သူမ ( ၂ )

in #myanmar7 years ago (edited)

ကျွန်တော်နှင့် သူမက အသက်အရွယ် နည်းနည်းကွာခြားပေမဲ့ တယောက်ကို တယောက် အရမ်းချစ်ခဲ့ကြတယ်။

ကျွန်တော်က သူမထက် အသက်ကြီးသော်လည်း သူမနှင့် စကားပြောချိန်တွေဆို ကလေးလေး တစ်ယောက်လို ဖြစ်ဖြစ်သွားတယ်ဗျာ။

ဒါကြောင့်လည်း သူမက ကျွန်တော်ကို မောင် လို့ဘဲ ခေါ်တယ်ဗျ။

တကယ်လည်း သူမက ကျွန်တော်ကို လွှမ်းမိုးနိုင်တာကိုးဗျ။

ဒါကြောင့် လူတွေပြောကြတာ ယောကျာ်းလေးတွေက အချစ်နှင့် တွေ့ရင် ကလေးဖြစ်သွားကြတယ်တဲ့။

မချစ်ဖူးလို့ ရူးတယ်ဘဲ ပြောပြော ကျွန်တော် သူမရဲ့ အချစ်မှာ နစ်မြောမိနေပြီ။

တခါတလေ အကြောင်းမရှိ အကြောင်းရှာပြီ ကလေးလေးလို စိတ်ကောက်တာလေးကလည်း သူမကို ပိုချစ်မိစေတယ်။

image

ကျွန်တော် သူမအပေါ် တခါတလေ လိမ်မိတဲ့အခါ သူမ အကြီးအကျယ် စိတ်ကောက်ပြီ စကားများကြပေမဲ့ တယောက်နှင့်တယောက် တရက်ပြည့်အောင် စကားမပြောဘဲ မနေနိုင်အောင် ချစ်ကြတယ်။

သူမကို ကျွန်တော်ကို လိမ်တာကလည်း သူမရဲ့နောက်ကွယ်မှာ မဟုတ်တာလုပ်ချင်လို့မဟုတ်ပါဘူး။

အနေဝေးတဲ့ ချစ်သူတွေဆိုတော့ သံသယစိတ်တွေ များလာရင် သူမနှင့် ဝေးကွာသွားရမှာ ကြောက်မိလို့ပါ။

သို့သော် ကျွန်တော် လိမ်တိုင်းလည်း တခါမှ အောင်မြင်တယ်ဆိုတာ မရှိပါဘူး။

ကျွန်တော် မလိမ်တတ်တာ သူမ သိနေတော့ နှစ်ခွန်း မအစ်ရဘူး ကျွန်တော်က ပြောပြမိရော။

ဒါကိုဘဲ သူမက သူ့ကို လိမ်တယ်ဆိုပြီ စိတ်ကောက်လေရောဗျာ။

ဘယ်လိုပင် စိတ်ကောက်လို ရန်ဖြစ်ဖြစ် စကားများများ စိတ်ဆိုးပြေပြီ ဆိုတာနှင့် တယောက်ကို တယောက် အရင်ကထက် ပိုပိုချစ်လာတယ်ဆိုတာ နားလည်ခဲ့ကြတတယ်။

ဒါကြောင့်ဖြစ်မယ် သူမက ကျွန်တော်ကို တပတ်မှာ အနည်းဆုံး တကြိမ်တော့ စိတ်ကောက်တော် မူပါသည်။

image

အရိုးကွဲအောင် ရိုက်မှ အသဲစွဲအောင် ချစ်မယ် ဆိုတဲ့အတိုင်း ကျွန်တော်နှင့်သူမက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် ပိုပိုချစ်လာကြတာ ယနေ့ထိတိုင်ဘဲဗျာ။

ကျွန်တော်နှင့်သူမက အနေဝေးချစ်သူတွေ ဆိုတော့ စချစ်ကြတည်းက ခုချိန်ထိ အပြင်မှာ မတွေ့ကြဖူးကြပေမဲ့ ဓါတ်ပုံလေးတွေ video record လေးတွေကို online ထဲကနေ တယောက်နှင့်တယောက် ပေးပို့ရင်း အနားမှာ ရှိတဲ့ ချစ်သူတွေထက် ကျွန်တော်နှင့်သူမက ပိုချစ်လာကြတာ။

