Time is money

in #knowledge7 years ago

ZG
#အခ်ိန္မျဖဳန္းပါနဲ
=============

အခ်ိန္ျဖဳန္းတယ္ဆိုတာ ဘာလဲလို႔ ေမးရင္ တီဗီၾကည့္တာ၊ ႐ုပ္ရွင္ၾကည့္တာ၊ သူငယ္ခ်င္းေတြနဲ႔ လက္ဖက္ရည္ဆိုင္ထိုင္တာ၊ ေဖ့စ္ဘုတ္ၾကည့္တာေတြလို႔ လြယ္လြယ္ကူကူ ေျဖၾကပါလိမ့္မယ္။ ႐ုတ္တရက္ေတာ့ အဲဒီအေျဖဟာ မွန္တယ္လို႔ ထင္ရပါတယ္။

ဒါေပမဲ့ ပညာေပးအစီအစဥ္တစ္ခုကို တီဗီကေန ၾကည့္တာ၊ စိတ္ဓါတ္ခြန္အားေပးမယ့္၊ သင္ခန္းစာေပးမယ့္ ႐ုပ္ရွင္ကားေကာင္းတစ္ကားကို ၾကည့္တာ၊ လက္ဖက္ရည္ဆိုင္ထိုင္ရင္း သူငယ္ခ်င္းေတြနဲ႔ အလုပ္အေၾကာင္း၊ စီးပြားေရးလုပ္ငန္းအေၾကာင္း ေဆြးေႏြးတာ၊ ေဖ့စ္ဘုတ္ကေန အက်ိဳးရွိမယ့္ စာေလးေတြ ဖတ္တာေတြကို အခ်ိန္ျဖဳန္းတယ္လို႔ ေျပာလို႔ရပါ့မလား။ ေျပာလို႔ မရပါဘူး။

ဒါဆိုရင္ အခ်ိန္ျဖဳန္းတယ္ဆိုတဲ့ စကားကို တိတိက်က် အဓိပၸါယ္ဖြင့္ဖို႔ လိုလာၿပီ။ စာေရးသူရဲ႕ အဓိပၸါယ္ ဖြင့္ဆိုခ်က္က ဒီလိုပါ။ “မိမိရဲ႕ ရည္မွန္းခ်က္ ပန္းတိုင္ေရာက္ဖို႔ လုပ္ရမယ့္အလုပ္ေတြက လြဲၿပီး က်န္တာေတြ လုပ္ျခင္းဟာ အခ်ိန္ျဖဳန္းျခင္းပါ”။

တစ္ခ်ိဳ႕က ေျပာၾကပါတယ္။ သူတို႔တေတြ အေရမရ အဖတ္မရ စကားေတြ ေျပာတာ၊ ေဖ့စ္ဘုတ္က အက်ိဳးမရွိတဲ့ စာေတြဖတ္တာ တစ္ေန႔မွ ၂ နာရီေလာက္ပဲ ရွိတာမို႔ သိတ္အေရးမႀကီးပါဘူးတဲ့။ တစ္ေန႔ကို ၂ နာရီ၊ တစ္လကို နာရီ ၆၀၊ တစ္ႏွစ္ကို နာရီ ၇၂၀ (အခ်ိန္တစ္လစာနဲ႔ ညီမွ်)၊ ၁၀ ႏွစ္ကို နာရီ ၇,၂၀၀ ( အခ်ိန္ ၁၀ လစာနဲ႔ ညီမွ်)။ နည္းနည္းေနာေနာ အခ်ိန္ေတြ ျဖဳန္းလိုက္တာပါလား။

