Steemit ခရီးလမ်း(part-4)
Tag ဆိုသည်မှာ မိမိဆောင်းပါးနှင့် သက်ဆိုင်သည့် tag ကို
သာထည့်ရကြောင်း အများဆုံး ၅ခုအထိထည့်ရကြောင်းသိလာသောအခါ မြန်မာနိုင်ငံနှင့်သက်ဆိုင်သော လမ်း၊ တံတား၊ အဆောက်အဦး ၊ ဘုရားစေတီပုံများ တင်ဖြစ်သောနေ့များတွင် myanmar ဟူ၍ tag တွဲမိသည်။ ထိုအချိန်မှစ၍ @domelay နှင့် စတင်သိကျွမ်းခဲ့ခြင်းဖြစ်သည်။ သိကျွမ်းသည်ဆိုသည်မှာ @domelay က ကျွန်မတင်သမျှ post များကို comment ပေး၍ အမှားများကို ဝေဖန်ထောက်ပြ၍ အကြံပေးခြင်းဖြစ်သည်။
"စာနည်းတယ် များများရေးပါ" ဟူ၍ တစ်ဖုံ၊ "ဤ facebook link မှတစ်ဆင့် ဆက်သွယ်ပါ" ဟူ၍ တစ်မျိုး စသဖြင့် ၀င်၍ မန့်တက်သည်။
သို့သော် facebook ကို မသုံးဖြစ်၍ account မ add ဖြစ်သေးပါ။
ကျွန်မလည်းကြိုးစား၍ တတ်နိုင်သမျှ စာကိုရှည်အောင်ရေးသည်။
ပထမဆုံး စပျစ်သီး အကြောင်းကို စာအရှည်ကြီး ရေးလိုက်သောအခါ ကိုဒိုမီလေးက "ဒီလောက်ဆိုရင် promotion တင်လို့်ရပြီ" ဟု ကွန်မန့်ပေးထားသည်။
Steemit တွင် comment တွေရေး၍ reply ပြန်ရသည်မှာ သိပ်တော့အဆင်မပြေပါ။ သူလိုင်းပေါ်ရှိမှန်းကိုယ်မသိ၊ ကိုယ်လိုင်းပေါ်မရှိမှန်းသူမသိနှင့်ဆိုတော့ အချိန်တွေနှောင့်နှေးသည်။ ထို့ကြောင့် မသုံးဖြစ်တာကြာပြီဖြစ်သော
facebook accountလေးကို ပြန်ဖွင့်ကာ @domelay အား account add ၍ မေးမြန်းစူးစမ်းအစီအစဉ်စတင်ကာ
်Myanmar Steemit Newbies Facebook page
ကို ပထမဆုံးစတင်သိကျွမ်းခွင့်ရသည်။
"ကျွန်မ MSC နဲ့ join ခွင့်ရတာ ကိုဒိုမီလေးရဲ့ ကျေးဇူးကြောင့်ပါ။ ကျေးဇူးအများကြီးတင်ပါတယ် လို့ပြောပါရစေ။"
(အကယ်ဒမီဆုရသွားသော မင်းသမီးတစ်ယောက်၏ လေသံအတိုင်း ဖတ်ပေးပါရန် )
Facebook တွင်ရှိသော ထို
Myanmar Steemit Newbies page သည် ကျွန်ုပ်အတွက် ရတနာသိုက်လမ်းညွှန်မြေပုံကြီးတစ်ခုပင်ဖြစ်သည်။ ယခင်ကဆိုလျှင် steemit အကြောင်းကို သိချင်လွန်း၍ google တွေမှာ အပင်ပန်းခံလိုက်ရှာရသည်။ တွေ့ပြန်တော့လည်း အင်္ဂလိပ်လိုတွေရေးထားတော့ ဘာသာပြန်ရသေးသည်။ တချို့စကားလုံးများဆိုလျှင် အင်္ဂလိပ်-မြန်မာအဘိဓာန်တွင် ရှာ၍ပင်မတွေ့ပါ။
ယခုတော့ google တွင်ရှာကာ ဘာသာပြန်စရာပင်မလိုတော့ပါ။ မြန်မာဘာသာစကားဖြင့် ရှင်းရှင်းလင်းလင်းရေးထားသောကြောင့်ဖြစ်သည်။ ထို page ကို ဟိုးအစထိသွားရောက်ရှာဖွေမွှေနှောက်ထားတော့ တစ်ချိန်ကမရှင်းလင်းသည်များ ရှင်းလင်းသွားသည်။
ထို page တွင် အစ်ကိုဟင်နရီရေးထားသော ebook လေးကို တွေ့တော့ပို၍ပင် ပျော်ရွှင်မိသည်။ အဘယ်ကြောင့်ဆိုသော် steemit နှင့် ပတ်သက်၍ အလားအလာကောင်းကြောင်းများကို ချက်ကျလက်ကျရေးထားသောကြောင့်ဖြစ်သည်။
ဆက်လက်ရေးသားပါဦးမည်။
Thank you for reading!
Written By,
@honeysara
MSC-040



ဆက် ပါဗျာ ကျေးဇူးပါ Steemit ဖြင့် လျှင်မြန် အောင်မြင်ပါစေ
ဟုတ်အစ်ကို ၊ ကျေးဇူးအများကြီးတင်ပါတယ် 😊
Good Review.
ကောင်းတယ်။ဗဟုသုတရပါတယ်။domelay ကတော့သဘောကောင်းတယ်နော်။😁။sbd ချေးအုံး။
ဘာမှလဲ ဆိုင်ဘူး
Steemitမှာအောင်မြင်ပါစေ။
Thanks sis 😃
Good
Thz 4 support.
steemit မှာအောင်မြင်အောင် အားလုံးတူတူသွားကြမေ :D
ကောင်းလိုက်တဲ့စိတ်ကူး 😃
Good,fighting
Thanks sis.
ကျေးဇူးမမေ့တတ်တဲ့သူ ကြီးပွားမှာပါ
ကျေးဇူးပါရှင့်။
right ပါ
Yeap.
တင်ပြပုံလေးကောင်းပါတယ် ခင်မျ
ဖတ်အူးမနို့ရှိသေးပီးသွားတာတထုတည်းရယ်
steemit မှာအောင်မြင်ပါစေ