ကျွန်တော် ,steemit နှင့် steemit cheetah (I , steemit and steemit cheetah)
2017ခုနှစ် ဇွန်လအတွင်း ဖြစ်သည်...Online Money GroupတွေထဲကFree siteတွေကို လိုက်ရှာရင်းနဲ့ သူငယ်ချင်းတစ်ယောက်က Steemitအကြောင်း တင်ထားတာကို တွေ့မိသည်...(Online Money လောကကိုဝင်တာ ၂နှစ်ကျော်အတွင်း ရှိပေမဲ့ ကိုယ့်အတွက် တစ်လမှ လေးငါးသောင်း သုံးလို့ရအောင်ပဲ ရှာနိုင်သေးသည်) Steemitကို စတွေ့တော့ Post တွေPhotoတွေတင်ရင် ရမယ် ဆိုစိတ်တော့ စိတ်ဝင်စားသွားသည်...ဒါပေမဲ့ မယုံသေးဘူး...ဘာလို့ မယုံလည်း ဆိုတော့ Steemitမတိုင်ခင် empowrဆိုပြီး Siteတစ်ခုပေါ်လာလေသည်...ကိုယ့်မှာတော့ postတွေတင်လိုက်ရတာ နောက်တော့ ငွေထုတ်လို့မရဘူးဆိုတော့ အလဟာသဖြစ်သွားသည်...
နောက်တော့ Steemitက ငွေထုတ်လို့ရတယ် Fbလိုပဲ Communityအဖွဲ့အစည်း တစ်ခုဆိုတော့
25Jun 2017မှာ Steemit accountကို စတင်ဖွင့်ခဲ့ သည်...စစဖွင့်ချင်း ၅ရက် လောက်က ဘာမှမလုပ်ဖြစ်သေးပေ..July 1ရက် 2ရက်လောက်မှ စဖြစ်သည်...Intro ပို့စ်တွေ တင်ပြီး ဘာဆက်တင် ရမှန်းမသိဖြစ်ခဲ့သည်...နောက်ပိုင်းမှာ Steemitအစ်ကိုများရဲ့ လမ်းပြမှုများကြောင့် ကိုယ်ပိုင် Postများ ရေးသားလာနိုင်ခဲ့သည်...
ကိုယ်တိုင် Postများ မရေးသားနိုင်ခင် ပထမ ၁၅ရက်မှာ Copyပို့စ်များ အများဆုံး ငါးခု ကူးယူဖော်ပြခဲ့သည်...ငါးခု အနက် ၄ခုမှာ Cheetah
ထိခဲ့သည်....Cheetahကcommentမှာ တူညီနေတဲ့Postတွေ့ရတော့ နည်းနည်း တော့စိတ်ထဲရှက်မိသည်...အဲ့ထက်ဆိုးသည်က မြန်မာက အစ်ကိုတွေက" ညီလေးရေ Cheetahထိနေတယ်...Copyပို့စ်တွေ မရေးပါနဲ့...ကိုယ်တိုင် ဖန်တီးရေးပါ"ဆိုတော့ မိမိကိုယ်ကို တော်တော်လေး စိတ်ပျက်မိသည်...ရှက်လည်း ရှက်မိသည်..Cheetahထိတော့ သိပ်မရှက် မြန်မာက အစ်ကိုတွေလာအသိပေးတော့ "ငါcopyကူးတဲ့postတွေ မြန်မာက လူတွေ သိကုန်ပြီ" စိတ်ထဲက ရေရွတ်ရင်း အတော်လေးရှက်ရွံ့မိသည်...
