လူ့စိတ်သဘာဝ

လူဆိုတာကတော့ ဘာဘဲဖြစ်ဖြစ် ဘယ်လိုအခြေနေဘဲရောက်ရောက် ချမ်းသာချင်တယ် တိုးတက်ချင်တယ် ကြီးပွားချငိတယ် အောင်မြင်ချင်ကြတယ်။ဒါကလဲ လူဖြစ်လာတာနဲ့ လူ့သဘာဝလူ့လောအတိုင်း လူ့စိတ်သဘာဝ လူတိုင်းလိုချင်တပ်မက်ကြတဲ့အရာတွေဖြစ်သည်။ဘဝအခြေတင့်စေဖို့ အခြေလှပဖို့ ကြိုးစားရုံးကန်ကြရသလို လူတိုင်းကလဲ ဆင်းရဲခြင်းကိုမျက်ကွယ်ပြုပြီး ချမ်းသားခြင်းကိုဘဲ လိုချင်ကြသည် မဟုတ်ပါလား။ဒီအတွက် ချမ်းသာဖို့ အောင်မြင်ကြီးပွားဖို့အတွက် အရေးကြီးဆုံး ထိမ်းချုပ်ရမှာက မိမိတို့ရဲ့ စိတ်တစ်ခုဖြစ်တယ်။စိတ်ဟာ မကောင်းမှုမှာပိုပြီးမွေ့ပျော်တတ်လို့ အလွန်ပင် ဂရုစိုက်ထိန်းချုပ်တတ်ရန်လိုအပ်ပါပေသည်။ကောင်းခြင်းမှာ မပျော်ဝင်မစီးဆင်းတာဟာ စိတ်ပါ။မကောင်းခြင်းကိုအားပေးတဲ့မိမိစိတ်ကို ထိန်းချုပ်တတ်ရန် ကြိုးစားသင့်ပေသည်။လူတိုင်းလူတိုင်း မိမိစိတ်ကိုပျော်ရွှင်တက်ကြွအောင်လုပ်ဆောင်နိုင်သလို စိတ်ဓာတ်ကျဆင်းအောင်လည်း လုပ်နိုင်တာဟာ မိမိတို့ရဲ့ စိတ်တွေပါ။
ဘဝကိုချမ်းသာချင်သူ အောင်မြင်ချင်သူ တိုးတက်ချင်သူဖြစ်ပါက မိမိစိတ်ကိုထန်းချုပ်တတ်ရန်လိုအပ်လှပါတယ်။
မိမိစိတ်ဓာတ်ကိုရင့်ကျက်သည်ထက်ရင့်ငျက်အောင် စိတ်ပိုင်းဆိုင်ရာအတွေးအခေါ် မြင့်သထက်မြင့်အားအောင် လုပ်ဆောင်နေတဲ့ လူတစ်ယောက်အဖို့အတွက် ချမ်းသာအောင်မြင်ဖို့ ဘဝအခြေနေလှပဖို့ တိုးတက်ကြီးပွားဖို့အတွက်မခဲယဉ်းပါဘူး။ဒါမှမဟုတ်ဘဲ မိမိစိတ်ဓာတ်ကို အကြိုက်ဆောင်အလိုလိုက်ပါက ဆိုလိုရင်းကား မိမိစိတ်ဓာတ်ကို စိတ်သွားတိုင်းကိုယ်ပါ အလိုလိုက်အကြိုက်ဆောင် နေပါက မိမိတို့ရဲ့ဘဝပျက်စီးယိုယွင်းမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါလိမ့်မည်။ဘဝမှာ အောင်မြင်ခြင်းအရာကိုခံစားစံစားနေကြသောသူတို့သည် စိတ်ဓာတ်ရေးရာ၌ ရင့်ကျက်သူ၊စိတ်ဓာတ်မြင့်မားသူတို့ဘဲဖြစ်ပါသည်။စိတ်ကိုအလိုလိုက်ပြီး ယိမ်းယိုင်ကျဆင်းနေပါက ဆုံးရှုးမှုတွေတစ်ခုပြီးတစ်ခု ကြုံတွေ့ရမှာ အသေအချာဘဲဖြစ်ပါသည်။

