတ်လိုက်တာဘဲ၊ သင်တန်းရောက်ပြီး ၂ ပတ် မကြာပါဘူး။ မတတ်တော့ဘူးတဲ့။ သင်တန်းခတွေတော့ အိမ်က ပေးလိုက်ရတယ်။ ဟော ကွန်ပျူတာသင်တန်းဆို သွားတတ်လိုက်ပြန်တာဘဲ၊ သင်တန်းတောင် မပြီးသေးဘူး 'အိုပါးရေ ကိုရီးယားစကားသွားသင်မလို့ ပိုက်ဆံ' ဆိုပြီး ကိုရီးယားစကားသင်တန်းတဲ့ ပြေးကြပြန်ပြီ။ ဘယ်အရာကို စူးစူးစိုက်စိုက်နဲ့ လုပ်မယ်ဆိုပြီး မရှိတာလဲ ဒီလူငယ်ဘဲနော်။ ဘာမှ ဟုတ်တိ ပတ်တိဘာမှ မရ ဘာမှ ရည်ရွယ်ချက်မရှိဘဲ လက်ဘက်ရည်ဆိုင် တနေကုန်ထိုင်၊ ကျူခုံထိုင်၊ ဘိလိယက်ခုံထိုင် စသဖြင့် အရာအားလုံးဟာ ဝေဝါးထွေပြားနေတတ်ကြတာလဲ လူငယ်ဘဲ။ ဘာကို အာရုံစိုက်ရမှာမှန်းကို မသိဘူး။ အဲတော့ လက်ဘက်ရည်ဆိုင်ထိုင်ပြီနေတတ်ကြတယ်။ အခုခေတ်က လက်ဘက်ရည်ဆိုင်တော့ မဟုတ်တော့ဘူး ဘီယာဆိုင်ဖြစ်နေပြီ။ ဒါလူငယ်တွေကို အပြစ်ပြောနေတာ မဟုတ်ဘူးနော်။ ဟိုခေတ်ကတည်းက ရှိခဲ့တာ။ ဟိုးအရင် အခု လူကြီးဖြစ်နေကြတဲ့ သူတွေခေတ်က ကွမ်းယာဆိုင်က လက်တောက်ခုံကနေ အခုခေတ် ကျူခုံဖြစ်သွားတယ်။ ဟိုခေတ်က လက်ဘက်ရည်ဆိုင် ထိုင်တယ်။ အခု ဘီယာဆိုင်ထိုင်တယ် ဒါဘဲပြောင်းသွားတာ။ ငါတို့လက်ဘက်ရည်ဆိုင်ကတော်သေးတယ် မင်းတို့ ဘီယာဆိုင်က.... ဆိုပြီး ဘာညာဘာညာ တွေထားလိုက်ပါ။ ခေတ်တိုင်းက လူငယ်တိုင်းမှာ ခံစားချက်တွေက အတူတူတွေချည်းဘဲ။ ဒါကို ပြောချင်တာပါ။

iStock-820396834-450x300.jpg

ှနောက်တခုဖြစ်တဲ့ Unestimated တဲ့ ခန့်မှန်းရခက်ခြင်း၊ မသေချာခြင်း ဒါလဲ ဒီအတိုင်းဘဲ။ တခါက ကောင်မလေးတယောက်ရှိတယ် သူ လက်ထပ်တော့မယ်တဲ့ အဲဒါ သူမှာ ရည်းစား ၂ ယောက်ရှိနေလို့ ဘယ်သူကို ရွေးရမလဲတဲ့။ ဘယ်သူမှ မရွေးနဲ့ ထပ်ရှာလိုက်အုံး လို့။ နောက်တယောက်ထပ်ရှာလို့ပြီး ထပ်ရွေးစရာရှိနေသေးရင် နောက်ထပ် ထပ်ရှာအုံး။ ဘာမှ ရွေးချယ်စရာ မရှိတော့ဘူး။ တယောက်ထဲ ကျန်တော့မှ အဲဒါကိုဘဲ ရွေးတော့လို့ အကြံပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ခန့်မှန်းရခက်နေလို့။ သူကိုယ်တိုင်တောင် သူ့ကိုယ်သူ ခန့်မှန်းရခက်နေတာ။ ဘာဖြစ်လို့လဲ လူငယ်မို့လို့ပါ။ အဲတော့ ရည်းစားများတဲ့ ကောင်လေးတွေ ကောင်မလေးတွေ ရည်စားများတာမဟုတ်ဘူး ငါတို့ လူငယ်ပီသနေတာလို့ မှတ်လိုက်တော့။ ပြောချင်တာက လူငယ်တွေမှာ ခန့်မှန်းလို့မရတဲ့ မသေချာခြင်းတွေ အများကြီးရှိနေတာလည်း လူငယ်ဘဲ။ အခု ဝိတ်မလိုက်ကြပြန်ပြီ။ အခုဘဲ မောင်ဗမာ လိုဖြစ်အောင်ကြိုးစားတော့မှာလိုလို ဘာလိုလိုနဲ့ နောက် တပတ်လောက်ကြရော် တတ်ကြွတဲ့ ကြက်ဖတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရော်။ တိုက်ဆိုင်လိုက်တာဗျာ ငါများ စောင်းပြောနေတာလား မထင်နဲ့ ဘယ်သူမှ စောင်းမရေးဘူး။ ကျွန်တော် လူငယ်ဘ၀တုန်းက ဟာတွေ ပြန်ပြောပြနေတာ။

