A place I would like to visitsteemCreated with Sketch.

in #myanmar7 years ago

မြန်မာပြည်ရဲ့ ရေပြာအိုင် (သို့) လွန်းည
.
ဘားအံရောက်ရင် နောက်လည်ရမဲ့တစ်နေရာတိုးပြီ။ အဲဒါကတော့ အိန္ဒုရွာအကျော်နားက လွန်းည ရေပြာအိုင်ပါတဲ့။ သာမညသွားတဲ့လမ်းပေါ်မှာပဲရှိပါတယ်။ သူငယ်ချင်းက ရေပြာအိုင်ရှိတယ်ဆိုတော့ ကိုယ်က ရေကူးလို့ရလားပေါ့။ ရတယ်တဲ့။ ဒါနဲ့ မယုံသေးဘူး တော်တော်များများ ရေပြာအိုင်တွေ ဒီမှာ ပေးမကူးဘူးကို။ ဒါနဲ့ပဲ ဒီကို အကုန်လုံးချီတက်ခဲ့ကြတယ်။
.
လွန်းည အသွားလမ်းကလှလိုက်တာ။ ကိုယ်တွေမှာ သဘာဝတရားကြီးကို ငေးမောလို့ အမောတွေတောင် ပြေတယ်။ ကားတွေ အမြန်ရပ်ပြီး ကားမလာတုန်း မြန်မြန် လမ်းပေါ် တက်ရိုက်ရသေးတယ်။ မိုးတွင်းဆိုတော့ ဘားအံကမိုးများပေမဲ့ မိုးတိမ်တွေတောင်ဘေးနား ဖြတ်သန်းသွားတိုင်း လှလွန်းတာမို့ ကိုယ်ကတော့ မိုးရာသီကိုချစ်တယ်။
.
တစ်နာရီလောက် ကားမောင်းပြီးတော့ အိန္ဒုရွာအကျော်လေးမှာတော့ လွန်းည ရေပြာအိုင်ကို တွေ့ပါပြီ။ ဟယ် ဘယ်မှာလဲ နင်ပြောတဲ့ရေအိုင်ဆိုတော့ ဒီတံတားကြီးကို ဖြတ်ရမှာတဲ့လေ။ ဒါနဲ့ အုတ်တံတားအတိုင်းလျှောက်ရင်း လူတွေ ရေကစားနေတာကိုလှမ်းမြင်လိုက်ရတယ်။ အိုး ထူးဆန်းလိုက်တာ။ ဒီဘက်တံတားအောက်က ရေတွေဟာနောက်ကျိနေပေမဲ့ ဟိုဘက်ခြမ်းရေအိုင်လေးက ပြာလဲ့နေတာပဲ။
.
စစသွားတုန်းက ရေထဲဆင်းဖို့ ဘယ်တုန်းကမှမစဉ်းစားခဲ့လို့ အကျီတောင် ယူမလာခဲ့တဲ့ ကိုယ်တွေ တစ်ဖွဲ့ ရေပြာအိုင်ရဲ့ ဆွဲဆောင်မှုကြောင့် ကန်ထဲကို မဆင်းလို့မရတော့လောက်အောင်ကို ဖြစ်နေပြီ။ ဒါနဲ့ အဲနားမှာ ဘောကွင်းသွားငှားတော့ တစ်ကွင်း ၅၀၀ ကျပ်တဲ့။ ဘောကွင်းလေးကိုယ်စီနဲ အကုန်လုံး ပါလာတဲ့အဝတ်အစားတွေနဲ့ပဲ ရေထဲကို ဆင်းပလိုက်တယ်။ အရမ်းလှပြီး အေးစိမ့်နေတာ။ ဒီကန်က မိုးအရမ်းများရင်တော့ နောက်တတ်တယ်။ ကိုယ်တွေလာတာပဲ ကံကောင်းတာ ထင်ပါရဲ့ ရေလေးတွေကကြည်နေတာပဲ။ Tubing လုပ်ရင်း စဉ်းစားမိတာက ဟယ် ငါတို့ကော်ဖီလေး ရေစိမ်ရင်းသောက်ရရင်ကောင်းမှာပဲလို့။ ကိုယ်တွေမှာ ပြန်ရမှာမို့သာ ရေထဲကတောင် ပြန်မတက်ချင်ဘူး။ ကလေးတွေလဲပျော်နေလိုက်တာ နွယ်ကြိုးခိုစီးသူနဲ့ သစ်ပင်ပေါ်တက် ဒိုင်ဗင်ထိုးတဲ့သူတွေနဲ့ပျော်စရာကြီး။ ပြန်မှာမို့လို့ အကြာကြီးမနေခဲ့ရလို့ နောက်တစ်ခါတော့ အေးဆေး အဲမှာ သွားအပန်းဖြေဦးမယ်။ နောက်တစ်ခုကအမှိုက်တွေဘာတွေလဲ ဖွမထားတာ တွေ့ရတော့ စိတ်လဲချမ်းသာတယ်။
.
သြော် ဒါနဲ့ဘီယာတော့ မသောက်သင့်ဘူးနော်။ အဲကဘုရားနယ်မြေဆိုတော့ မသောက်ကြဘူး။ အော် သဘောကျတာ တစ်ခုရှိသေးတယ်။ ရေကန်နားမှာ ကျောက်ပြင်နဲ့ သနပ်ခါးတုံးတောင် ထားထားသေးတယ်။ ရေကူးပြီးရင်လိမ်းသွားလို့ရတယ်။ ရေက အချို့ရာသီတွေ နောက်တတ်တယ် ပြီးတော့ ရေခန်းတတ်တယ်လို့ပြောကြတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တွေ ကံကောင်းခဲ့တယ်။ ဒီကိုရောက်ရင် အမှိုက်တော့ မဖွဖို့ ပြောပါရစေနော်။
.
မှတ်ချက် - ရှုးစီးမသွားနဲ့နော် ဖိနပ်အပါး စီးသွားပါ။ ရေကူးရင်ဝတ်ဖို့ အဝတ် သယ်သွားပါ။ အဝတ်လဲခန်းတော့မရှိဘူး။ ခြုံတော့တိုးရမယ်လို့ :P
#hpaan
![FB_IMG_1501473450004.jpg]
()
FB_IMG_1501473469945.jpg
Photo credit

Sort:  

သွားသင့်တဲ့ နေရာ တစ်ခု

သွားအုံးမှာ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64599.25
ETH 3467.96
USDT 1.00
SBD 2.55