မြန်မာ့ခြင်းလုံး
တို့ရိုးရာ ခြင်းအလှ
ခင်းအပြ သာတော်။
သတင်းက ကမ္ဘာကျော်တယ်
အထာနော် ခက်သား။
တော်ဝင်တဲ့ ဘိုးဘွားမွေကို
တိုးပွားစေ ထိန်းသိမ်းစို့လား။
အကနဲ့သိုင်းကွက်ကိုကွယ်
ပိုင်းဆက်သို ပေါင်းထား။
နှိုင်းချက်မပို အကြောင်းများက
မဟောင်းသွား သစ်လွင်။
မဟာနွယ် တည့်ဖဝါးနဲ့
လှည့်ကစား မျက်စိရှင်ရှင်။
တစ်ယောက်ချင်း အလယ်ဝင်ကာ
တကယ်ပင် စည်းလုံးကြလို့
နည်းဆုံးပြ မကပ်မခို။
အတတ်မလျှို တန်ဖိုးရှိပညာကိုကွယ်
အစဉ်သာလို တည်တံစေလေး။........။
Photo Credit###Facebook Photo
MSU-035
@htoohan
Nice Post
သိုင်းကျူးပါbro
ကဗျာရေးထားတာအတော် ကောင်းတယ် ။အားပေးနေမယ်နော်။
သိုင်းကျူးးပါ
nice post
Thanks bro
Good poem
nice post
သိုင်းကျူးးပါbro
ကဗျာလေးက အရမ်းကောင်းလှ
Posted using Partiko Android
Posted using Partiko Android
ကျေးဇူးပါဗျ
ခြင်းလုံးကိုဦးလေးတွေဆီကတစ်ခါယူခတ်ကြည့်တာ ခြေထောက်ကိုဆေးတွေလူးရတာနှစ်ရက်ဆက်တိုက်😁
ကော်ခြင်းဆို နာတယ်
ကြိမ်ခြင်းဆို သိပ်မနာဘူး
ပြန်ခတ်ကြည့်ပါလားဟင်😜😜
တကယ်နော်ပြန်ခတ်လို့နာရင်ဆေးခန်းပို့ပေးရမှာ
This post has received a 3.13 % upvote from @drotto thanks to: @htoohan.