Cucumbers And Beauty
သခွားသီးရဲ့ သိပ္ပံအမည်ကတော့ Cucumis sativus ဖြစ်ပါတယ်။
သခွားသီးကိုရွေးချယ်ဝယ်ယူတော့မယ်ဆိုလျှင် အစိမ်းရင့်ရောင်၊ အသားကျစ်ကျစ်လစ်လစ်နှင့် သခွားသီးမျိုးကိုရွေးချယ်ဝယ်ယူသင့်ပါသည်။
အဓိကအားဖြင့် သခွားသီးမှာ
ရေဓာတ် 95ရာခိုင်နှုန်း ပါဝင်ပါတယ်။
အားကစားလုပ်ပြီးလို့ ရေဓာတ်တွေကုန်ဆုံးတာပဲဖြစ်ဖြစ်၊ နွေရာသီမို့ ရာသီဥတုပူလောင်လို့ ချွေးတွေထွက်ပြီး ရေဓာတ်ဆုံးရှုံးနေသောသူတစ်ယောက်အတွက် စားသင့်သော အသီးအနှံကတော့ သခွားသီးပဲဖြစ်ပါတယ်။
ဆောင်းရာသီရောက်၍ အသားအရည် ခြောက်သွေ့ မှုပြသနာကို ရင်ဆိုင်ရပြီဆိုလျှင် သခွားသီးသာလျှင် ရင်ဆိုင်ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ကိုးရီးယားဇာတ်လမ်းတွဲတွေမှာ စာဖတ်သူလဲတွေ့ဖူးမှာပါ ကိုးရီးယားမင်းသမီးလေးတွေ သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါင်းတင်နေတာကိုပေါ့။ ဟုတ်ပါတယ် ။ ကိုရီးယားလိုမျိုး ရာသီဥတု အေးမြလွန်းတဲ့နိုင်ငံမှာဆို သခွားသီးဟာ မရှိမဖြစ်ပါဘဲ။
သခွားသီးဟာ ဘယ်လောက်ထိနာမည်ကြီးသလဲဆိုရင် ဘုန်းကြီးတရားဟောတဲ့အထဲတောင် ပါဝင်ပါတယ်။
ကျွန်တော်နာခဲ့ဖူးတဲ့တရားလေးကို ဖောက်သည်ချပါရစေ။
ဒကာမကြီးတစ်ယောက်က အိမ်ကိုဆွမ်းခံကြွတဲ့ကိုယ်တော်တစ်ပါးကို ထမင်း၊ဟင်း၊ အတို့အမြုပ်စုံစုံလင်လင်နဲ့ ဆွမ်းကပ်လေ့ရှိသတဲ့။
တစ်နေ့တော့ ဆွမ်းခံဘုန်းကြီးက ကြွလာပြီ၊ ထမင်းပဲကျက်သေးတယ်၊ ဟင်းကမကျက်သေးဘူး၊ ဒကာမကြီးလဲ ပျာယာတွေခတ်ပြီး လှူချင်ဇောနဲ့ ဟိုဟိုဒီဒီ လျှောက်ရှာတော့ သခွားသီးကိုအခွံခွာပြီး ပါးပါးလှီးထားတာတွေကို ပန်းကန်လေးထဲထည့်ထားတာကို တွေ့သတဲ့။ "အော်....ငါ့သမီးလေးတော်ရှာတယ်၊ မနက်ဘုန်းကြီးကို ဆွမ်းကပ်ဖို့ အတို့အမြုပ်လုပ်ပေးထားရှာတယ်"
ဟုတွေးကာ ငပိရည်ကျိုနှင့် ထိုသခွားသီးစိပ်လေးများကိုသာ ကပ်လှူ လိုက်ပါတော့တယ်။ နောက်တစ်နေ့မနက်မှသိရသည်မှာ ထိုသခွားသီးစိပ်လေးများမှာ သမီးဖြစ်သူ ညဘက်ပေါင်းတင်ပြီး လွှင့်မပစ်မိသော သခွားသီးများဖြစ်လို့နေသည်။ ဘုန်းဘုန်းကသိသွားသောအခါ
" သခွားသီးဆားရည်စိမ်ထင်နေတာ အရသာက ငန်ကျိကျိနဲ့" ဟုသာ မိန့်တော်မူသည်။
ဘာကြောင့် သခွားသီးနဲ့ပေါင်းတင်ခြင်း(သို့မဟုတ်) Spa လုပ်ရတာလဲသိလား?
