ရင်​ခွင်​အိုသို့ နှုတ်​ဆက်​ခြင်း

in #esteem7 years ago (edited)

image
ငယ်​စဉ်​အစ က​လေးဘဝမှ
စာ​ပေ​လေ့လာ ဆည်းပူးခဲ့ရာ
ခုချိန်​ခါမှာ တက္ကသိုလ်​သို့ ​ရောက်​ခဲ့ပြီး

တက္ကသိုလ်​....
မုခ်​ဦးအဝင်​ လမ်းတစ်​​လျှောက်​တွင်
ခ​ရေပင်​တန်း စွယ်​​တော်​နန်းလည်း
ဖူးပွင့်​ကြသည်​ စိန်​ပန်းက နီရရီနှင့်
ပင်​တန်းရှည်​တည့်​....။
image
ဤရင်​ခွင်​အို တက္ကသိုလ်​ဝယ်
အ​ရောင်​​သွေးစုံလှ ပျားလိပ်​ပြာများ
ပညာဝတ်​ရည်​ စုပ်​စားကြသည်
ဖော်​​ပေါင်းသင်း ​ရောင်းရင်းများနဲ့စုံအညီ....။

ဤတက္ကသိုလ်​ရင်​ခွင်​အိုဝယ်
အကြည့်​ချင်းဆုံကာ
ရင်​ခုန်​ခဲ့တဲ့ နှလုံးသား​ကြောင့်
ချစ်​တတ်​လွမ်းတတ်​ အ​ဆွေးသက်​သက်​နဲ့
ဇာတ်​လမ်း​လေး​တွေ ရှိခဲ့သည်​....။

စကြ ​​နောက်​ကြ ​ပျော်​ပါးကြရင်း
စိတ်​ဆိုးချိန်​ဆို ပြန်​ကာ​ချော့သည်
မောင်​နှမရင်းချာ ​သွေးသားမ​တော်​စပ်​ပါတဲ့
ပြောဆိုမနာ သူငယ်​ချင်းများလည်း ရှိခဲ့သည်​....။
image
ဤရင်​ခွင်​အိုရိပ်​ တက္ကသိုလ်​ဝယ်
မြူးတူးစွာ ခိုလှုံ​နေ​သော်​လည်း
အချိန်​တန်​အိမ်​ပြန်​လျှင်​ ခွဲကြရမည်​မို့
လျှောက်​ခဲ့ဖူးတဲ့ လမ်း​လေးရယ်
စာသင်​ခဲ့တဲ့ အ​ဆောင်​ရယ်
ထိုင်​ခဲ့ဖူးတဲ့ ကန်​တင်းရယ်
ထွေးသိပ်​နားခိုခွင့်​​ပေးတဲ့ ရင်​ခွင်​အိုရယ်​နဲ့
တစ်​လမ်းစီခွဲကြမည့်​ သူငယ်​ချင်းတို့​ရေ
ငါတို့ နှုတ်​ဆက်​ခဲ့ပြီ​လေ....။ ။
image
တစ်​ချိန်​က ​လွမ်းဆွတ်​အောက်​​မေ့ဖွယ်​ တက္ကသိုလ်​​အ​ကြောင်း​လေးကို ကဗျာ​လေးဖြင့်​ ​ဖော်​ကျူးမိပါသည်​....
image
Please Follow me and upvote @htoohan
SMT-74

Sort:  

SMT 62
This post has received upvote from @mooen.

Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase https://
3. Type re
Get Featured Instantly � Featured Posts are voted every 2.4hrs
Join the Curation Team Here | Vote Resteemable for Witness

ရေးထားတာ မိုက်တယ် သဘောကျတယ်
smt63

Done

SMT 61

Follow me

@kokomyothant

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63022.98
ETH 2580.28
USDT 1.00
SBD 2.72