ဒီထက်ဆိုးသည်က အစ်ကို Henery တင်ထားသော ခါးအောက်ပိုင်းထိခိုက်နေသော လက်ချောင်းများ ကောင်းစွာပင်လှုပ်ရှားမရနိုင်၍ စာမနည်း ရိုက်နေရသော်လည်း ကိုယ်ပိုင် ဖန်တီး ယူထားသောPostများကိုကေးသားနေကြောင်း တွေ့ရသဖြင့် ပိုပြီးတော့ ရှက်မိသည်...ထိုအချိန်မှစ၍ ကိုယ်ပိုင် ပို့စ့်များရေးသားတော့မည် ဟု ဆုံးဖြတ်လိုက်ပြီး မိမိကျွမ်းကျင်ရာ စိတ်ဝင်စားရာနယ်ပယ်မှ အကြောင်းများကို ဆောင်းပါးတို စာတိုလေးများ ရေးသားတော့မည်ဟုဆုံးဖြတ်ကာ ရေးသား၍ သော်လည်းကောင်း /ဘာသာပြန်၍ သော်လည်း ကောင်း ရေးသားခဲ့သည်မှာ ဆောင်းပါး 20 ရှိကာ SBD 20$ ကျော်ရရှိနေပြီ ဖြစ်သည်...တကယ်ဆိုလျှင် ၂လခန့် အချိန်အတောအတွင်း 20$မက ရသင့်သည်...သို့သော် ကျောင်းစာကတစ်ဖက် အခြားtradingဘက်က တစ်ဖက်
Steemitက တစ်ဖက် ဖြစ်နေသောကြောင့် ၂ရက်တစ်ခါ ၃ရက်တစ်ခါမှ postတင်နိုင်သည်...ဒါ့အပြင် မျက်စိကလည်း phone screenကိုအကြည့်များလျှင် ညောင်းလာ စပ်ကာ ဇက်ကြောတတ်လာသောကြောင့် နားလည်းနားရသေးသည်...ကိုယ်တိုင်ရေး ဆောင်းပါး 20ခုခန့် မှ ရလာသောSBDများသည် နည်းနေသော်လည်း တခြားသောOnline moneyများမှ ရသောငွေများထက် အလွန်ပင်ချိုမြိန်လှသည်ဟုပြောရမည်...ကိုယ်တိုင် Postများ ရေးသားနိုင်သောကြောင့် ခေတ်စကားနှင့်ပြောရလျှင် မာန်တတ်ချင်သည်...ဒါကြောင့်Steemitမှာ စာတွေရေးသားတဲ့အခါ Copyမယူဘဲ Copyလွတ်တဲ့ ကိုယ်တိုင်ရေး ပို့စ်များကို ရေးသားကြပါ ထို ကိုယ်ပိုင်ရေးPostများမှ ရရရှိလာသော အောင်မြင်မှုသည် အလွန်ချိုမြိန်သည်...
မိမိSteemitမှာ ရရှိလာသောSBDများကို ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ စုဆောင်းကာ သတ်မှတ်ချက်ရောက်လျှင် မိဘမဲ့ဂေဟာများ ဘိုးဘွားရိပ်သာများကို မိမိတတ်နိုင်သလောက် ထောက်ပံ့ပေးသွားမည်လည်း ဖြစ်သည်...ဖြစ်နိုင်လျှင် ကျွန်တော်တို့ Steemit Myanmar Community Philanthropicဆိုပြီး ပရဟိတ အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းပြီး ဒုက္ခရောက်နေသောသူများကို ကူညီသင့်သည်...ဖွဲ့စည်းရာတွင်လည်း Steemit Community Membersများအနေဖြင့် တစ်ယောက်လျှင် 5$ခန့် ထည့်လှူကာ တစ်လလျှင် တစ်ကြိမ် စာရင်း ရှင်းတမ်း ထုတ်ပြန်သင့်သည်...ဤသို့ ပရဟိတ အဖွဲ့အစည်းများဖွဲ့စည်းခြင်း စည်းစည်းလုံးလုံး လုပ်ကိုင်ခြင်းဖြင့်Steemitမြန်မာ community ကဒီထက်မက ကြီးမားအောင်မြင် နိုင်လာပါသည်ခင်ဗျား...အပိုင်း-၂ဆက်ရန်
Steemit Myanmar membersများ ဒီထက်မက အောင်မြင်နိုင်ပါစေ
Writer-Htetlinnaung
8.9.2017
Photo Google
nice post
ကိုပေါက်စီ ချံရေးနိုင်တာကို ဆုံးပလိုက်တယ်
ပြင်လိုက်မယ် အစ်ကို 😁😁😁
May be one day, we can do it.
Yeah ,We can do it !
Great post..bro..
Thanks bro...
ကောင်လေး ကြိုးစားလှချည်လား
မိုက်စ်
ဟုတ်ကဲ့..ဒါတောင် စာကတစ်ဖက်ဆိုတော့ နေ့စဉ်တင်ဖို့ အဆင်ပြေအောင်မနည်းလုပ်ရတယ်...