သတ္တိ

in #esteem6 years ago (edited)

ဆရာကြီးဦးအောင်သင်းပြောတဲ့ " သတ္တိ "

လောကကြီးကို သတ္တိရှိတဲ့လူတွေ ဦးဆောင်နေတာ
သတ္တိမရှိတဲ့ကောင်တွေအတွက်
နေရာမရှိဘူး

ဟောဒီသစ်သားပြားပေါ်ကို
သံချောင်းနဲ့ ဒိုင်းခနဲရိုက်လိုက်
သံချောင်းစိုက်ဝင်သွားမယ်
သစ်သားပြား သူထက်မာတဲ့ကောင်နဲ့တွေ့တော့
နေရာ ဖယ်ပေးလိုက်ရတယ်
အဲ့ဒီသံချောင်းကို ကျောက်တုံးပေါ်ရိုက်
သံချောင်းပဲကွေးသွားမယ်
ကျောက်တုံးက နေရာဖယ်မပေးဘူး
I'm sorry ပဲ

သွေးကြောင်ရင် ဘေးရှောင်
သွေးကျဲရင် သစ်သားပြားလို ဘေးပြဲသွားမှာပဲ
အဲ့ဒီတော့ မင်းတို့မာမလား ပျော့မလား

ငါ မာသလားပျော့သလား ကိုယ့်ကိုကိုယ်ပြန်စဉ်းစား
ကိုယ်ကိုကိုယ် ပြန်တွေးတဲ့အခါ ရဲရဲကြီးတွေး
မညှာတမ်းတွေး အားမနာတမ်းတွေး
ကိုယ့်ကိုကိုယ်ညှာတွေးနေသရွေ့
ကိုယ့်အားနည်းချက်ကိုယ်သိမှာ မဟုတ်ဘူး
အားနည်းချက် မတွေ့သရွေ့ ပြင်ဖို့မရှိဘူး
ပြင်ဖို့မရှိသရွေ့ အဲ့ဒီလူ တစ်သက်လုံးမတိုးတက်ဘူး
အဲ့ဒါ မင်းတို့ ပုံသေယုံ

ပြီးတော့ မင်းတို့ အမိန့်နာခံနိုင်တဲ့ သတ္တိရှိရမယ်
အမိန့်ဆိုတာ သူများအမိန့်မဟုတ်ဘူး
ကိုယ့်အမိန့်ကို ကိုယ်လိုက်နာနိုင်ရမယ်
လူတွေက သူများအမိန့်ပဲ ကျိုးနွံတာ
ကိုယ့်အမိန့်ကို ကျိုးနွံနို်င်တဲ့သူရှားတယ်

မနက်ဘယ်အချိန်ထမယ်ဆိုပြီး
နှိုးစက်လေးချထားတယ်
မနက်ရောက်တော့ နှိုးစက်ကမြည်တယ်
လူကအိပ်ချင်မူးတူးနဲ့ မထချင်ဘူး
စောပါသေးတယ် ဘာညာနဲ့ ပိတ်လိုက်တယ်
အဲ့ဒါ ကိုယ့်အမိန့်ကို မနာခံတာ
ကိုယ့်ကိုကိုယ် မအောင်နိုင်တာ
ကိုယ့်ကိုကိုယ် မအောင်နိုင်သေးသရွေ့
လောကကြီးကို မအောင်နိုင်ဘူးဆိုတာ
မင်းတို့ပုံသေယုံလိုက်ပါ

လူတစ်ယောက် မိုးပျံအောင်တော်
တာဝန်ယူချင်တဲ့စိတ်
တာဝန်ယူရဲတဲ့ သတ္တိမရှိရင်
လောကကြီးအတွက် လူပိုပဲ
ကိုယ့်တိုင်းပြည် ကိုယ့်မိသားစုအတွက်
နိုင်သလောက် တာဝန်ယူနိုင်ရမယ်

ရိုးသားနိုင်ခြင်းဟာ သတ္တိ
ရိုးသားတယ်ဆိုတာ နုံတာ အ.တာမဟုတ်ဘူး
ကိုယ်မရသင့်မရထိုက်တာကို မမက်မောတာ
မလိုချင်တာ မယူတာ အဲ့ဒါရိုးသားဖြောင့်မတ်တာ
ရိုးသားမှုကို လူတိုင်းကြိုက်တယ်
ဒါပေမယ့် လူတိုင်းဆီမှာ မရှိဘူး
ရိုးသားခြင်းကြောင့် ဒုက္ခရောက်တတ်တယ်
အပင်တောင် ဖြောင့်တဲ့အပင်ပဲရွေးခုတ်တတ်ကြတယ်
သတ္တိမရှိပဲ ရိုးသားလို့မရဘူး

အမှန်တရားကို ချစ်မြတ်နိုးတာ အမှန်တရားကို
ပြောရဲတာ သတ္တိ
မှန်တာပြောရင် ရွာ့အပြင်ထုတ်ခံရတတ်တယ်ဆိုတဲ့စကားရှိတယ်
သတ္တိရှိဖို့လိုတယ်

ကိုယ်လုပ်နေတဲ့အလုပ်တစ်ခု
ကြိုစားတယ် မအောင်မြင်သေးဘူး
ဇွဲရှိရမယ်
ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့ ဂုဏ်သတ္တိကိုပြောတာ

ကြောက်လို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့
အောင်မြင်မှုက မင်းတို့နောက်လိုက်မလာဘူး
ရင်ဆိုင်နိုင်ရမယ်
ရင်ဆိုင်ရဲတဲ့သတ္တိရှိရမယ်

ရန်ဖြစ်တာ သတ္တိမဟုတ်ဘူး
ကိုယ့်ကိုကိုယ်သတ်သေရဲတာသတ္တိမဟုတ်ဘူး

သတ္တိဆိုတဲ့စကားလုံးဟာ
အရမ်းကျယ်ပြန့်တယ် နက်ရှိုင်းတယ်

သတ္တိဆိုတာ အရည်အချင်းအားလုံးရဲ့ဇစ်မြှစ်
သတ္တိမရှိသရွေ့
ဘယ်တော့မှ မတိုးတက်ဘူး
ဘာသတ္တိမှ မရှိရင် ဘာမှဖြစ်မလာနိုင်ဘူး
အဲ့ဒါ မင်းတို့ ပုံသေယုံပါ
.....................&....................

ဆရာကြီးရဲ့ သတ္တိနဲ့ပတ်သတ်တဲ့
အကြောင်းအရာများကို
စုစည်းရေးသားမျှဝေတာပါ
ကျွန်တော် မမှတ်သားဖူးတာများကျန်ခဲ့ပါလိမ့်မယ်
နားလည်ပေးကြပါ
image
ဆရာကြီးအား ထာဝရလေးစားလျက်..
Credit #Hla MoeKhine
@htoohan

Sort:  

This post has received a 0.95 % upvote from @speedvoter thanks to: @htoohan.

This post has received a 1.04 % upvote from @drotto thanks to: @htoohan.

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57658.56
ETH 2273.22
USDT 1.00
SBD 2.46