အချစ်၏ဆန္ဒ
ကိုယ်ကမင်းကိုထက်မြက်စေချင်တယ်
မင်းထက်မြက်သွားရင် ကိုယ့်ကိုထားခဲ့နိုင်တယ်
ဒါပေမယ့် အဲဒါအရေးမကြီးဘူး
ကိုယ်ချစ်တဲ့လူထက်မြက်လာပြီး
သူ့ခြေထောက်ပေါ်သူရပ်တည်သွားနိုင်ဖို့
ပုံစံမျိုးစုံနဲ့တွန်းအားပေးတတ်ခဲ့တာ ကိုယ့်အချစ်ပဲ
ကိုယ်ကမင်းကို အရာအားလုံးစမတ်ကျစေချင်တယ်
မင်းပြင်ဆင်နေထိုင်တတ်သွားရင် ကိုယ့်ကိုထားခဲ့နိုင်တယ်
ဒါပေမယ့် အရေးမကြီးဘူး
ကိုယ်ချစ်တဲ့လူ မိုက်သွားတာ လူတွေကဝိုင်းချီးကျူးဖို့
ကိုယ်ချစ်တဲ့သူစမတ်ကျတာ လူတွေကအထင်ကြီးနိုင်ဖို့
သူ့ကိုပုံစံမျိုးစုံနဲ့ကူညီချင်တာ ကိုယ့်အချစ်ပဲ
ကိုယ်ကမင်းကို ရင့်ကျက်စေချင်တယ် သိပ်တော်စေချင်တယ်
ဒါပေမယ့် မင်းရင့်ကျက်သွားရင် သိပ်တော်သွားရင်
ကိုယ်မရှိပဲ ရပ်တည်ချင်စိတ်တွေ ပေါ်လာနိုင်တယ်
ဒါပေမယ့် အဲ့ဒါအရေးမကြီးဘူး
ကိုယ်ချစ်တဲ့လူ ရင့်ကျက်လာဖို့ တော်လာဖို့
သူ့ကိုတဖက်တလမ်းကလမ်းပြပေးချင်တာကိုယ့်အချစ်ပဲ
#အချစ် ဆိုတာ ကိုယ်ပြောပြီးပြီ
#လူတယောက်ကိုစေတနာထားခြင်းပဲ
ကိုယ့်ချစ်သူ တော်ဖို့ လှပဖို့ တိုးတက်လာဖို့
ကောင်းမွန်တဲ့အရာတွေမှန်သမျှ သူ့ကိုပိုင်ဆိုင်ရစေချင်တာ
ကိုယ်တိုင်က သူပိုင်ဆိုင်နိုင်အောင် ကြိုးစားပေးချင်နေတာ
ဘယ်လိုနည်းလမ်းတွေပဲသုံးရ သုံးရပေါ့
ဒါတွေမရှိလည်းချစ်မှာပဲ
ဒါပေမယ့်..........အမေ အဖေက သားသမီးကို
ကောင်းစေချင်သလိုစိတ်မျိုး
မကောင်းလည်း သားသမီးပဲ
အဲဒီလိုပဲ မထက်မြက်လည်း မတော်ရင်လည်း ကိုယ့်ချစ်သူပါပဲ
လူတယောက်ကိုတကယ်ချစ်ရင်
ကိုယ်ဟာ သူ့ရဲ့မရှိမဖြစ်ပုံစံမျိုးမလုပ်ထားရဘူး
အကယ်လို့ ကိုယ်မရှိရင် သူဘယ်လိုရပ်တည်နိုင်မလဲ???
ဘယ်လိုဘဝကိုဆက်လျှောက်မလဲ???
အမြဲညွန်ကြားပြသပေးနေရတာမျိုး
အချစ်ဆိုတာတကယ်တော့
ကိုယ်မရှိလည်း သူ့ကိုယ်သူအကောင်းဆုံးရပ်တည်နိုင်အောင်
အလှပဆုံးကျန်ရစ်ခဲ့အောင်
သူ့ကိုလေ့ကျင့်ပေးခဲ့ရတာပါပဲ :-)
ဘာရယ်ညာရယ်မဟုတ် ဖီးလ်ကြည့်တာ😁

Photo Credit##Facebook Photo
MSU-035 @htoohan
This post has received a 20.75% upvote from
thanks to: @htoohan!!!
For more information, click here!!!!
If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.
Nice post
Thanks bro