ဇွဲ

in #myanmar7 years ago

ဇွဲ
image
ဇွဲနဲ့ပတ်​သက်​လာရင်​ ကျ​နော်​တို့ ငယ်​ငယ်​ကသင်​ရတဲ့ မဟာဇာနကမင်းသားကိုပဲ သတိရကြ​လေ့ရှိပါတယ်​။
လူတစ်​​ယောက်​မှာ အတတ်​ပညာရှိရုံနဲ့ မ​အောင်​မြင်​နိုင်​ပါဘူး။ဇွဲ၊လုံ့လ ၊ဝီရိယရှိဖိုလည်း လိုအပ်​ပါတယ်​။ ဆယ်​တန်းမှာ စာ​တော်​တယ်​ ဆိုရုံနဲ့ မ​အောင်​မြင်​နိုင်​ပါဘူး။ အနည်းဆုံးစာရပါမှ ဖြစ်​ပါမယ်​..စာရဖို့စာကျက်​ရမယ်​ စာကျက်​ရင်​ ဇွဲရှိရှိနဲ့ကျက်​မှ စာရမှာ ဖြစ်​ပါတယ်​။
ဘယ်​လိုအလုပ်​မှာမဆို အလုပ်​လုပ်​တတ်​တယ်​ အလုပ်​​တော်​တယ်​ ဆိုရုံနဲ့ မ​အောင်​မြင်​နိုင်​ပါဘူး။ အလုပ်​က ကျရှုးံမှု​တွေရှိရင်​ ကြံ့ကြံ့ခံ ရင်​ဆိုင်​ပြီး ဇွဲရှိရှိနဲ့ ပြန်​လည်​ကြိုးစားမှသာ ပန်းတိုင်​ကို ​ရောက်​မှာ ဖြစ်​ပါတယ်​။
ကျ​နော်​တို့ အခု အသုံးပြု​နေကြတဲ့ ​သောမတ်​အက်​ဒီဆင်​ရဲ့ လျှပ်​စစ်​မီး တီထွင်​မှုဟာ အကြိမ်​​ရေ ​ထောင်​ချီပြီး ကျရှုံးပြီးမှ ဇွဲ​ကောင်း​ကောင်းနဲ့ပြန်​လည်​ကြိုးစားတီထွင်​ခဲ့လို့သာ ကျ​နော်​တို့ ကမ္ဘာကြီးဟာ လျှပ်​စစ်​မီးကို ရရှိခဲ့ကြတာဖြစ်​ပါတယ်​။
အောင်​မြင်​သူတိုင်းဟာ ကျရှုံးမှုကိုရင်​ဆိုင်​ပြီးမှ ဇွဲရှိရှိနဲ့ကြိုးစားကြလို့သာ ​အောင်​မြင်​မှုကို ရရှိကြတာဖြစ်​ပါတယ်​။
image
ကျ​နော်​တို့ ​ဗုဒ္ဓမြတ်​စွာဘုရားဟာ သိဒ္ဓတ္ထမင်းသားဘဝနဲ့သာ ​ကျေနပ်​ခဲ့မယ်​ ဒါမှမဟုတ်​ ဘုရားမဖြစ်​ခင်​ မှာ လက်​​လျော့ခဲ့မယ်​ဆိုရင်​ ကျ​နော်​တို့ ကိုးကွယ်​​နေတဲ့ မြတ်​စွာဘုရား ဆိုတာ​တောင်​ ဖြစ်​လာမှာ မဟုတ်​ပါဘူး။ဇွဲဆိုတဲ့ ကြိုးစားအားထုတ်​မှု ပြင်းပြလွန်းတဲ့ ဆန္ဒ​တွေ​ကြောင့်​သာ ဘုရားဖြစ်​လာတာပါ။
ကျ​နော်​တို့ ငယ်​ငယ်​က သင်​ခဲ့ကြရတဲ့ ​ငွေတာရီရဲ့ က​ဗျာ​လေးတစ်​ပုဒ်​ရှိပါတယ်​။
တစ်​​တောင်​​ပေါ် တစ်​​တောင်​ဆင့်
တောင်​အမြင့်​ပတ်​ခြံရံ
တစ်​​တောင်​ဆုံးပြန်​​တော့
တစ်​လုံးကျန်​ပြန်​​ပေသမို့
အဖန်ဖန်​အားအင်​နိုးလို့ရယ်
ကြိုး​လျှောက်​ရပြန်
တစ်​ခါတစ်​​လေ တစ်​ကယ်​ပန်းတာ​ကြောင့်
တော်​ပါပြီ ဆက်​မလှမ်းချင်​ဘု
ရပ်​တန်းကရပ်​မယ်​ကြံ
အမှန်​​တော့ ဖြစ်​နိုင်​ပါ့မလား
စခဲ့မိတာ​ပေါ့
တစ်​​နေ့မှာ ဆုံးရာ​ရောက်​ပါလိမ့်
မာလာ​ငွေကန်​​ရေ​အေးရယ်​နဲ့
ငှက်​​တေးကို အာရုံဆင်​လို့
မူတသွင်​အားအင်​သစ်​လိုက်​ပါ့
ချစ်​ဖွယ့်​လူသား.....တဲ့။

