မတ်ပဲ/ပဲတီစိမ်း စိုက်ပျိုးခြင်းအကြောင်း တစ်စေ့တစ်စောင်း

in #bean7 years ago (edited)

images (3)_1504220705105.jpg
ဒီနေ့တော့ မြန်မာပြည်မှာ အစိုက်များတဲ့ မတ်ပဲစိုက်ပျိုးနည်းကိုတင်ပြပါ့မည်...မတ်ပဲကို မြန်မာပြည်ရဲ့ ပြည်နယ် နှင့် တိုင်း ဒေသကြီးများစွာ တွင် စိုက်ပျိုးနိုင်သည်...ကချင်ပြည်နယ်ကဲ့သို့ အအေးလွန်ကဲသော ဒေသများမှ လွဲ ၍ စိုက်ပျိုးနိုင်သည်...မြန်မာပြည်တွင် စိုက်ပျိုးနိုင်သော မတ်ပဲ ၊ ပဲတီစိမ်း ၊ ဘိုကိတ်ပဲ ၊ ပဲလွန်းဝါ / နီ ၊ ပဲစဉ်းငုံ ၊ ပဲနီပြား များစွာ ရှိလေသည်...ထိုအထဲမှ မတ်ပဲ/ပတီစိမ်း /ပဲစဉ်းငုံ ကို ပြည်ပသို့ ပို့ကုန် အဖြစ် ရောင်းချနိုင်ပြီး ဈေးကောင်းရသောကြောင့် အစိုက်များသည်...အဓိက အားဖြင့် အိန္ဒိယနိုင်ငံက ဝယ်ယူသည်...မတ်ပဲ တွင် မျိုးကွဲပေါင်းများစွာ ရှိသော်လည်း စိုက်ပျိုးနည်းကတော့ အတူတူပင်ဖြစ်သည်...
စိုက်ပျိုးနည်းနှင့်မြေပြုပြင်ခြင်း မြန်မာနိုင်ငံတွင် မတ်ပဲကို ဧရာဝတီ ၊ ပဲခူး၊ ရန်ကုန် တိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြသည်..စပါးရိတ်သိမ်းပြီးချိန် ၁၀လပိုင်း-၁၁လပိုင်း အတွင်း စိုက်ပျိုးကြသည်...စိုက်ပျိုးရာတွင် ခုတ်ဖုံး နှင့် ထွန်ကိုင်း(ဒေသအခေါ်ကွဲလွဲနိုင်သည်) ဟူ၍ နှစ်မျိုးရှိသည်...ခုတ်ဖုံး ဆိုသည်...စပါးရိတ်သိမ်ပြီးချိန်တွင် ပဲစေ့ များပတ်ချကာ အပေါ်မှ စပါးပင်ငုတ်တိုများကို ဓား(သို့) မြတ်ရိတ်စက်များဖြင့် ဖြတ်ကာ ကြဲထားသော ပဲစေ့များပေါ်သို့ပြန်လည်ဖုံးအုပ်ပေးခြင်း ဖြစ်သည်..ထို့နောက် ၂ရက်မှ သုံးရက် ခန့်ရောက်သောအခါ ထိုပတ်ကြဲထားသောအပေါ်သို့ အမြစ်များ မြေကြီးထဲ စူးဝင်စေရန် ပေါက်ရောက်မှု အားကောင်စေရန် ဒလိမ့်တုံး ကို စက်(သို့)နွားဖြင့် လိုက်ဖိလှိမ့်ပေးရသည်...
Greengram_field.jpg
mungbean-03.jpg
ထွန်ကိုင်း ဆိုသည်မှာကတော့ နွား(သို့) စက်ဖြင့် ထယ်ထိုး ကာ စက်သွားဖြင့် မြေခဲများကြေအောင်ခြေအောင် ပြုလုပ်ရသည်..ပြုလုပ်ပြီးသည့်နှင့် တစ်ပြိုက်နက် မြေကြီး အစိုဓာတ်မကုန်ဆုံးခင် ပဲစေ့ များကို ကြဲချရသည်...ဤ သည်မှာ ခုတ်ဖုံး နှင့် ထွန်ကိုင်း ပြုလုပ်ခြင်းကို အကျဉ်းချုပ်ရှင်းပြခြင်းဖြစ်သည်...တစ်ဒေသနှင့် တစ်ဒေသ တူချင်မှ တူနိုင်မည်...မြေပြုပြင်ရာတွင်တော့ ထွေထွေထူးထူး မရှိပေ စပါးရိတ်သိမ်းခါနီးတွင် သံကွင်း မြေသြဇာသို့ Npkတစ်မျိုးမျိုးကို ပတ်ထားခြင်း ဖြင့် မြေခံပြုလုပ်နိုင်သည်...ထွန်ယက်လိုက်သောအခါ မြေခံအဖြစ်ပြုလုပ်ပြီး ဖြစ်သည်...
