အရှုံးထဲက အမြတ်

in #myanmar7 years ago (edited)

image

လူတိုင်းမှာ ကျရှုံးခြင်း အောင်မြင်ခြင်းဆိုတာ ရှိကြမှာပါ။ကျွန်တော်မှာလည်း ကျဆုံးခြင်းအောင်မြင်ခြင်းတွေ ရှိခဲ့ပါတယ်။ အောင်မြင်တယ် ကျရှုံးတယ်ဆိုတာက အဓိကက စိတ်ဘဲလို့ ကျွန်တော်ထင်တယ်။ ဘာလို့ဆိုတော့ အမြင့်တနေရာကို လူနှစ်ယောက်တက်တယ်ဆိုပါစို့ ပထမတယောက်က လှေကားတဝက်လောက်မှာ အောက်ကိုပြုတ်ကျလှဲကျသွားတယ် အဲ့ဒါကို သူထပ်ပြုတ်ကျမှာကိုကြောက်ပြီ နောက်တကြိမ်သူထပ်မတက်တော့ဘဲ အောက်မှာဘဲနေတော့တယ်။ ဒုတိယလူတက်တယ် သူလည်းတဝက်လောက်မှာပြုတ်ကျတယ်ဗျာ ဒါကို ဒုတိယလူက ပြန်ထပြီ ပြန်တက် ပြုတ်ကျတယ် ပြန်ထ ပြန်တက်တယ်။ ကဲ အဲ့ဒါကို ကြည့်ချင်ဖြင့် ဘူက အမြင့်ကိုရောက်နိုင်မလဲ သိနိုင်ပါပြီ။ အဲ့လိုအမြင့်ရောက်အောင် တွန်းပို့ပေးတာကလည်း စိတ်ဘဲ ထပ်တက်ဖို့ကြောက်နေတာကရော စိတ်ဘဲမဟုတ်လား ဒါကြောင့် အောင်မြင်တယ် ကျရှုံးတယ်ဆိုတာ စိတ်က ဦးဆောင်တယ်လို့ ကျွန်တော်တော့ မှတ်ယူတယ်ဗျာ။ ဘဝမှာ ရှုံးနိမ့်တိုင်း ဘဝကိုအရှုံးပေးတော့မယ်ဆို အောင်မြင်တဲ့သူတွေ ဘယ်ရှိနိုင်ပါလိမ့်မလဲဗျာ။ လူတိုင်းမှာ ရှုံးနိမ့်မှု့ဆိုတာ တကြိမ်တခါလောက်တော့ ကြုံဖူးကြမှာပါဘဲလေ။ အဲ့ရှုံးနိမ့်မှု့ ကဘဲ အောင်မြင်ဖို့ လမ်းစရပြီ အောင်မြင်မှု့ပန်းတိုင်ကို လျှောက်လှမ်းသွားသူတွေ လောကကြီးမှာ အများကြီးပါ။

image

ကျွန်တော် onlin money လောကထဲစဝင်တော့ PTC ကနေ စလာတာ ခုချိန်ထိဘဲ ဆိုပါတော့။ ဘာတွေထူးခြားသွားပြီ ဘာတွေဘယ်လောက်ရပြီ ကျွန်တော့်ကို ကျွန်တော့ပတ်ဝန်းကျင်က လူတွေ အမြဲမေးချင်ခံရတယ်။ ဒါကလည်း online money လုပ်တဲ့သူတိုင်း ကြုံတွေ့ခံစားရဖူးပြီသားပါဘဲ။ PTC စပြီ click တော့ ptc ရဲ့ သဘောသဘာဝက ref များမှ အဆင်ပြေမှာ ကျွန်တော့လို fb ကို ကြည့်ဖို့လောက်ဘဲသိတဲ့လူက ဘယ်လိုလူဆွယ်မှာလဲ ပြီတော့ အဲ့ဒီအချိန်က မြန်မာပြည် internet လိုင်းကြီးက ခုလို ဖလန်းဖလန်းတွေ ဘာတွေဖြစ်သေးဘူး။ အဲ့တော့ ptc ကို click တာ အချိန်ကုန် အင်တာနက်ဖိုးကုန်တာဘဲ အဖတ်တင်တော့တာပေါ့။ ဒါကကျွန်တော့် အရှုံးသေးသေးလေးပေါ့။ ဒါပေ့မဲ့ ယူတတ်ရင် မြတ်တယ်ဆိုတဲ့စကားအတိုင်းဘဲ ptc လုပ်ရင် $ ရခဲ့ရင် ထုတ်ဖို့ဆိုပြီ PM (perfect money) acc ကိုလျှောက်ထားရတယ်။ အဲ့နေရာ ကျွန်တော်အရှုံးထဲက အမြတ်ပြန်နှိုက်ယူလိုက်တာက PM acc တခုကို လျှောက်တတ်ခြင်းပါဘဲ။

