ကျွန်တော်၏အချစ်ဆုံးသူငယ်ချင်းများ

in #myanmar7 years ago (edited)

image

ကျွန်တော့မှာ အရမ်းခင်ဖို့ကောင်းပြီ ချစ်ဖို့ကောင်းကြတဲ့ ပြောမနာဆိုမနာ သူငယ်ချင်းလေးတွေရှိတယ်ဗျာ။ သူတို့လေးတွေက ကျွန်တော့ကို အရမ်းခင်သလို ကျွန်တော်ကလည်း သူတို့ကို တအားခင်တော့ ညီအစ်ကိုမောင်နှမတွေလိုဘဲ ဖြစ်နေကြတယ်။ ဘယ်သွားသွားဘာလုပ်လုပ် စိတ်တူကိုယ်တူဘဲ။ တစ်ယောက်မပါရင် ဘာမှကို မလုပ်တော့တာ ကျွန်တော်တို့လေးတွေပေါ့။ သူတို့လေးတွေနဲ့ စသိတဲ့နှစ်တွေကမတူပေ့မဲ့ အားလုံးသိပြီချိန်ကနေ ခုချိန်ထိကို တယောက်နဲ့တယောက်က ဘူကမိတ်ဆက်ပေးလို့သိရတာ ဘာတယ်ညာတယ် မရှိဘူး အဖွဲ့စည်းတခုလို့ တချိန်တည်း တခါတည်း သိခဲ့ကြသလိုဘဲ ခင်သွားကြတာ။ တရုတ်သိုင်းကားတွေထဲကလိုပြောရင် သွေးသောက် ညီအစ်ကို မောင်နှမတွေပေါ့။

image

ကျွန်တော့်ငယ်သူငယ်ချင်းမိုးအိနှင့်သူ၏ချစ်ချစ်

image

သူတို့ထဲကတယောက်ဆို ကျွန်တော် သူငယ်တန်း တတန်းကျောင်းသားရွယ်ကတည်းက ခင်လာတာ ခုချိန်ထိပါဘဲ။ သူနဲ့က ငယ်ငယ်လေးကတည်းက စာသင်ခန်းလည်း တခန်းတည်းဘဲ ကျပေ့မဲ့ ကျွန်တော့ရဲ့ အားနည်းချက်က မိန်းကလေးတွေနဲ့ စကားမပြောရဲတာကြောင့် သိပ်တော့ စကားမပြောဖြစ် မခင်သေးဘူးပေါ့ဗျာ။ သူက စာလည်းတော်တယ် အားကစားလည်းတော် ကျောင်းမှာဆို အေရိုဘစ် ကာယ လေ့ကျင့်ခန်းတွေဆို သူက ခေါင်းဆောင်ဘဲ။ သူက ရှေ့က လုပ်ပြ ကျွန်တော်တို့က နောက်ကလိုက်လုပ်ရင်း ဆယ်တန်းဖြေ တက္ကသိုလ်တက်တော့ သူက ဒေးတက်ပြီ ကျွန်တော်က အလုပ်လုပ်ရင်း အဝေးသင်ဘဲ တက်ဖြစ် အဲ့မှာ ကျွန်တော့်တို့ ခန အဆက်အသွယ်ပြတ်ခဲ့ပါတယ်။ အခုဆို သူက Huawei ဖုန်းရုံးမှာ စာရင်းကိုင်အလုပ်လုပ်နေပြီ ကျွန်တော်တို့နဲ့ စားအတူ သွားအတူ ပျော်ပျော်နေပြီ ဘဝတွက် ပန်းတိုင်ရှိရှိကြိုးစားနေသူတယောက်ဖြစ်နေပါပြီ။

