***အကယ်​ဒမီ***

in #esteem6 years ago (edited)

image

ဤကမ္ဘာ​မြေ လူ့​ဘောင်​​လောက
အတွင်းဝယ်​ ဖြစ်​တည်​လတ်​​သော
အကယ်​ဒမီ ဆုများပိုင်​ရှင်
မည်​သူနည်းဟု ဆန်းစစ်​ကြည့်​စို့။

ဆေးစက်​ကျရာ အရုပ်​ထင်​သို့
ကျရာဇာတ်​ရုပ်​ မှန်​သမျှကို
နှုတ်​မူရာတွင်​ ကိုယ်​မူစွက်​၍
ဆွဲ​ဆောင်​နိုင်​သည့်​ ပညာရှင်​တို့။

သနားဖွယ်​ရာ သနားတတ်​​အောင်
ချစ်​ခင်​ဖွယ်​ရာ မြတ်​နိုးတတ်​​စေ
ဒုစရိုက်​ကို ​ကြောက်​ရွံ့​စေရန်
ချော့လှည့်​တစ်​ခါ ​ခြောက်​၍တစ်​ဖန်
သဏ္ဏာန်​လုပ်​၍ သရုပ်​​ဖော်​ပြ
ကျိုးလိုစိတ်​နှင့်​ ဆုံးမနိုင်​သည့်
ပန်းမြိုင်​လယ်​မှ ဥယျာဉ်​မှူးတို့။

ဆုံးမပဲ့ပြင်​ လမ်းညွှန်​ရာဝယ်
သက်​ဝင်​လှုပ်​ရှား ပီပြင်​လှ၍
အကယ်​ဒမီ ​ပေးထိုက်​ပါ၏
ပညာ့​လောက သရုပ်​​ဆောင်​တို့။

ထိုသူတို့ကား နာမည်​မ​ကျော်
မထင်​​ပေါ်လည်း ကမ္ဘာ​ကျော်​သည့်
ဘယ်​ဆုများရှင်​ လိုက်​လို့မှီနဘ်း
လူ့ပြည်​ရွာမှ ဗြဟ္မာကြီးတို့။ ။
SMT-74

@htoohan

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65236.35
ETH 3483.12
USDT 1.00
SBD 2.51