ခိုင်မာသေချာသော ဘဝတစ်ခုသည် စိတ်ဓာတ်ခိုင်မာနေရုံဖြင့်ပြည့်စုံသွားသည်တော့မဟုတ်ပေ။ ပုံသွင်းယူပြုပြင်ထားသော မြေကြီးများကို ဖို့ရာတွင် စနစ်တကျ ဘောင်များဖြင့်ပြုလုပ်လိုက်သောမြေကြီးသည် အထက်သို့ အလျင်အမြန်မြင့်တက်လာမည်ဖြစ်သကဲ့သို့ ခိုင်ခံလှပမှုလည်း ရှိပေမည်။ သာမန်မြေပေါ်တွင်သာ ပရမ်းပတာ ပုံထားသောမြေကြီးသည် ဖရိုဖရဲဖြင့် လိုရာသို့ အရောက်နှောငိ့နှေးနေပေလိမ့်မည်။
စိတ်အားထက်သန်မှု တစ်ခုထဲဖြင့် ဘဝကိုအောင်မြင်အောင်တည်ဆောက်နိုင်ရန် ခက်ခဲလှပေသည်။အခက်အခဲ အတားအဆီး မမျှော်မှန်းနိုင်သော ပြဿနာများကြုံလာသည့်အခါတွင် မလျှော့သောဇွဲဖြင့် ခိုင်မာသော လုံ့လဖြင့် အားစိုက် ထူမတ်နိုင်မှသာ ဘဝတွင် အောင်မြင်မှုကို ရနိုင်မည်ဖြစ်ပေသည်။
လူ့စိတ်ဟူသည် အပျော်အပေါ်သာယာမှုရှိသည့်အလျောက် ရေသာခိုခြင်း အချောင်ရှာခြင်းတို့အပေါ်တွင် ပျော်ဝင်မိတတ်မြဲ ဖြစ်လေရာ ထိုစိတိကို ဦးစွာဖျောက်ဖျက်နိုင်ရန်လိုအပ်လှပေသည်။ ကြိုးစားရုန်းကန်ချင်စိတ် မိမိကိုယ်တိုင်ဘဝကို တည်ဆောက်လိုစိတ်ကို ကြီးမားလာအောင်မွေးမြူတတ်ရန် လိုပါသည်။
ဆုံးရှုံးမှုများ အခက်အခဲများ ကြုံလာလျှင်လည်း အလွယ်တကူ လက်လျော့အရှုံးပေးလိုက်ခြင်းမရှိအောင် မိမိစိတ်ကို တည်ဆောက်ထား ရန်လိုအပ်ပေသည်။ကျရှုံးမှုတစ်ခုကြုံလာတိုင်း စိတ်ပျက်အားလျှော့သွားတတ်သည်မှာ လူ့သဘာဝဖြစ်လေသည်။ ထိုသို့ စိတ်မပျက်လက်မလျော့ပဲ ပြန်လည်ကြိုးစားကြသူ အနည်းစုလောက်သာ လောကတွင် အောင်မြင်မှု ရကြလေသည်။

ရင့်ကျက်တည်ငြိမ်ပြီး ခေါင်းအေးအေးထား စဉ်းစားဖြေရှင်းတတ်သူတို့သည် မှန်ကန်သော လမ်းစဉ်များကို ရွေးချယ်အသုးံချတတ်သူများ ဖြစ်လာကြလေသည်။ ရင့်ကျက်ရုံမျှဖြင့် မပြီးသေး အတွေးအခေါ် အမြော်အမြင်ဖြင့်လုပ်ဆောင်တတ်ရန်လည်း လိုအပ်ပေသေးသည်။ မိမိလက်ခံနိုင်ရုံမျှဖြင့် တပါးသူအား အတင်းအကြပ်တိုက်တွန်းစေခိုင်ခြင်းမျိုးသည် မိတ်ဆွေအပေါင်းအသင်းနည်းပါးစေနိုင်လေသည်။ မိတ်ဆွေအပေါင်းအသင်းများသည် မိမိတို့ပတ်ဝန်းကျင်တွင် မဖြစ်မနေလိုအပ်နေကြသူများ ဖြစ်လေရာ မိတ်ဆွေအပေါင်းအသင်းကောင်းများကို ရှာဖွေပေါင်းသင်းတတ်ကြရန်လည်း လိုအပ်ပေသည်။
အထူးသဖြင့် မိမိ၏ ဘဝကို တိုးတက်အောင်မြင်အောင် ကြိုးစားလိုလျှင် အတွေးအခေါ် အမြော်အမြင်ရှိရှိဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများအား ခိုင်မာအောင် တည်ဆောက်ရပေမည်။ ထို့နောက် မိမိ၏ ဘဝလမ်းကြောင်းအား တိကျခိုင်မာစွာ ချမှတ်ပြီးလျှင် ထိုလမ်းကြောင်းအတိုင်း စိတ်နှစ်ပြီး ကြိုးစားလိုက်ရန် လိုအပ်ပေသည်။ မိမိ၏ လမ်းကြောင်းအား အကောင်းအဆိုးအကြောင်း အကျိုးကို လမ်းညွှန်ပေးနိုငိရန် မိတ်ကောင်းဆွေမွန်များလည်း အထူးလိုအပ်လှပေသည်။
Htetnainglin.
Msc 188
Photo from google
ရေးထားတာလေးကောင်းပါတယ်။post ကောင်းတစ်ခုပါ။
Thanks
good post brother
Thz
ဘယ်အရာတွင်မဆို စိတ်သည်သာ အဓိကပေါ့ဗျာ
မှန်တာပေါ့ အကို
Good tel
Thz
too late
Sorry bro
ဟုတယ်နော့...စိတ်ကအဓိကဘဲ
Good post
Thz
စိတ်ကို လိုရာ ထားနိုင်ဖို့ အလေ့အကျင့်လိုတ်ယ်။
ဟုတ်ကဲ့
ဖတ်လို့ မရဘူးဖြစ်နေတယ် လောလောဆယ် အရင် vote ခဲ့တယ် ပြီးမှဖတ်မယ်
Hote kt pr
စိတ်သာရှင်စော .. ဘုရားဟော၏
တဲ့ .. မှတ်သားဖူးတယ်
ဟုတ်ကဲ့
Nice post bro
Thz par