ဗိဿနိုးမြို့ဟောင်း ( ၁)

in #myanmar6 years ago (edited)

ဗိဿနိုြး့ဟောင်း (၁)

IMG_20180118_001142.jpgဗိဿနိုးမြို့ဟောင်းကြီးသည် ဘီစီ ၄ရာစု ခန့်ကတည်ထားခဲ့သော မြို့တော်ကြီးဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရ သိရပါတယ်ခင်ဗျ......။ကျွန်တော်တို့ တောင်တွင်းကြီးမြို့၏အနောက်
ဖက် ၁၂မိုင်အကွာခန့်မှာ တည်ရှိပါတယ်.....။
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်ကတည်ရှိခဲ့
သော ပျူမြို့တော်ကြီးဟု သမိုင်းမှတ်တမ်းအထောက်အထားများအရ သိရှိရပါတယ်.....။သမိုင်းကြောင်းအရဆိုရင် ဟိုး..နှစ်ပေါင်းများစွာက ပန်ထွာဘုရင်မကြီးအုပ်ချုပ်ခဲ့တဲ့ အလွန်စည်ကားလှသောမြို့တော်ကြီးလို့ ဆိုရမယ်ပေါ့
ဗျာ.....။

IMG_20180118_000657.jpgဗိဿနိုးမြို့ဟောင်းကြီးသည်.....ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းမြို့တော်ကြီးအ
ဖြစ်လဲ သက်မှတ်ထားပါတယ်.....။
”မြန်မာမှန်ရင်ပုဂံကိုရောက်ဖူးရမယ်ဆိုသလို”
”မြန်မာမှန်ရင်ဗိဿနိုး ကိုရောက်ဖူးသင့်ပါတယ်”
ဟိုးရှေးနှစ်ပေါင်းများစွာက ပျူလူမျိုးတို့ရဲ့
ယဉ်ကျေးမှု၊ လူနေမှုအဆင့်အတန်း၊စီးပွားရေး၊ဘာသာရေး တို့ကို ဖော်ကျူးပြသရာ သမိုင်းစာအုပ်ကြီးဟု ခေါ်ဆိုရလောက်အောင်ပါပဲ...။
ဗိဿနိုးမြို့ဟောင်းကြီးဟာ တောင်တွင်းမကွေး လမ်းမကြီးရဲ့ မြောက်ဖက်ပိုင်းမှာတည်ရှိပါ
တယ်......။

IMG_20180118_000217.jpgမြို့ဟောင်းကြီး၏ရှေ့သို့ ရောက်သည်နှင့် ”ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ”
ဟုရေးသားထားသော မုဒ်ဦးကြီးကိုတွေ့မြင်ရပါတယ်...။လမ်းညွှန်ဆိုင်းဘုတ်တွေ မြေပုံမျာနှင့်တကွ ဖော်ပြထားခြင်းကြောင့် လေ့လာ
ကြည့်ရှု့ကြသူများအတွက် အဆင်ပြေစေပါ
တယ်...။မုဒ်ဦးကြီးရဲ့ အရှေ့ဘက်နားမှာတော့ ကမ္ဘာ့အမွေအနှစ် (World Heritage) ဟုရေးသားစိုက်ထူးထားသော ကျောက်တိုင်ကြီးကို
တွေ့မြင်နိုင်ပါတယ်ခင်ဗျာ......။

IMG_20180118_000742.jpgဗိဿနိုး မုဒ်ဦးဝထဲ ဝင်သွားလိုက်သည်နှင့် ပထမဆုံး ဗိဿနိုးပြတိုက်ကြီး ကိုမြင်တွေရမှာပါ.....။ပြတိုက်ကြီး၏အတွင်းပိုင်းမှာ ရှေး
ခေတ်လက်ရာအတိုင်း ခမ်းခမ်းနားနားဆောက်လုပ်ထားပုံကို အံသြဖွယ်တွေ့မြင်နိုင်ပါတယ်။

IMG_20180118_000815.jpgပြတိုက်ကြီးထဲမှာတော့ ဟိုးရှေးခေတ် ပျူ လူ
မျိုးတို့၏ လည်ဆွဲ, ပုတီးကုံး,ပယင်းကျောက်,ပယင်းလက်ကောက်,မြေအိုး,မြေပုဂံ,အရိုးအိုး,ကြေးရုပ်,အိမ်အခန်းများ,ရှေးခေတ် အုတ်ပုံစံ များကို လေ့လာကြည့်ရှု့နိုင်ပါတယ်
ခင်ဗျာ...။