image

ကျွန်တော် အဝေးသင်တက်ရင်း ပထမနှစ်ဝက်လောက်မှ ကျွန်တော်တို့သူငယ်ချင်း အဖွဲ့ထဲကတယောက်ဖြစ်တဲ့ ကျွန်တော့သူငယ်ချင်းတယောက်နဲ့ဆုံဖြစ်ပြန်တယ်။ သူ့ကြောင့်ဘဲ ကျွန်တော်အပေါ်မှာပြောတဲ့ တယောက်နဲ့ စကားတွေပြောရဲပြီ တရင်းတနှီးခင်သွားကြတာ။ တက္ကသိုလ် အသွားအပြန် ကျွန်တော်အတွက် ဆိုင်ကယ် taxi လေးလည်း ရလိုက်တယ်ပေါ့။ ကျွန်တော်နဲ့သူနဲ့ခင်ကြတော့ တယောက်အကြောင်းတယောက်ပြောပြီ သူ့မှာလည်း အစ်မတယောက်ရှိ ကျွန်တော်မှာလည်း အစ်မတယောက်ရှိတော့ တယောက်နဲ့တယောက် ယောက်ဖလို့ခေါ်ပြီ ခင်လာကြတာ သူဘယ်သွားသွားကျွန်တော်ကို လာခေါ်လွန်းလို့ အိမ်ကလူတွေတောင် သူ့ကို ကြည့်မရဖြစ်ကြရတယ်။ ကျွန်တော်ကလည်း အိမ်ထဲအိမ်ပြင် တော်ရုံမထွက်ဖူးတော့ သူနဲ့ပေါင်းပြီ အပြင်ထွက်ရတာကို ပျော်လာတယ် လွတ်လပ်သလိုခံစားရပြီ သူခေါ်တိုင်း လိုက်သွားမိတယ်။ ဘယ်လောက်ဆိုးလဲဆို သူဆော်နဲ့ သွားချိန်းတာတောင် ကျွန်တော်ကိုခေါ်သွားတယ်ဗျာ အဲ့လောက်ချစ်ကြတာ။ သူကတော့ photoshop ဆရာကြီးပေါ့ ဖူဂျီဆိုတဲ့ ဓါတ်ပုံဆိုင်မှာလုပ်ရင်း ကျောင်းတက်လာခဲ့တာ အခုကျောင်းပြီတော့ ဘဝနောင်ရေးတွက် ပင်လယ်ပြင်ကြီး ကမ်းမမြင်လမ်းမမြင် ပင်လယ်ပျော်သင်္ဘောသားကြီးလုပ်ပြီ မိဘကို လုပ်ကျွေးနေတဲ့ သားလိမ်မာလေးတယောက်ဖြစ်နေပါပြီ။ ကျွန်တော့အဖွဲ့ထဲမှာ ပြောလို့ပြောတာမဟုတ်ဘူး အားလုံးက ဘဝရည်းမှန်းချက်နဲ့ အလုပ်ကိုကြိုးကြိုးစားစားလုပ်နေတဲ့သူကြီးဘဲ ကျွန်တော်က အသက်အရွယ်ကသာ သူတို့ထက်ကြီးပေ့မယ့် ရည်ရွယ်ချက်ပျောက်ပြီ ဘဝမှာ ပျော်ပျော်နေပျော်ပျော်စားဖြစ်နေတာ။ အခုလက်ရှိ Steemit အဖွဲ့ဝင်တယောက်ဖြစ်ပြီ ပင်လယ်ပျော်သဘောင်္သားတို့ဘဝကို ရေးသားနေတဲ့တယောက်လည်းဖြစ်သည်။

imageရေပေါ်ဟိုတယ်ပိုင်ရှင်ကြီးကျန်ကျောင်း(ရေတက်လျှင်သူ့အိမ်မြုပ်သောကြောင့်)

အဲ့သဘောင်္သားကြီးက ပြောလို့ပြောတာဟုတ်ဘူး လူချစ်လူခင်တော်တော်ပေါများတယ် ဘယ်နေရာရောက်ရောက် သူအသိမရှိတဲ့ အရပ်ဒေသ မရှိသလောက်ပါဘဲ။ ဒီလိုနဲ့ သူ့မိတ်ဆက်ပေးမှု့နဲ ကျွန်တော်တို့အဖွဲ့ဝင်ဖြစ်လာမဲ့ သူ့ဘောဒါတယောက်နဲ့ ခင်လာပြန်တယ်။ ကျွန်တော်သာ အဲ့သဘောင်္သားနဲ့ မသိခဲ့ဘူးဆို ကျွန်တော်ပြောတဲ့ အခု ကျွန်တော်တို့အဖွဲ့ကြီးဆိုတာ ဖြစ်မလာပါဘူး။ အခုဝင်လာတဲ့တယောက်ကို ကျွန်တော်တို့က ကျန်ကျောင်းလို့ဘဲခေါ်ဖြစ်တယ်။ သူ့နာမည်က အောင်မျိုးသူ steemit member တယောက်ပါဘဲ။ ကျန်ကျောင်းကတော့ အနေအေးတယ် ဖြစ်ချင်တာက စာရေးဆရာ စာရေးပျင်းတာက ကျွန်တော်ပြီရင် သူဘဲဖြစ်မယ်။ သူနဲ့သင်္ဘောသားနဲ့ ဆရာတပည့်လိုဘဲ photoshop လိုင်းတွေပေါ့။ အခုလက်ရှိ photoshop အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေပါတယ်။ သူ့မိဘတွေ ရှေ့ဆင့်နောက်ဆင့်ဆုံးပြီ သူ့အစ်ကိုတွေကလည်း ထိုင်းမှာအလုပ်လုပ်သွားလုပ်နေကြတော့ သူ့အိမ်မှာ သူတယောက်တည်းရုန်းကန်လှုပ်ရှားရင်း ဘဝတွက်ကြိုးစားခဲ့တာ အခုဆို အိမ်ထောင်ကျပြီ သူ့အိမ်လေးမှာ စိုစိုပြေပြေလေးနဲ့ အရင်ကတယောက်တည်းကနေ အခုနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်မြင်ရတာ အရမ်းအားကျမိတယ်။ အားကျမိမှာပေါ့ဗျာ အဖွဲ့ထဲမှာ ကိုယ့်တယောက်ဘဲ လူပျိုကြီးဖြစ်နေတာကိုးဗျ။ အပေါ်က ကျွန်တော်ပြောတဲ့နှစ်ယောက်ဆို သူငယ်ချင်းကနေ ချစ်သူတွေဖြစ်နေတယ်ဆိုတော့ ကိုယ်က အားကျမိပြီပေါ့ဗျာ။

