ဟံသာဝတီအလွမ်း

in #life9 years ago (edited)

ဟံသာဝတီအလွမ်း

အိုဘယ့်ဇာနည် မွန်စစ်သည်တို့
ဤနေ့သည်ကား စည်ကြီးလည်းပေါက်
ထီးနန်းပျောက်၍ ရောက်တတ်ရာရာ
ထွက်ပေါက်ရှာရင်း ငါတို့ခမျာ
ဟံသာပြည်မှ ဆုတ်ခွာခဲ့ရ။ ။

အံ့ဖွယ်မခမ်း နန်းတော်ကြီးလည်း
ဗုံးမီးတွေကြား သွေးသံကြား၌
ဝေဝါးကွယ်ပျောက် ဆုံးခန်းရောက်ခဲ့။ ။

ဤနေ့အခါ၌................
သခင်လည်းပျောက် လင်ပါပျောက်၍
သားလည်းသေပျောက် တစ်ယောက်ထီးတည်း
အပူမီးနှင့် ပြည်ကြီးကိုခွာ
ရောက်တတ်ရာရာ ပြေးပေါက်ရှာရင်း
မိခင်ခမျာ သောကဗျာခဲ့ ။ ။

အော်ဒီသောကမီး ..............
ဖိစီးနှိပ်စက် သက်ဆိုးရှည်ခဲ့
ကြာခဲ့သည်မှာ နှစ်ရာ့ငါးဆယ်
ကိုးနှစ်ရယ်သို့ ပြည့်ပျယ်ခဲ့ပြီလား ။ ။

(သီရိမွန်ချမ်း)
29/05/2016

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.082
BTC 62816.13
ETH 1674.13
USDT 1.00
SBD 0.41