တကယ္ေတာ့ အခ်ိန္ျဖဳန္းသူေတြဟာ အခ်ိန္ရဲ႕ တန္ဖိုးကို နားမလည္ၾကလို႔ပါ။ အခ်ိန္ကို အတိအက် ဘယ္ေလာက္ဆိုတာ တန္ဖိုးျဖတ္လို႔ မရေအာင္ တန္ဖိုးႀကီးပါတယ္။ ဘာေၾကာင့္ ခုလို ေျပာရတာလဲ။ ကမာၻေပၚမွာ တန္ဖိုးႀကီးတဲ့ အိမ္၊ ျခံေျမ၊ ကား၊ စိန္၊ ေရွြ၊ ေငြ၊ ေက်ာက္သံပတၱျမား အာလံုးကို ေငြေပးျပီး ဝယ္ႏိုင္ပါတယ္။ ဒါေပမဲ့ ပိုက္ဆံ ဘယ္ေလာက္ေပးေပး ဝယ္လို႔မရတာက အခ်ိန္ပါ။ မေန႔က ကုန္ဆံုးသြားတဲ့ အခ်ိန္ကို ေဒၚလာတစ္သန္း ေပးဝယ္မယ္။ ဝယ္လို႔ရမလား။ ဘယ္ရလိမ့္မလဲ။ ငယ္စဥ္ကေလးဘဝက ေပ်ာ္စရာအခ်ိန္ေလးကို ေဒၚလာသန္းတစ္ေထာင္ၾကီးမ်ားေတာင္ ေပးဝယ္မယ္ဗ်ာ။ ရမလား။ ဘယ္ဝယ္လို႔ ရမလဲ။ ဒါေၾကာင့္ အခ်ိန္ဟာ တန္ဖိုးျဖတ္မရေအာင္ အဖိုးတန္တယ္ဆိုတာ လက္ခံၿပီလို႔ ထင္ပါတယ္။အခ်ိန္ အဖိုးတန္တယ္ဆိုတာကို သိၿပီဆိုရင္ အခ်ိန္္ကို အက်ိဳးရွိရွိ သံုးဖို႔ မလိုေပဘူးလား။ သင္ ဒီေန႔ကစလို႔ ဆက္ၿပီးအေရးမပါ၊ အက်ိဳးမရွိတာေတြလုပ္ရင္းနဲ႔ အခ်ိန္ျဖဳန္းေနအုံးမွာလား။

ႀကီးပြားေအာင္ျမင္သူေတြဟာ အခ်ိန္ကို တစ္စကၠန္႔၊ တစ္မိနစ္ေတာင္ မျဖဳန္းတတ္ၾကဘူး။ အက်ိဳးရွိေအာင္ သံုးၾကတယ္။ ေန႔စဥ္ ရံုးသြား ရံုးျပန္ ဘတ္စ္ကား ေစာင့္ရင္း ကားေပၚမွာ၊ ရထားေပၚမွာ အက်ိဳးရွိမယ့္စာအုပ္ေတြကို ဖတ္ၾကတယ္။ သူတို႔ ဘဝတိုးတက္ေစဖို႔ စိတ္ခြန္အားေပးတဲ့ တိပ္ေခြေတြ၊ စီဒီေခြေတြကို သြားရင္းလာရင္း နားၾကပ္ေလးနဲ႔ နားေထာင္ၾကတယ္။ တစ္ခါတစ္ေလ လက္ေတာ့ပ္ကြန္ပ်ဴတာ၊ အိုင္ပက္၊ ေတးဘလက္၊ မိုဘိုင္းဖုန္းေတြနဲ႔ ရံုးအလုပ္ေတြ လုပ္သြားၾကတယ္။ သင္ဟာ ႀကီးပြားေအာင္ျမင္ခ်င္သူဆိုရင္ ဒါေတြကို အတုယူသင့္ပါတယ္။

ေအာင္ျမင္ႀကီးပြားသူေတြဟာ သူတို႔ရဲ႕ အခ်ိန္ကို အရမ္းတန္ဖိုးထားသူေတြမို႔ အေရမရ အဖတ္မရ စကားလာေျပာၿပီး သူတို႔အခ်ိန္လာျဖဳန္းသူေတြကို အရမ္းမုန္းတယ္။ အဲဒီလူေတြ စကားလာေျပာရင္ “ေဆာရီးပါ။ က်ေနာ့္မွာ အခ်ိန္မရလို႔ပါ”ဆိုၿပီး စကားကို ျဖတ္ပစ္တတ္ၾကတယ္။ သူတို႔ဟာ အဲဒီလူေတြကို သူတို႔ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကို အခ်ိန္မီေရာက္ဖို႔ ႀကိဳးစားေနခ်ိန္မွာ အခ်ိန္လာခိုးသူေတြမို႔ ရည္မွန္းခ်က္ပန္းတိုင္ကို ဖ်က္ဆီးသူေတြလို႔ ယူဆထားၾကလို႔ပါ။

အခု သင္ဟာ ေအာင္ျမင္ႀကီးပြားသူေတြရဲ႕ အခ်ိန္ကို တန္ဖိုးထားတတ္ပံုကို လက္ခံၿပီဆိုရင္ သူတို႔လို အခ်ိန္ကို တန္ဖိုးထားတတ္လာေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့ နည္းေလးတစ္ခု ေျပာျပပါမယ္။ စမ္းသံုးၾကည့္ပါ။ အက်ိဳးရွိတယ္ဆိုရင္ စြဲစြဲျမဲျမဲ လုပ္ပါ။