တခါတလေ ချစ်သူရည်းစားကြားမှာ စကားပြောရင် အပြန်အလှန်မေးမိကြတာလေးတွေလည်း တခု ရှိတယ်ဗျာ။

ကျွန်တော်နှင့်သူမကြားမှာလည်း ထိုမေးခွန်းလေးကို တခါတလေ မေးတတ်ကြတယ်။

ဘာလို့ ချစ်တာလဲတဲ့။

သူမက ကျွန်တော်ကို မေးရင် ကျွန်တော့်မှာ ရင်တအားခုန်တာဘဲ သိတယ်ဗျာ ဘာဖြေရမလဲ မသိဘူး။

ဒါကြောင့် ကျွန်တော် ဖြေမိတယ် မသိဘူးလို့ ချစ်လို့ချစ်တာပေါ့လို့ ပြန်ဖြေလိုက်တယ်ဗျာ။

ကျွန်တော်လည်း သူမကို ပြန်မေးမိတယ် ဘာလို့ချစ်တာလဲပေါ့။

သူမလည်း ကျွန်တော်လိုဘဲ ဘိုမှန်းမသိဘူး ချစ်လို့ကို ချစ်နေမိတာလို့ဘဲ ဖြေတယ်။

ထို့ကြောင့် ကျွန်တော်နှင့်သူမက သူများတွေလို အချစ်ကို စကားလုံးလှလှတွေနနဲ့လည်း မသီကုံးဘူး အချစ်ကို ရိုးရိုးလေးဘဲ ချစ်လို့ချစ်တယ်လို့ဘဲ ခံယူထားကြတာ။

သူမက တခြားသူတွေအတွက်တော့ လှချင်မှလှပါမယ် ကျွန်တော်အတွက်တော့ သူမရဲ့ အလှက ပြီးပြည့်စုံလွန်းတယ်ဗျာ။

သူမ ရယ်လိုက်ရင် သွားတက်လေး ပေါ်ပြီ အရမ်းချစ်ဖို့ ကောင်းတာ။

သူမ ပြုံးလိုက်ရင်လည်း မျက်လုံးလေးက ကျွန်တော်ကို အရမ်းဆွဲဆောင် လွန်းတယ်။

ကျွန်တော် သူမကို သိပ်ချစ်တယ်ဗျာ...

image

Author ; Htin Lin Aung ( MSC 016 )
@htinlinaung
photo by google

Sort:  

သူမ သူမ

ဟုတ်ကဲ့ ဟုတ်ကဲ့

ဟယ်နာ့ယောင်းမလေးကချောလိုက်တာ Good Good

အိထက်ချောတယ်

ကျွန်တော် မလိမ်တတ်တာ သူမ သိနေတော့ နှစ်ခွန်း မအစ်ရဘူး။ တူပါ့

တူတော့ ရိုက်လိုက်ပါအုံးပေါ့ ဟိ

အော် နိုင်ငံခြားကသူလေးတွေက မြန်မာဝတ်စုံကို နှစ်ခြိုက်စွာ ၀တ်စားဆင်ယင်နေချိန်မှာ ကျနော်တို့ မြန်မာမလေးတွေကတော့ အ၀တ်အစားမကပ်တော့သလောက်ဖြစ်ကုန်ဘီဗျို့

ခေတ်မှီချင်တာ အပြစ်လို့မဆိုချင်ပါ အတုမြင် အတတ်သင် လွဲမှားမှာကို စိုးတယ်

အော် သူမ

ဟုတ် သူမပါ

အရ်ုးကွဲအောင် ရိုက်ဖို့တော့
အားမပေးချင်ပါဘူးဗျ

ဟိဟိ ကျွန်တော်က ဖူးဖူးမှုတ်ထားတာ

Interesting post!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67202.29
ETH 2597.64
USDT 1.00
SBD 2.66