မြင်းခြံမြို့မှ တန်​ခိုးကြီးဘုရားများ(၁)

in #travel7 years ago (edited)

P70627-135034.jpg
မြင်းခြံမြို့မှ တန်​ခိုးကြီးဘုရားများဟု ​ဆိုလိုက်​သည်​နှင့်​ စွန်းလွန်းဆရာ​တော်​ဘုရားကြီး၏​ကျောင်းေ​ဆာင်​ကို ​ပြေးမြင်​မိသည်​မှာ အမှန်​ပင်​ဖြစ်​သည်​။မြင်းခြံမြို့တွင်​သာ
စွန်းလွန်းဆရာ​တော်​ဘုရားကြီး၏ မပုပ်​သိုး​မပျက်စီးေ​သးသည့်​ရုပ်​​ကလာပ်​​တော်​အစစ်​ကို ဖူး​မြော်​နိုင်​ပါသည်​။ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​​တော်​မှာ နှစ်​ကြာရှည်​​သော်​လည်းမပျက်​စီး​သေးသည့်​အပြင်​ ဦး​ခေါင်း​တော်​မှ ဆံပင်​​လေးများအသစ်​​​ပေါက်လာသည့်​​အပြင်ေ​ခြသည်းလက်​သည်း​လေးများ ရှည်​ထွက်​လာသဖြင့်​ ညှပ်​​ပေးရသည်​ဟု ကြားသိရပါသည်​။ထို့​ကြောင့်​ သက်​ရှိထင်​ရှား ရဟန္တာတစ်​ပါးကို ဖူး​မြော်​ခွင့်​ရသကဲ့သို့ ခံစားရ​စေပါသည်​။
 စွန်းလွန်းဆရာ​တော်​ဘုရားကြီး၏ ​ထေရုပ္ပတ္တိအကျဉ်း
ဘွဲ့​တော်​=ဦးက၀ိ
လူအမည်​=ဦး​ကျော်​ဒင်
အဖအမည်​=ဦးသန့်
အမိအမည်​=​ဒေါ်တုတ်
ဇနီးအမည်​=​ဒေါ်​ရွှေရီ
သားအမည်​=​မောင်​ကံညွန့်
🌿🌿🌿
မြန်​မာသက္ကရာဇ်​ ၁၂၃၉ ခု-တ​ပေါင်းလဆန်း (၂)ရက်​​တနင်္လာနေ့ မနက် ၃နာရီေ​ကျာ်​တွင်​ ဖွားမြင်​​တော်​မူသည်​။
🍃🍃🍃
မြန်​မာသက္ကရာဇ်​ ၁၃၁၄ခု-ကဆုန်​လပြည့်​​ကျော်​(၉)ရက်
စ​နေ​နေ့ည​နေ ၄ နာရီ ၄၅မိနစ်​ခန့်​တွင်​ ပရိနိဗ္ဗာန်​ပြု​တော်​မူသည်​။
P70627-134724.jpg
ကျေးဇူးရှင်​ စွန်းလွန်းဆရာ​တော်​ဘုရားကြီး၏ မှတ်​တမ်း
☀၁၂၈၂ခု-၀ါဆိုလပြည့်​​ကျော်​(၁၃)ရက်​တွင်​ ပထမတရားထူးရခဲ့သည်​။
☀၁၂၈၂ခု-၀ါ​ခေါင်​လပြည့်​​ကျော်​(၁၃)ရက်​​နေ့တွင်​ ဒုတိယတရားထူးရ​တော်​မူသည်​။
☀၁၂၈၂ခု-​တော်​သလင်းလပြည့်​​ကျော်​(၁၃)ရက်​​နေ့တွင်​ တတိယတရားထူးရ​တော်​မူသည်​။
☀၁၂၈၂ခု-သီတင်းကျွတ်​လပြည့်​​ကျော်​ (၁၃)ရက်​​နေ့တွင်​ စတုတ္ထတရားထူးရ​တော်​မူသည်​။
သက်​​တော်​=၇၅နှစ်
ဝါ​တော်​​=၂၈ ၀ါ
ထားရှိအပူ​ဇော်​ခံသည့်​နှစ်​​ပေါင်း=၆၄နှစ်
P70627-135346(1).jpg
ဆရာ​တော်​ဘုရားကြီး၏ သြ၀ါဒ
"ချမ်းသာကို လိုချင်​ကြလျှင်​ အမိနှင့်​အဖကိုသတ်​၊ တိုင်းပြည်​အုပ်​ချုပ်​တဲ့ ပြည့်​ရှင်​မင်းကြီးနှစ်​ပါးကိုသတ်​၊ သူလျှိုတစ်​ကျိပ်​နှစ်​​ယောက်​ကိုသတ်​က ချမ်းသာပါ​ရော။ သို့​သော်​ မိဘနှစ်​ပါးက​တော့ ​ကျေးဇူးကြီးလှ၍ တစ်​ကြိမ်​သတ်​ရုံနှင့်​ မ​သေနိုင်​။ ​လေးကြိမ်​ကိုယ်​တိုင်​သတ်​မှ​သေသည်​။ မိဘနှစ်​ပါးဆိုတာ တဏှာနှင့်​မာနကို ဆိုသည်​။ ပြည့်​ရှင်​မင်းကြီးနှစ်​ပါးဆိုတာ သဿဿ
တဒိဋ္ဌိနှင့်​ ဥ​စ္ဆေဒဒိဋ္ဌိကို ဆိုသည်​။ သူလျှို တစ်​ကျိပ်​နှစ်​​ယောက်​ဆိုတာ အတွင်းအာယတန​ခြောက်​ပါး၊ အပြင်​အာယတန​ခြောက်​ပါးကို ဆိုသည်​။အဲ....ချမ်းသာကိုလို၍ သတ်​ကြပါမူ စန္ဒဂုတ်​မင်း စစ်​တိုက်​သကဲ့သို့ အတွင်းအာယတန​ခြောက်​ပါး ၊ အပြင်​အာယတန​ခြောက်​ပါး ရှိသည်​တွင်​ အပြင်​အာယတန​ခြောက်​ပါးကို ဦးစွာသတ်​ရမည်​။ ။"