image

PTC ခေတ်ကုန်တော့ အခုဈေးအရမ်းကောင်းနေတဲ့ BTC (bitcoin) ခေတ်ရောက်ပြန်ရော online ဆရာသမားများက bitcoinကို ဦးတညလာကြတာနဲ့ကျွန်တော်လည်း လိုက်ပါလာခဲ့တယ်။ Btc ကို သိတဲ့အချိန်မှာ free ရတဲ့ site တွေကနေစု အဲ့ဒီအချိန်တုန်း btc ဆို ဈေးသိပ်မရှိသေးတဲ့အချိန်ဆိုတော့ တအားစိတ်နှစ်ပြီတော့ မလုပ်ဖြစ်ဘူး။ free ဆိုတော့ site တွေက နည်းနည်းဘဲပေးတော့ လုပ်ရတဲ့နေရာမှာ လောဘမပါတော့ အမြဲမလုပ်ဖြစ်ဘူး အားရင်သတိရရင်လုပ်လိုက်အဲ့လောက်ဘဲလုက်ဖြစ်ခဲ့တယ်။ တချို့တချို့ သော site ကလည်း ကိုယ်စုလို့ သူတို့ထုတ်ပေးမဲ့ amount မပြည့်ခင်မှာဘဲ scam တွေဖြစ်သွားပြန် ဒီနေရာမှာ အချိန်ကုန် ဘေကုန် ဖြစ်ခဲ့ရပြန်တယ်။ ထိုနေရာမှာ ရှုံးတယ်မမှတ် ရတာယူ ဆိုပြီ online money ကနေ online currency တွေ အများအပြားတွေ့ရှိခဲ့တယ် coin wallet တွေလျှောက်ပုံလျှောက်နည်းတွေ ဘယ်နေရာမှာ ဘယ်coin နဲ့ ဘယ် coin exchange လုပ်လို့ရတာတွေ သိခဲ့တယ်။ Btc ကို အကြီးအကျယ်လုပ်ခဲ့တာကတော့ MMM ပေါ့။ အဲ့မှာ ငျွန်တော်လုပ်တဲ့ ရသင့်သလောက်ရတယ် မုန့်ဖိုး ပဲဖိုးလောက်ရခဲ့တယ်။ အကောင့်ထဲမှာလည်း ရတာတွေ ပြန်ပြန်ထည့်ရင်း $ ထောင်ကျော်လာခဲ့တယ်။ အဲ့နေရာ ကျွန်တော်တို့ လူသားတွေရဲ့ လောဘကြောင့် ရနေတာကို ပိုပိုရချင်တော့ အကောင့်ထဲပစ်ထည့် ထားလုပ်ကြတယ်။ ကျွန်တော်လည်း ရနေတယ်ဆိုတော့ ကျွန်တော့သူငယ်ချင်းတွေခေါ်မိတယ်ပေါ့ ပိုက်ဆံအလွယ်ရတာကိုး သူ့တို့တွေကိုလည်း ကိုယ့်လိုရစေချင်တော့ ခေါ်မိတယ်။ ထန်းသီးကြွေခိုက် ကျီးနားခိုက် ဆိုတဲ့အတိုင်းသူတို့လေးတွေ ဝင်လာမှဘဲ MMM က ပျက်စီးသွားတယ်။ အဲ့ကတည်းက online money အလုပ်ကို အယုံကြည်မရှိဘဲ ဆုံးရှုံးသွားတာကို ပြန်မယူဘဲ အရှုံးသမားဘဝနဲ့နေလိုက်တယ်။