image

ကျွန်တော့်ရဲ့အချစ်ဆုံးညီမလေး

image

ချစ်ညီမလေးတို့ဇနီးမောင်နှံဓါတ်ဖမ်းနေစဉ်

ကျန်ကျောင်းကလည်း သူအိမ်ထောင်မကျခင် သူ့ဆော်ကို ခေါ်လာပြီ ကျွန်တော်တို့နဲ့မိတ်ဆက်ပေးရင်း သူ့ဆော်ကလည်း ကျွန်တော်တို့အဖွဲ့ထဲပါလာခဲ့တယ်။ ကျန်ကျောင်းဆော်နဲ့ ကျွန်တော်က အင်တာနက်မှာ စကားပြောပြီ တယောက်ကို တယောက် မောင်နှမတွေလိုခင်သွားကြတယ် အဖွဲ့ထဲမှာဆို ကျွန်တော်က ကျွန်တော့ညီမလေးကို ဦးစားပေးလာတယ် အဲ့မို့ သူ့လည်း ကျွန်တော့ကို အစ်ကိုတယောက်လို့ ပြောဆိုလာတယ်။ သူနဲ့ကျန်ကျောင်း ရန်ဖြစ်တာတွေရော သူ့အိမ်ကအကြောင်းတွေရော ရင်ဖွင့်စရာရှိပြီဆို ကျွန်တော့ကိုလိုင်းမှာစကားတွေအများကြီးလာပြော လာငိုပြ သိပ်ချစ်ဖို့ကောင်းတဲ့ညီမလေး။ ကျန်ကျောင်းနဲ့ရန်ဖြစ်ရင်လည်း လာတိုင် အစ်ကို့တို့သူငယ်ချင်းက ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီ စုံနေအောင် လာပေါက်ကွဲ ကျွန်တော်ကလည်း ပြောကြည့်မယ် ဘာတယ်ပြောပြီ ညီမလေးတယောက်လို ချော့တဲ့အဖွဲ့ထဲမှာ ကျွန်တော့အချစ်ဆုံးညီမလေးပေါ့။ သူနဲ့ကျန်ကျောင်းက အလုပ်တူတူလုပ်ရင်း ချစ်သူတွေဖြစ် နှစ်တော်တော်ကြာတွဲပြီ အခုတော့ နှစ်ကိုယ့်တစိတ်ဘဝလေးတခုထူထောင်နေကြနေပြီ။ ခုချိန်ထိလည်း ကျွန်တော်တို့အဖွဲ့ဘာလုပ်လုပ် သူတို့အိမ်လေးမှာ စုပြီ တိုင်ပင် စားသောက် ပျော်စရာအဖွဲ့ဖြစ်ရှိနေတုန်းပါဘဲ။ အိမ်ထောင်ကျသွားလို့ အရင်လို့မဟုတ်တော့တာမျိုးမဟုတ်ဘဲ ဘာမှမပြောင်းလဲအရင်တိုင်း ကျွန်တော်တို့နဲ့ပျောပျော်ပါးပါး ရိုးရိုးသားသား ဘဝလေးကို ထူထောင်နေကြတဲ့ တကယ်ချစ်ဖို့ကောင်းတဲ့ ညီနဲ့ညီမလေးပါ။