IMG_20180118_000026.jpgဗိဿနိုးပြတိုက်မှတဆင့် ဟိုးမြောက်ကို ဆက်သွားမည်ဆိုလျှင် နှစ်စဉ်ဘုရားပွဲကျင်ပသည့်
ရွှေရောင်တော်ဘုရားကို ဖူးမြော်နိုင်ပါတယ်။
ရွှေရောင်တော် ဘုရားကို သွားရာ လမ်းတ
လျောက် အရှေ့ဘက် အနောက်ဘက် တစ်ဖက်
တစ်ချက်စီမှာ ဟိုးနှစ်ပေါင်းများစွာက အုတ်ကြွင်းတွေ, အိမ်အခန်းဖွဲ့စည်းပုံတွေ,အုတ်ရိုးတွေကို သွားရင်းလာရင်း ကြည့်ရှု့ လေ့လာနိုင်ပါ
တယ်.......။

IMG_20180118_000454.jpgပျူခေတ်၏်လက်ရာများ,ပျူယဉ်ကျေးမှု့များ
ကို အနီးကပ်ကြည့်ရှု့လေ့လာနိုင်စေရန်တူးဖော်ရရှိထားသော အုပ်ရိုးများ အပေါ်တွင်တံတားများလည်း ခင်းပေးထားပါသည်.....။လမ်းတ
လျောက်လုံးမှာ ကန်တော်ကြီးသို့, အုတ်ရိုးသို့,စေတီသို့ စသဖြင့် ဆိုင်းဘုတ်များလည်း
တပ်ဆင်ပေးထားပါသည်.....။

IMG_20180118_000113.jpgဗိဿနိုးမြို့ဟောင်း အတွင်းရှိ ရွှေရောင်တော် စေတီသည်လည်း အလွန်ထင်ရှားလှပါ
တယ်...။ဘိုးဘိုးအောင်၏ မွေရပ်မြေလဲဖြစ်ခဲ့ပါသည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရပါတယ်ခင်ဗျာ.....။နှစ်စဉ်နှစ်တိုင်း ရွှေရောင်
တော်ဘုရားပွဲ ကျင်းပလေ့ရှိပြီး ပွဲရပ်များတွင်
အလွန်ပင်စည်ကားလှပါတယ်ခင်ဗျာ....။

IMG_20180117_235509.jpgဘုရား၏ရင်ပြင်ပေါ်တွင် ဗိဿနိုးဘုရင်မ၏
ရုပ်ထု,ဘိုးဘိုးအောင်နတ်နန်း,ပေလေးပင်ရှင်
လေးပါး စသည့်ရုပ်ထုများကို ဗဟုသုတရဖွယ်
တွေ့မြင်နိုင်ပါတယ်.........။
ဘုရား၏မြောက်ဖက်စောင်းတန်း တောင်ဖက်
စောင်းတန်းတို့တွင် လိပ်ကန်, ငါးမွေးကန် တို့၌ ငါးစာများကျွေးရင်းဖြင့်လည်းကုသိုလ်ယူ
နိုင်ပါသေးသည်.....။

IMG_20180118_000402.jpgထို့ပြင် ထူးခြားဆန်းကြယ်သော သမိုင်းများ အ
ဖြစ်အပျက်များ ရှိသောနေရာများလည်း ရှိပါသေးသည်....။ဗိဿနိုး မြို့ဟောင်းအတွင်းတွင် အင်ကြင်းဥယျဉ်ဟု သတ်မှတ်ထားသောနေရာလည်းရှိသေးသည်...။ထိုအင်ကြင်းဥယျဉ်ကြီးသည် ဗိသနိုးဘုရင်မကြီးက ဗိဿနိုးစောင့်နတ်မင်းကြီးအား ရည်စူးပြီး လှူဒါန်းထားကြောင်းကိုသမိုင်းမှတ်တမ်းများအရ သိရှိရပါသည်..။ဟိုးအရင် ကတည်းက ယခုအချိန်ထိ ဗိဿနိုး
မြို့ဟောင်းအတွင်းတွင် အင်ကြင်းပင် တပင်မှမရှိခဲ့သော်လည်း အင်ကြင်းပန်းပွင်းများကို ထိုအင်ကြင်းဥယျဉ် တဝိုက်တွင် တွေမြင်ရကြောင်းသိရှိရသည်....။အလည်အပတ် သွားရောက်ကြသူများကလည်း ဗိဿနိုးမြို့ဟောင်းအ
တွင်းသို့ ရောက်သည်နှင်တပြိုင်နက် အင်ကြင်းပန်းရနံ့များကို ရကြသည်ဟု ပြောသံကြားဖူး
သည်....။ဤသည်မှာ ဗိဿနိုးမြို့ဟောင်း အ
တွင်းတွင် သဘာဝလွန်ဖြစ်ရပ်တခုလားဆိုတာကိုတော့ ဘယ်သူမှ အတိအကျမပြောနိုင်ပါ..။
အထူးသဖြင့် ဗိဿနိုးဘုရင်မကြီး တည်ထားခဲ့သော ရွှေရောင်တော် ဘုရား အနီးပတ်ဝန်းကျင်တွင် အင်ကြင်းပင်တစ်ပင်မှမရှိပေမဲ့ အင်း
ကြင်းပန်းပွင့်များကို တွေရှိရကြောင်းကို ဒေသခံများ၏ပြောကြားချက်အရ သိရှိရသည်.....။
ထို့အပြင် ဗိဿနိုးမြို့ဟောင်းအတွင်းတွင်
ပျူခေတ်က နန်းတော်အဆောင်,ကန်တော်
ကြီး,နတ်ကွန်း,နတ်နန်း အစရှိသဖြင့် တူးဖော်ရရှိထားသည်များကို ဗဟုသုတရဖွယ် တွေ့
ွမြင်နိုင်ပါသည်...။