သင္ ညမအိပ္ခင္ အိပ္ယာေပၚမွာ လဲေလ်ာင္းေနတုန္း နဖူးေပၚ လက္တင္ရင္း ခုလို စဥ္းစားပါ။ ဒီေန႔ ငါ အခ်ိန္ေတြ ဘယ္ေလာက္မ်ား ျဖဳန္းမိလိုက္သလဲ။ ငါလုပ္ခဲ့တာေတြဟာ ငါ့အတြက္၊ ငါ့မိသားစုအတြက္၊ ငါ့ႏိုင္ငံ ငါ့လူမ်ိဳးအတြက္ အက်ိဳးျပဳရဲ႕လား။ ငါ့ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ေစမယ့္ လုပ္ရပ္ေတြလား။ ညတိုင္း အဲဒီလို တေန႔တာလုပ္ရပ္ေတြကို ျပန္သံုးသပ္ေနမယ္ဆိုရင္ အကိ်ဳးမရွိမယ့္ အလုပ္ေတြကို ေရွာင္က်ဥ္ျပီး အခ်ိန္ကို အက်ိဳးရွိတဲ့ အလုပ္ေတြအတြက္ပဲ သံုးတတ္လာပါလိမ့္မယ္။

လူ႔ဘဝဆိုတဲ့ ေရႊအိုးႀကီးထဲက အခ်ိန္ဆိုတဲ့ ေရႊဒဂၤါးတစ္ျပားစီကို မိနစ္တိုင္း ထုတ္ယူသံုးေနမယ္ဆိုရင္ တစ္ခ်ိန္မွာ ေရႊအိုးႀကီးထဲက ေရႊဒဂၤါးျပားေတြ ကုန္သြားမွာ မုခ်ပါ။ ကုန္သြားၿပီဆိုရင္ ထပ္ျဖည့္လို႔ မရေတာ့ပါဘူး။ ဒါေၾကာင့္ ထုတ္သံုးလိုက္တဲ့ ေရႊဒဂၤါးေတြနဲ႔ အက်ိဳးရွိတာေတြ ဝယ္မထားဘူး၊ အကိ်ဳးရွိမယ့္ လုပ္ရပ္ေတြ လုပ္မထားဘူးဆိုရင္ အိုးထဲမွာ ေရႊဒဂၤါးေတြတစ္ျပားမွ မက်န္ေတာ့သလို လူ႔ဘဝမွာ ေနရတဲ့ ကာလေလးဟာလည္း အဓိပၸါယ္မဲ့ ဗလာနတၳိ ျဖစ္သြားမွာပါ။

သင္ တစ္ကယ္ပဲ ေအာင္ျမင္ႀကီးပြားသူတစ္ေယာက္ျဖစ္ခ်င္ရင္ အခ်ိန္မေႏွာင္းေသးပါဘူး။ ဒီေန႔ကစလို႔ အခ်ိန္မျဖဳန္းေတာ့ဘူး၊ အက်ိဳးရွိေအာင္ အခ်ိန္ကို အသံုးခ်မယ္လို႔ ဆံုးျဖတ္ခ်က္ခ်ၿပီး စလုပ္လိုက္ပါေတာ့။

Credit:ဗန္းေမာ္သိန္းေဖ

UNI
#အချိန်မဖြုန်းပါနဲ
=============

အချိန်ဖြုန်းတယ်ဆိုတာ ဘာလဲလို့ မေးရင် တီဗီကြည့်တာ၊ ရုပ်ရှင်ကြည့်တာ၊ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာ၊ ဖေ့စ်ဘုတ်ကြည့်တာတွေလို့ လွယ်လွယ်ကူကူ ဖြေကြပါလိမ့်မယ်။ ရုတ်တရက်တော့ အဲဒီအဖြေဟာ မှန်တယ်လို့ ထင်ရပါတယ်။

ဒါပေမဲ့ ပညာပေးအစီအစဉ်တစ်ခုကို တီဗီကနေ ကြည့်တာ၊ စိတ်ဓါတ်ခွန်အားပေးမယ့်၊ သင်ခန်းစာပေးမယ့် ရုပ်ရှင်ကားကောင်းတစ်ကားကို ကြည့်တာ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတွေနဲ့ အလုပ်အကြောင်း၊ စီးပွားရေးလုပ်ငန်းအကြောင်း ဆွေးနွေးတာ၊ ဖေ့စ်ဘုတ်ကနေ အကျိုးရှိမယ့် စာလေးတွေ ဖတ်တာတွေကို အချိန်ဖြုန်းတယ်လို့ ပြောလို့ရပါ့မလား။ ပြောလို့ မရပါဘူး။