youthculture.jpg

နောက်တခုကတော့ Understanding နားလည်ပေးနိုင်မှု့တဲ့။ ကျွန်တော်တို့ ကြားဘူးကြမှာပါ။ တချို့လူငယ်လေးတွေရဲ့ ညည်းသံလေးတွေ 'ငါ့ကို ဘိုးတော်က နားကို မလည်ပေးဘူး။ ဘွားတော်ကလည်း နည်းနည်းလေးမှ ငါ့ဘက်က နားမလည်ပေးဘူးကွာ။ ဒီကြားထဲ သူငယ်ချင်းတွေကပါ နားလည်နိုင်ဘူး။ ဒီကောင်တွေက လှောင်လိုက်ကြသေးတယ်။ အဆိုးဆုံးကတော့ ငါ့ကောင်မလေးကပါ ငါ့ကို နားမလည်ပေးဘူးကွာ။' စသဖြင့် ဒီလို ညည်းသံလေးတွေ လူငယ်တွေဆီက ကြားရတတ်တယ်။ လူငယ်တွေဟာ သူတို့ကို နည်းလည်ပေးမှု့ကို လိုချင်နေကြတယ်။ သူတို့ကို နားလည်ပေးကြဖို့ တောင်းဆိုနေကြတယ်။ သူ့တို့မိသားစု၊ သူငယ်ချင်း စတဲ့ ပတ်ဝန်းကျင်ကသူတွေကို တောင်းဆိုနေကြပေမဲ့လည်း သူ့တို့အနားက လူငယ်သူငယ်ချင်းတွေကပါ လက်ခံဖို့ ဝေးစွ အလှောင်ခံနေရတတ်တယ် 'ဒီကောင် ဂေါက်နေတာပါကွာ။ ဘာကွာ။ ညာကွာ။' စသဖြင့် အပြောခံနေကြရတတ်တယ်။

ကျန်နေသော အချက်တွေ ၂ မှာဆက်ဖတ်ကြပါလို့........။

Photo from Google

'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'

ကျေးဇူးတင်စွာဖြင့် -

@HtunMinZaw (MSC 087)

Sort:  

ဟုတ်
တစ်ခုခုရသွားတယ်broရေ
ကျွန်တော့အရည်အချင်းကြောင့်တော့မဟုတ်ဘူး
.
လူငယ်ပီပီ ဟိုပြေးဒီပြေးတက် ဘာမှမတက်ဖြစ်တာကိုက
ကျွန်တော့ကိုပြောနေသလိုလို..ဟီး😁😁

လူငယ်ချင်းမှာတောင် ငါးနစ်ကွာဟသွားရင် ခေတ်ရောအတွေးအခေါ်အယူအဆပါမတူတော့ နားမလကြတာပါ။

အပိုင်း ၂ ​မျှော်

MSC ထဲက လူငယ် လူရွယ် တွေကို ဒဲ့ပြောနေသလား အောက်မေ့ရတယ်။ အပိုင်း (၂) မျှော်ပြီဗျာ။

ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ဗျ

Congratulations @htunminzaw! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 66740.62
ETH 3336.11
USDT 1.00
SBD 2.72