image

ဒီလိုနဲ့တယောက်ကနေတယောက် မိတ်ဆက်ပေးရင်း ကျွန်တော်တို့အဖွဲ့လေးထဲကို နောက်တယောက်ရောက်လာပါတော့သည်။ သူကတော့ အခုလက်ရှိ steemit မှာ photo လေးတွေတင်နေတဲ့ အောင်မွန် ဆိုတဲ့တယောက်ဘဲဖြစ်ပါတယ်။ သူကတော့ နည်းနည်းထူးခြားတယ်ဗျာ။ ဘိုထူးခြားလည်းဆိုတော့ ကျွန်တော်တို့အဖွဲ့မှာ စီးပွါးရေးသောင်းကျန်းဆုံးသူပေါ့ အလုပ်နဲ့လည်း မပျက်တမ်းအလုပ်လုပ်နေသူပေါ့။ ooredoo ဖုန်းအော်ပရေတာ မှာအလုပ်လုပ်ရင်း သူ့တခြားဘော်ဒါတွေနဲလည်ူ အကျီင်္ဆိုင်လေးဖက်စပ်ဖွင့်ထားကြတယ်။ အမြဲတမ်းခရီးထွက်နေရတဲ့သူဖြစ်လို့ တော်ရုံ ကျွန်တော်တို့နဲ့မဆုံဖြစ်တာများတယ်။ ဒါနဲ့ ခရီးထွက်မယ်သာပြောလိုက် အလုပ်မှာ ကြိုတင်ခွင့်တင်ထားနှင့်ပြီလေ အဲ့လိုခင်ဖို့ကောင်းတာဗျာ။

image

အဲ့လိုလေးတွေ ရောက်တဲ့နေရာ အပြန်အလှန်ဓါတ်စီးကြ

image

ကျွန်တော်တို့အားလုံးကတော့ အလုပ်ကိုယ်စီကိုယ်စီတွေနဲ့ဘဝတွက် ကြိုးစားရုန်းကန်ရင်း အားလပ်ချိန်လေးတွေဆို တွေ့ဆုံကြ ချက်ပြုတ်စားကြနဲ့ အရမ်းကို စည်းလုံးပြီချစ်ခင်ကြတယ်ဗျာ။ အားလပ်ရက်တို့ဘာတို့ဆိုလည်း ခရီးလေးတွေ အတူတူထွက်ကြနဲ့ BFF ဆိုတဲ့ Best Friend Forever အတိုင်း အကောင်းဆုံးသူငယ်ချင်းတွေအဖြစ်အစဉ်အမြဲ တယောက်အကူအညီလိုချိန်တယောက်က ကူညီပေးပြီ ဘယ်တော့မှ မပြောင်းလဲတဲ့ သူငယ်ချင်းများအဖြစ်ဆက်ရှိနေအုံးမှာပါ။

အခုလက်ရှိလျှောက်လှမ်းနေကြတဲ့ Steemit members များလည်း Best Family Forever အကောင်းဆုံး မိသားစုလေးအဖြစ် အစဉ်လက်တွဲပြီ Steemit Platform ကြီးပေါ် ဆက်လျှောက်နိုင်ပါစေ။

Author ; Htin Lin Aung
@htinlinaung

Sort:  

သယ်ချင်းတွေအများကြီးဘဲ အားကျထှာ ကိုယ်တေ တစ်ကောင်ကြက်

ဟုတ် ကျေးဇူးပါ အားမငယ်ပါနဲ့ဗျာ အခု myanmar steemit က members တွေက သူငယ်ချင်းဆိုလည်းဟုတ် မိသားစုလိုလည်း ဖြစ်နေကြတာပါဘဲဗျာ

ပျော်စရာကြီးပေါ့။။
သူငယ်ချင်းတွေအများကြီးနဲ့ဆိုတော့.. :)

ဟုတ် ပျော်စရာကြီးပါဘဲ

ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းတဲ့ ကောင်းမွန်တဲ့သူငယ်ချင်းတွေရထားတာ အားကျမိပါတယ်ဗျာ

အားကျစရာပါဘဲဗျာ အခုလည်း အလုပ်တွေမအားတာတောင် ခရီးစဉ်ဆွဲပြီ ခရီးထွက်ဖို့ပြင်နေကြပြီ ခုလိုမြှောက်ပေးလို့ ကျေးဇူပါနော bro

ငါက taxi သမားပေါ့လေ ယောက်ဖ

ဟားဟား ဟုတ်တယ်လေ မင်းဘဲငါ့ကို ကျောင်းကြိုကျောင်းပို့ပေးတဲ့ taxi လေ

သူငယ်​ချင်း​တွေ သိပ်​ချစ်​ကြတာမြင်​ရင်​ ကြက်​သီး​တွေထပြီး ​ပျော်​တတ်​တယ်​။
အမြဲ ခင်​နိုင်​ပါ​စေ ညီ​​ရေ။

ကျေးဇူပါကိုသက်ရေ ပေးတဲ့ဆုနဲ့လည်းပြည့်ပါစေ

အရေးအသားက ကောင်းပါ့ဗျာ

စာရေးဆရာကိုတော့ဘယ်မှီမလဲ

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 67203.60
ETH 3513.52
USDT 1.00
SBD 3.20