ဒါဆိုရင် အချိန်ဖြုန်းတယ်ဆိုတဲ့ စကားကို တိတိကျကျ အဓိပ္ပါယ်ဖွင့်ဖို့ လိုလာပြီ။ စာရေးသူရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်က ဒီလိုပါ။ “မိမိရဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ လုပ်ရမယ့်အလုပ်တွေက လွဲပြီး ကျန်တာတွေ လုပ်ခြင်းဟာ အချိန်ဖြုန်းခြင်းပါ”။

တစ်ချို့က ပြောကြပါတယ်။ သူတို့တတွေ အရေမရ အဖတ်မရ စကားတွေ ပြောတာ၊ ဖေ့စ်ဘုတ်က အကျိုးမရှိတဲ့ စာတွေဖတ်တာ တစ်နေ့မှ ၂ နာရီလောက်ပဲ ရှိတာမို့ သိတ်အရေးမကြီးပါဘူးတဲ့။ တစ်နေ့ကို ၂ နာရီ၊ တစ်လကို နာရီ ၆၀၊ တစ်နှစ်ကို နာရီ ၇၂၀ (အချိန်တစ်လစာနဲ့ ညီမျှ)၊ ၁၀ နှစ်ကို နာရီ ၇,၂၀၀ ( အချိန် ၁၀ လစာနဲ့ ညီမျှ)။ နည်းနည်းနောနော အချိန်တွေ ဖြုန်းလိုက်တာပါလား။

တကယ်တော့ အချိန်ဖြုန်းသူတွေဟာ အချိန်ရဲ့ တန်ဖိုးကို နားမလည်ကြလို့ပါ။ အချိန်ကို အတိအကျ ဘယ်လောက်ဆိုတာ တန်ဖိုးဖြတ်လို့ မရအောင် တန်ဖိုးကြီးပါတယ်။ ဘာကြောင့် ခုလို ပြောရတာလဲ။ ကမ္ဘာပေါ်မှာ တန်ဖိုးကြီးတဲ့ အိမ်၊ ခြံမြေ၊ ကား၊ စိန်၊ ရှေွ၊ ငွေ၊ ကျောက်သံပတ္တမြား အာလုံးကို ငွေပေးပြီး ဝယ်နိုင်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံ ဘယ်လောက်ပေးပေး ဝယ်လို့မရတာက အချိန်ပါ။ မနေ့က ကုန်ဆုံးသွားတဲ့ အချိန်ကို ဒေါ်လာတစ်သန်း ပေးဝယ်မယ်။ ဝယ်လို့ရမလား။ ဘယ်ရလိမ့်မလဲ။ ငယ်စဉ်ကလေးဘဝက ပျော်စရာအချိန်လေးကို ဒေါ်လာသန်းတစ်ထောင်ကြီးများတောင် ပေးဝယ်မယ်ဗျာ။ ရမလား။ ဘယ်ဝယ်လို့ ရမလဲ။ ဒါကြောင့် အချိန်ဟာ တန်ဖိုးဖြတ်မရအောင် အဖိုးတန်တယ်ဆိုတာ လက်ခံပြီလို့ ထင်ပါတယ်။အချိန် အဖိုးတန်တယ်ဆိုတာကို သိပြီဆိုရင် အချိန််ကို အကျိုးရှိရှိ သုံးဖို့ မလိုပေဘူးလား။ သင် ဒီနေ့ကစလို့ ဆက်ပြီးအရေးမပါ၊ အကျိုးမရှိတာတွေလုပ်ရင်းနဲ့ အချိန်ဖြုန်းနေအုံးမှာလား။

ကြီးပွားအောင်မြင်သူတွေဟာ အချိန်ကို တစ်စက္ကန့်၊ တစ်မိနစ်တောင် မဖြုန်းတတ်ကြဘူး။ အကျိုးရှိအောင် သုံးကြတယ်။ နေ့စဉ် ရုံးသွား ရုံးပြန် ဘတ်စ်ကား စောင့်ရင်း ကားပေါ်မှာ၊ ရထားပေါ်မှာ အကျိုးရှိမယ့်စာအုပ်တွေကို ဖတ်ကြတယ်။ သူတို့ ဘဝတိုးတက်စေဖို့ စိတ်ခွန်အားပေးတဲ့ တိပ်ခွေတွေ၊ စီဒီခွေတွေကို သွားရင်းလာရင်း နားကြပ်လေးနဲ့ နားထောင်ကြတယ်။ တစ်ခါတစ်လေ လက်တော့ပ်ကွန်ပျူတာ၊ အိုင်ပက်၊ တေးဘလက်၊ မိုဘိုင်းဖုန်းတွေနဲ့ ရုံးအလုပ်တွေ လုပ်သွားကြတယ်။ သင်ဟာ ကြီးပွားအောင်မြင်ချင်သူဆိုရင် ဒါတွေကို အတုယူသင့်ပါတယ်။