0231-765x510.jpg
မျိုးစေ့ဖောက်ခြင်း မျိုးစေ့ဖောက်ရန်အတွက် မတ်ပဲစေ့များကို မျိုးကောင်းမျိုးသန့်များ ရွေးချယ်ထားသင့်သည်...ကွက်စိပ် စကာများဖြင့် ၂ထပ်၃ထပ်ချထားသင့်သည်...ထို့နောက် တစ်ဧကလျှင် မိမိကြဲပက်မည့်ပမာဏ ၅ပြည်မှ- ၈ပြည်အတွင်း မိမိလိုသလောက် အိတ်ထဲထည့်ကာ ရေကန်သို့ စည်ပိုင်း တစ်ခုခုထဲတွင် ၂၄နာရီကြာအောင် ရေစိမ်ထားသင့်သည်..ထို့နောက် မျိုးစေ့အိတ်များကို ဆယ်ယူကာ ရေစစ်ပြီး တာပေါ်လင်ပေါ်သို့ ဖြန့်ဖြူးကာ အပေါ်မှ ကောက်ရိုး သို့ တစ်ခုခုဖြင့် ၂၄နာရီခန့်ဖုံးအုပ်ပေးထားရမည်..နောက်နေ့မနက်ရောက်သောအခါ ပဲစေ့လေးများမှ အစို့များ ထွက်သာသည်ကိုတွေ့ရမည်...ထို့နောက် စိုက်ပျိုးရေး ကုမ္ပဏီတစ်ခုခုမှ မျိုးစေ့လူးနယ်ဆေးအားဝယ်ယူပြီး အချိုးအစားအလိုက် သမအောင်နယ်ကာ လယ်ကွက်ထဲသို့ ပက်ချနိုင်ပြီဖြစ်သည်...ရေပဲစိမ်ကာ အစို့မဖောက်ပဲမျိုးစေ့လူးနယ်ဆေးဖြင့်နယ်ပြီး ပတ်ချနိုင်သည်...
images (1)_1504220705172.jpg
ဆေးဖျန်းခြင်း နှင့် ပြုစုပျိုးထောင်ခြင်း အပင်ပေါက်ပြီးရက်၂၀ခန့်ရောက်သောအခါ အပင်ကြီးထွားမှု ကောင်းစေရန် နှင့် မြစ်ဥများတိုးလာစေရန် အားဆေးတစ်မျိုးမျိုးကို ဖျန်းပေးသင့်သည်...ထိုနောက် တစ်လခန့်ကြာသောအခါ သို့ ပိုးမွှားများတွေ့လျှင် ပိုးသတ်ဆေးကို စတင်ဖျန်းနိုင်သည်...မတ်ပဲပင်တွင် အဓိကအားဖြင့် ငမြောင်တောင် ပင်စည်ထိုးယင် သီးလုံးထိုးပိုး ပွင့်ထိုး ရွက်ထွေး ယင်ဖြူ သံချေးမှို အဝါရောင်မှိုရောဂါ အစရှိသဖြင့် ပိုးမွားများနှင့် မှိုရောဂါ ပေါင်းစုံကျရောက်နိုင်သည်..အပင်နုသည်...ထိုကြောင့် ၂ရက်၃ရက်တစ်ခါ ဖြစ်နိုင်လျှင် နေ့တိုင်းကွင်းဆင်းကြည့်ရှူသင့်သည်... ထိုကြောင့် ၁၅ရက်တစ်ကြိမ်သို့ ၁လတစ်ကြိမ် ပိုးသတ်ဆေး မှိုသတ်ဆေး