IMG_20180118_000936.jpgထို့အပြင် ဗိသနိုးမြို့ဟောင်းအတွင်းတွင် အသားမစားရ, ဝိနည်းနှင့်မညီသော ရဟန်းများ ပန်ထွာမိဖုရား၏ဝိညာဉ်က လက်မခ
ံကြောင်းကိုလည်း လူအများ၏ပြောကြားချက်အရ ကြားသိရသည်....။
ဝိနည်းနှင်မညီသော ရဟန်းများကြောင့် ဗိဿနိုးမြို့တော်ကြီး ပျက်ဆီးခဲ့ရခြင်းဖြစ်သည်ဟု သမိုင်းကြောင်းများအထင်အရှားရှိခဲ့သည်...။
ထိုသို့သောလူများ ဝင်ရောက်ခြင်းကိုလက်မခံ
ံခြင်းမှာဗိဿနိုးမြို့တော်ကြီးပျက်ဆီးရခြင်း
အကြောင်းများနှင်စပ်ဆက်နေ ဟန်တူပါ
သည်....။

(ပုဏ္ဏဝတီမဂ္ဂဇင်း ၊တောင်တွင်းကြီး သမိုင်း
စာအုပ်များမှ ကိုးကားထားပါသည်)

Photo credit google
written by htetlinaungg
MSC,078

Sort:  

thank for your sharing

Thank for reading

အရင်ကတော့ ကြားဖူးတယ် ခုတော့ ပိုပြီးပြည့်စုံသွားတာပေါ့

တင်ပါ့ဘုရား

မရောက်ဖူးသေးဘူး ရောက်အောင်သွားအုံးမယ်လို့တော့ စိတ်ကူးထားတယ် မြို့ဟောင်းအကြောင်းလေးကို စုံစုံလင်လင်သိခွင့်ရလို့ ကျေးဇူးပါ

ဟုတ်ကဲ့ လာခဲ့ပါ
လိုက်ပို့ပါမယ်ခင်ဗျ

နီးနီး​လေးနဲ့ မ​ရောက်​ဘူး​သေးပါ
ရောက်​​အောင်​သွားပါအုံးမယ်​ဗျ
အရမ်းလဲ ​ကောင်းတဲ့ post ဖတ်​ပြီး ပိုသွားချင်​မိ

Thank bro
ျွန်တော်တို့တူတူသွားရအောင်

ဟန်လင်းကော၊ဗိဿနိုးကော မရောက်ဖူးသေးဘူးဗျ

ရောက်ဖူးချင်တယ်ဆိုရင် လိုက်ပို့မှာပေါ့ bro

ရောက်​ဖူး​သေးဘူးbro

လိုက်ပို့မယ် bro

ဗဟုသုတ ရပါတယ်​ဗျာ

Thank for reading

ဟန်လင်းပဲရောက်ဖူးသေးတယ်

Welcome from Veikthano

သမိုင်းအချက်​အလက်​​လေး​တေသိရလို့​ကျေးဇူးပါ။

ဟုတ် ဖက်ပေးတဲ့အတွက်ကျေးဇူးပါ

သေချာလေးသိရမြင်ရလို့ ကျေးဇူးတင်ပါတယ်

ဟုတ် ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ bro

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63754.85
ETH 3055.95
USDT 1.00
SBD 3.85