image
ကျ​နော်​တို့လူ​တွေဟာ အရှုံး​တွေနဲ့​တွေ့တဲ့အခါ လက်​​လျော့လိုကြတယ်​ ။ အရှုံး​ပေးချင်​ကြတယ်​။ လဲကျရင်​ပြန်​ထပြီး ဆက်​​လျှောက်​ဖို့ထက်​ လဲတဲ့​နေရာမှာပဲ ရပ်​တန့်​​နေလိုက်​ချင်​ကြတယ်​။ တကယ်​က ဇွဲလုံ့ လ စိုက်​ထုတ်​ပြီး ပြန်​ထသွားမှ လိုရာခရီးကို ​ရောက်​လိမ့်​မယ်​တဲ့.။အစရှိရင်​ အဆုံးရှိရမယ်​။ အလယ်​တစ်​ပိုင်းမှာ မရပ်​တန့်​ပစ်​လိုက်​ပဲ ဇွဲမ​​လျော့ပဲ အဆုံးထိဆက်​​လျှောက်​ကြဖို့ တိုက်​တွန်းထားတဲ့ က​ဗျာ​လေးပါ။

ကျ​နော်​တို့ စိတ်​ရှည်​သည်းခံရမယ်​။ ဇွဲ​ကောင်းကြရမယ်​။ ဇွဲရှိကြရမယ်​။ လဲကျရင်​ ပြန်​ထကြရမယ်​။ လဲကျရင်​လည်း ပြန်​ထပြီး ကိုယ့်​လမ်းကို ဆက်​​လျှောက်​ကြရမယ်​..။ ဒါမှတစ်​​နေ့မှာ ​အောင်​မြင်​မှုဆိုတဲ့ပန်းတိုင်​ကို ရရှိကြမှာ ဖြစ်​ပါတယ်​။
အောင်​မြင်​သူတိုင်းက လဲကျဖူးကြသူချည်းဖြစ်​မှာပါ။လဲကျဖူးရင်​ ပြန်​ထပြီး ပြန်​​လျှောက်​ကြတဲ့ ဇွဲမ​လျှော့တတ်​ကြတဲ့ အ​လေ့အကျင့်​တစ်​ခုကလည်း ​အောင်​မြင်​သူတို့ရဲ့ နည်းလမ်းတစ်​ခုပဲဖြစ်​ပါတယ်​။ကျ​နော်​တို့လည်း ​အောင်​မြင်​ကြချင်​ရင်​ ​အောင်​မြင်​ကြသူတို့နည်းလမ်းတစ်​ခုဖြစ်​တဲ့ ဇွဲ မ​လျှော့ကြတဲ့ ဇွဲရှိကြတဲ့ လဲကျရင်​ ပြန်​ထကြတဲ့ နည်းလမ်း​ကောင်းတစ်​ခုကို ကျင့်​သုံးကြဖို့ အကြံ​ပေးချင်​ပါတယ်​။
image

Writter @htetnainglin
Photo image from google
Msc 188

Sort:  

လူ့ဘဝတစ်ခုလုံးရဲ့ အောင်မြင်မှုတွေကိုရရှိနိုင်ဖို့ ဇွဲဆိုတာမရှိမဖြစ်လိုအပ်တာပေါ့ဗျာ

v100%$0.07 v n m done. thanks

ဗဟုသုတရပါတယ်​...
Thank for share

ဇွဲရှိသူက တစ်ပန်းသာတယ် ..

ဟုတ်

ပန်းတိုင်မရောက်သေးသရွှေ့ဇွဲ ဆိုတာရှိရမယ်

မှန်​တယ်

ခုလိုpostလေးတွေဖတ်ရတာ အားရှိစေပါတယ်ညီ

ဇွဲ​ကောင်းရင်​ ဇွဲဆု​တောင်​ရတက်​​သေးတယ်
good post

ပထမဆု ရယူဖို့  ဇွဲရှိ ရမယ်

မှန်​တယ်

မှန်‌ပါတယ်‌ ညီ။ဇွဲ ဝီရိယရှိမှ ‌အောင်‌ မြင်‌မှာပါ။

ဟုတ်

မဟာဇနက ထုံး နှလုံးမူရမယ် ဘယ်တော့မှ လက်မလျော့နဲ့😁

ဟုတ်​ မမ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 68872.12
ETH 2524.42
USDT 1.00
SBD 2.53