အသီးအပွင့် အပင်အားဆေးများကို အလှည့်ကျ ပုံမှန်ဖြန်းပေးသင့်သည်...ပဲပင်၏ ဖူးပွင့် ပွင့်ချိန် မှစ၍ ပိုးသတ်ဆေး မှိုသတ်ဆေးများသုံးရာတွင် အထူးဂရူစိုက်သင့်သည်...အပွင့်မကြွေအောင် အသီးမဆုံးရလေအောင် ဂရုပြုရမည်...ကန့်ပါသော ပိုးသတ်ဆေး မှိုသတ်ဆေးများကို မသုံးသင့်ပေ...အဆိုပါ ကန့်ပါသော ပိုးသတ်ဆေးများကြောင့် အဖူး အပွင့် များကြွေစေနိုင်ကာ..အသီးမရပဲ ဆုံးရှုံးနိုင်သည်...
RTR3CY4I.jpg
HTB1cbsZFFXXXXb6XXXXq6xXFXXXj.jpg
ရိတ်သိမ်းခြင်း အထက်မှာ ပြောခဲ့သလို မတ်ပဲ တွင် မျိုးကွဲများစွာရှိရာ ရိတ်သိမ်းချိန်လည်း ကွာခြားနိုင်သည့်...နှစ်လခွဲမျိုး သုံးလမျိုး လေးလမျိုးဟု၍ ရိတ်သိမ်း ချိန်နှင့် ပတ်သတ်၍ မျိုးများစွာ ရှိသည်..
မတ်ပဲပင်သည် အသီးသီး ရာတွင် သုံးဆင့်အထိသီးနိုင်သည် ...ပထမအဆင့်သည့် နတ်ပန်းပွင့်ချိန် သီးကင်းဝင်ချိန် စတင်ပွင့်ဖူးချိန်တွင် စတင်အောင်မြင်သောအသီးများဖြစ်သည်...ထို့နောက်ဒုတိယအဆင့်သည် အပင်ကြီးထွားလာမှုနှင့်အတူ ကိုင်းခြားများကပင် အပွင့်အသီးများထွက်လာခြင်းပင် ပထမအသီးထက် ရက်၂၀ခန့်နောက်ကျနိုင်သည်...တတိယအသီးကတော့ အပင်ကျခံနီး နောက်ဆုံးမှ သီးသော အသီးဖြစ်သည်.. မည့်သည့်မျိုးပင်ဖြစ်စေကာမှု ဒုတိယအသီးမှည့်ကာမှ ရိတ်သိမ်းခြင်းသည် အကောင်းဆုံးဖြစ်သည်...တတိယအသီးမှည့်ခြင်းကို မီအောင်စောင့်နိုင်ပါက ပိုကောင်းသည်..သို့သော် တတိယအသီးမှည့်သောအခါ ပထမအသီးများက အမှည့်လွန် ကျွမ်းကာ ကြွေကျနိုင်သောကြောင့် ဒုတိယအသီးထိသာ ယူကြသည်...သို့သော် အချို့မှာ ဒုတိယ အသီး နှင့် တတိယ အသီးက အတောင့်ပိုများသောကြောင့် ယူကြသည်..ထို့နောက် နတ်ယူကာ ပဲပင်များကို အခြောက်ခံ၍ တလင်းထဲတွင် နယ်၍ လှေ့ယူနိုင်သည်.ယခုနောက်ပိုင်းတွေ ပဲခြွေစက် များလည်း ပေါ်ပေါက်နေပြီဖြစ်သဖြင့် အချိန်မကုန် လူ မပင်ပန်းတော့ချေ..
download_1504221400248.jpg
agriculture-mung-beans-harvest-australia-A8W02J.jpg

ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား
Writer-Htetlinnaung
31.8.2017
Photo-google
လေးစားစွာဖြင့်
နောက်ထပ် ဗဟုသုတ အကြောင်းအရာအမျိုးမျိုးကိုရေးသားတင်ဆက်သွားပါအုံးမယ် ခင်ဗျား...

Sort:  

Congratulations @htetlinnaung! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60191.28
ETH 3302.01
USDT 1.00
SBD 2.36