အောင်မြင်ကြီးပွားသူတွေဟာ သူတို့ရဲ့ အချိန်ကို အရမ်းတန်ဖိုးထားသူတွေမို့ အရေမရ အဖတ်မရ စကားလာပြောပြီး သူတို့အချိန်လာဖြုန်းသူတွေကို အရမ်းမုန်းတယ်။ အဲဒီလူတွေ စကားလာပြောရင် “ဆောရီးပါ။ ကျနော့်မှာ အချိန်မရလို့ပါ”ဆိုပြီး စကားကို ဖြတ်ပစ်တတ်ကြတယ်။ သူတို့ဟာ အဲဒီလူတွေကို သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အချိန်မီရောက်ဖို့ ကြိုးစားနေချိန်မှာ အချိန်လာခိုးသူတွေမို့ ရည်မှန်းချက်ပန်းတိုင်ကို ဖျက်ဆီးသူတွေလို့ ယူဆထားကြလို့ပါ။

အခု သင်ဟာ အောင်မြင်ကြီးပွားသူတွေရဲ့ အချိန်ကို တန်ဖိုးထားတတ်ပုံကို လက်ခံပြီဆိုရင် သူတို့လို အချိန်ကို တန်ဖိုးထားတတ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလေးတစ်ခု ပြောပြပါမယ်။ စမ်းသုံးကြည့်ပါ။ အကျိုးရှိတယ်ဆိုရင် စွဲစွဲမြဲမြဲ လုပ်ပါ။

သင် ညမအိပ်ခင် အိပ်ယာပေါ်မှာ လဲလျောင်းနေတုန်း နဖူးပေါ် လက်တင်ရင်း ခုလို စဉ်းစားပါ။ ဒီနေ့ ငါ အချိန်တွေ ဘယ်လောက်များ ဖြုန်းမိလိုက်သလဲ။ ငါလုပ်ခဲ့တာတွေဟာ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့နိုင်ငံ ငါ့လူမျိုးအတွက် အကျိုးပြုရဲ့လား။ ငါ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်စေမယ့် လုပ်ရပ်တွေလား။ ညတိုင်း အဲဒီလို တနေ့တာလုပ်ရပ်တွေကို ပြန်သုံးသပ်နေမယ်ဆိုရင် အကိျုးမရှိမယ့် အလုပ်တွေကို ရှောင်ကျဉ်ပြီး အချိန်ကို အကျိုးရှိတဲ့ အလုပ်တွေအတွက်ပဲ သုံးတတ်လာပါလိမ့်မယ်။

လူ့ဘဝဆိုတဲ့ ရွှေအိုးကြီးထဲက အချိန်ဆိုတဲ့ ရွှေဒင်္ဂါးတစ်ပြားစီကို မိနစ်တိုင်း ထုတ်ယူသုံးနေမယ်ဆိုရင် တစ်ချိန်မှာ ရွှေအိုးကြီးထဲက ရွှေဒင်္ဂါးပြားတွေ ကုန်သွားမှာ မုချပါ။ ကုန်သွားပြီဆိုရင် ထပ်ဖြည့်လို့ မရတော့ပါဘူး။ ဒါကြောင့် ထုတ်သုံးလိုက်တဲ့ ရွှေဒင်္ဂါးတွေနဲ့ အကျိုးရှိတာတွေ ဝယ်မထားဘူး၊ အကိျုးရှိမယ့် လုပ်ရပ်တွေ လုပ်မထားဘူးဆိုရင် အိုးထဲမှာ ရွှေဒင်္ဂါးတွေတစ်ပြားမှ မကျန်တော့သလို လူ့ဘဝမှာ နေရတဲ့ ကာလလေးဟာလည်း အဓိပ္ပါယ်မဲ့ ဗလာနတၳိ ဖြစ်သွားမှာပါ။

သင် တစ်ကယ်ပဲ အောင်မြင်ကြီးပွားသူတစ်ယောက်ဖြစ်ချင်ရင် အချိန်မနှောင်းသေးပါဘူး။ ဒီနေ့ကစလို့ အချိန်မဖြုန်းတော့ဘူး၊ အကျိုးရှိအောင် အချိန်ကို အသုံးချမယ်လို့ ဆုံးဖြတ်ချက်ချပြီး စလုပ်လိုက်ပါတော့။

Credit:ဗန်းမော်သိန်းဖေ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64599.25
ETH 3467.96
USDT 1.00
SBD 2.55