image

MMM ပျက်စီးပြီတော့ ဆရာတွေ trading လုပ်ချိန်မှာ ကျွန်တော်အရည်အချင်းမမှီတာကြောင့် ပိုက်ဆံလေးစုမိရင် online currency လေးနည်းနည်းဝယ်စုပြီ ကိုယ်လိုက်မှီမဲ့ဟာလေးတွေ လိုက်လုပ်ရင်း အခု steemit platform ပေါ်ကို ဆရာတွေညွှန်ပြမှု့နဲ့ရောက်လာခဲ့တယ်။ ဆရာတွေရဲ့ကူညီမှု့နဲ့ဘဲ steemit မှာအောင်မြင်မှု့လေးတွေတွေ့လာတယ်။ steemit ကို ဘယ်လိုသုံးရမလဲဆိုတာတွေကအစ သိလာပြီ steemit မှာ ပျော်ရွှင်လာတယ်။ ကျွန်တော် ဆုံးရှုံးခဲ့တာတွေကနေ နည်းပညာတွေကို အမြတ်အနေနဲ့ ပြန်ယူပြီ လှဲကျပြီရင်း လှဲကျနေတဲ့ဘဝမှာမနေဘဲ ပြန်ပြန်ထလာလို့ အခုလို steemit platform မှာ လျှောက်လှမ်းနိုင်ခဲ့တာပါ။ အရာအားလုံးဟာ စိတ်ကဦးဆောင်တာဖြစ်တဲ့အတွက် ကျရှုံးချိန်မှာ စိတ်ဓါတ်မကျဘဲ ဘာကြောင့်ကျရှုံးရလဲဆိုတာကို အခြေခံပြီ နောက်လှမ်းမဲ့အောင်မြင်မှု့ခြေလှမ်းကို နောက်မတွန့်ဘဲ ဆက်လှမ်းနိုင်အောင် ကြိုးစားကြပါ။ အရှုံးတွေမှာဘဲ မနစ်မွန်းနေဘဲ အောင်မြင်ခြင်းပန်းတိုင်ကို လျှောက်လှမ်းနိုင်ပါစေ။ ရှုံးနိမ့်ခြင်းက ဝမ်းနည်းစရာကောင်းသလို အောင်မြင်ခြင်းက ပျော်စရာတွေအပြည့်ပါဘဲ။
ဘဝမှာ ဆုံးရှုံးမှုတွေကြုံရတိုင်း စိတ်ဓာတ်ကျ အားငယ်နေမယ်ဆိုပါရင် လူတစ်ယောက် ရှင်သန်နေမှု့ နဲ့ ရပ်တည်နေမှု့တွေဟာ အဓိပ္ပါယ်မဲ့သွားပါလိမ့်မယ်။

![image](Unsupported type)

ရှုံးဆုံးမှု့တိုင်းမှာ မိတ်ဆွေတို့ကို ပေးတဲ့ သင်္ခန်းစာတခုခုပါပါလိမ့်မယ်။ ထိုသင်္ခန်းစာကို အခြေခံပြီ အောင်မြင်တဲ့အနာဂါတ်အတွက် အရှုံးထဲက အမြတ်ယူတတ်ပါစေ။

Author ; Htin Lin Aung
@htinlinaung
photo by google

Sort:  

လှဲကျတာဟာ အပြစ်မဟုတ်ပေမဲ့ လှဲကျလို့ ပြန်မထချင်ဘူးဆို ရင်တော့ အပြစ်ဖြစ်သွားပြီ။ ဆောင်းပါးကောင်းတခုပါ။ ကျေးဇူးတင်ပါတယ်။

ဟုတ်တယ်ဗျာ ကျွန်တော်သူငယ်ချင်းတွေထဲမှာတောင် အိလိုလူတွေရှိတယ် ပြန်ထဖို့ လက်ကမ်းပေးတာတောင် လှမ်းမဆွဲကြဘူး ကျေးဇူပါဗျာ အားပေးမှု့အတွက်

လဲကျလို့အရှုံးပေးရမယ်ဆို လေးဘက်သွားကလေးဘ၀က တက်လာမှာမဟုတ်ပါဘူး ဆက်ရေးပါဗျာ အားပေးပါတယ်

အမှန်ဘဲ bro ရေ ကျေးဇ

ခွန်အား တစ်ခုရသလိုခံစားရပါတယ်

အားဖြစ်စေလို့ကျေးဇူ

ဟုတ်ကဲ့ ပါ

ဟိဟိ လိမ်မာတယ်

အရှုံးနဲ့အနိုင်
အရှုံးနဲ့အမြတ်
အမှားအမှန်ဒွန်တွဲနေမှာပါ

ယောကျာ်းလေးတွေလည်းအဲ့လိုပဲ
တွဲနေတာပါ....
အဲ...မိန်းကလေးတွေနဲ့ တွဲနေတာပြောပါတယ် 😁😁

အရမ်းနောက်တယ်နော စာကို အထပ်ထပ်ပြန်ဖတ်ရတယ်

when we fall we need to wake up, if not people will step over us.

fighting ယောက်ဖ

ငါ fighting လို့ဘဲ မင်းတောင် steemit ပေါ်ရောက်လာတာမလား together fighting ပါ ဟဲ

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 67203.60
ETH 3513.52
USDT 1.00
SBD 3.20