P70629-172013(1).jpg
(ဆရာ​တော်​တရားကျင့်​ကြံ​သော က၀ိ​လောက​မြေလှိုဏ်​ဂူ​တော်​)

လက်​​တွေ့တရား

"တရားအားထုတ်​တယ်​ဆိုတာ လက်​​တွေ့လုပ်​နည်းက​တော့ ထိမှု-သိမှု- ထိုနှစ်​ခု သတိကြပ်​ကြပ်​ပြု ဆိုသည့်​အတိုင်း၊ ထိမှု-သိမှု​ပေါ်မှာ သတိထား​နေရုံပါပဲ။မိမိ၏ ခန္ဓာယ်ကို မိမိသုံးသပ်ေ​​နတယ်။အဲဒါဟာ သမ္ဗသနဥာဏ်​လို့ ​ခေါ်တယ်​။ကျန်​ဥာဏ်​များဟာ သူ့သ​ဘောအတိုင်း သူ​ပေါ်လာပါလိမ့်​မည်​၊​ပေါ်လာ​တော့ မြင်​ရပါလိမ့်​မည်​၊ မြင်​​တော့ သိပါလိမ့်​မည်​။အဲဒီလို ကိုယ်​တိုင်​မြင်​ရ၊ကိုယ်​တိုင်​သိ​တော့ မည်​သူက ​ပြော​ပေးစရာလို​သေးသတုန်း။ကိုယ်​တိုင်​သိ​နေပြီပဲ။ဥပမာ- ငရုတ်​သီးကို ထက်​ပိုင်းချိုးပြီး လျှာကိုပွတ်​လိုက်​ပါ၊ ငရုတ်​သီးစပ်​​ကြောင်းကို မည်​သူကမျှ ​ပြော​ပေးစရာမလို ကိုယ်​တိုင်​သိ​နေပြီမဟုတ်​လား။
(ထိ၊ သိ၊ သတိ )ကို ​သေချာစွာ နားလည်​​အောင်​ ​လေ့ကျင့်​သုံးပါ။ တရားထူးရပါလိမ့်​မည်​။
နိဗ္ဗာန်​နိ​ရောဓသစ္စာတရားကို တကယ်​ရရှိ သိမြင်​ဖို့က အလွန်​ပြင်းထန်​တဲ့ ဇွဲသတ္တိမျိုးနှင့်​ ​ဇောစိတ်​အရ ဇွဲသန်​သန်​ အဆင့်​မြင့်​မြင့်​ တရားအားထုတ်​မှသာ တရားထူးကို တကယ်​ရရှိ သိမြင်​နိုင်​တယ်​ဆိုတဲ့ အဓိက လိုရင်းသတိ​ပေးချက်​ပါပဲ။ ကြိုးစားကြပါ။
တရားအားထုတ်​တဲ့ပုဂ္ဂိုလ်​ဟာ ကိုယ့်​အလိုနှင့်​ အဓိဋ္ဌာန်​ပြီးဘယ်​အချိန်​ထိ ငါ အားထုတ်​မည်​ဟု အချိန်​ကို​တော့ မပိုင်းပါနှင့်​ ၊ စွမ်းအားရှိသမျှ အားထုတ်​ပါ။ ။ "
"ထိမှု-သိမှု၊ ထိုနှစ်​ခု ၊ သတိကြပ်​ကြပ်​ပြု ။
ထိ​တော့ သိလာလိမ့်​မယ်​ ။သိလာတဲ့အ​ေ​ပၚ သတိထား "
P70627-134119.jpg
အကျဉ်းချုပ်​ဆိုရ​သော်​ ဗုဒ္ဓဘာသာဝင်​တစ်​​ယောက်​အ​နေဖြင့်​ မြင်းခြံမြို့ ​စွန်းလွန်းဂူ​ကျောင်းသို့
တစ်​​ခေါက်​တစ်​ခါမျှ သွား​ရောက်​ ဖူး​မြော်​သင့်​​ပါ​ကြောင်း တိုက်​တွန်းချင်​ပါသည်​။ ။
@honeysara
ကျမ်းကိုး>>ဆရာ​တော်​ကြီး(၁၄)ပါး၏ ၀ိပဿ နာသြ၀ါဒများနှင့်​သံသရာထွက်​လမ်း

Sort:  

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond Please consider upvoting this comment as this project is supported only by your upvotes!

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond Please consider upvoting this comment as this project is supported only by your upvotes!

ကြည်​ညိုစရာ​ကောင်းလိုက်​တာဗျာ ...

ဟုတ်​ကဲ့...၀မ်းသာရပါတယ်​ ☺☺

Congratulations @honeysara! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published a post every day of the week

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

လာအုန်းမယ်

Follow လုပ်​ခဲ့ပြီ အစ်​ကို​ရေ 😊

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 61599.30
ETH 3389.34
USDT 1.00
SBD 2.50