အဖြေကတော့ အသားအရည်အတွက် ကောင်းကျိုးပေးသော
magnesium, potassium နဲ့ silicon တို့ပါဝင်လို့ပါပဲ။
ထို့အပြင် ဗီတာမင် A,B,C ပါဝင်တဲ့အတွက် အသားအရည်ကို လင်းလက်တောက်ပစေပါတယ်။ နေလောင်ထားလို့ ညိုမဲနေတဲ့အသားအရည်ကို နဂိုအသားအရည်အတိုင်းပြန်လည်ရရှိစေရန် နေလောင်ထားသောနေရာကို သခွားသီးပါးပါးလှီးပြီး နေ့စဉ် ၁၅မိနစ်ခန့်ကပ်ထားပေးပါ။ ခြင်ကိုက်လို့အသားအရည် ယားယံလာပါက လက်ဖြင့်မကုတ်ဘဲ သခွားသီးလေးလှီးပြီးကပ်ထားပေးပါ။ အဆင်ပြေသွားပါလိမ့်မည်။
မျက်နှာပြင်တွင်နူးညံ့ဆုံးမှာ မျက်လုံးပင်ဖြစ်သည်။
ထိုမျက်ဝန်းနားတစ်ဝိုက်ကို သခွားသီးလေးကပ်လိုက်ရင် အေးမြသွားစေပြီး relax ဖြစ်စေပါသည်။ အထူးသဖြင့် ရေခဲစိမ်ထားသော သို့မဟုတ် ရေခဲသေတ္တာထဲထည့်ထားသော သခွားသီးစိပ်လေးများကပ်ပေးပါက ပို၍အဆင်ပြေစေသည်။
"ချွေးပေါက်ကျယ်သူများအတွက်"
သခွားသီးကိုအခွံခွာပြီး အသီးဖျော်ရည်စက်ထဲမှာ ထည့်ပြီး ရလာတဲ့ အရည်ကို Toner အနေနဲ့လဲ အသုံးပြုလို့ရနိုင်ပါတယ်။
မျက်နှာသစ်ပြီးခါစ ထို တိုနာအရည်လေးကို မျက်နှာပေါ် မိနစ် ၃၀ခန့်တင်ထားပေးပါက ချွေးပေါက်တွေကို သန့်စင်စေပါတယ်။
"အမည်းစက်ပြသနာ"
အသားအရည်က ခြောက်သွေ့ ပြီးအမည်းစက်တွေထွက်နေပါက
သခွားသီးကိုပါးပါးလှီး ဒိန်ချဉ်လေးသုပ်ပြီး ပေါင်းတင်လိုက်ပါက အမည်းစက်တွေကို လျှော့ပါးသက်သာစေပါသည်။
ကျန်းမာရေးကောင်းကျိုးများ
သွေးတိုးလို့ပဲဖြစ်ဖြစ် သွေးအားနည်းလို့ပဲဖြစ်ဖြစ် သခွားသီးကို စားသုံးပေးပါက သွေးခုန်နှုန်းကို မှန်ကန်စေပါသည်။
သခွားသီးကို ပါးပါးလှီးပြီး ပါးစပ်ပေါ်ကို ကပ်ထားပေးရုံ(သို့မဟုတ်) ပါးစပ်ထဲတွင် ငုံထားပေးရုံမျှဖြင့်
ခံတွင်းရှိရောဂါပိုးမွှားများကို နှိမ်နင်းနိုင်၍ ခံတွင်းနံ့မွှေးစေပါသည်။
-သခွားသီးမှာပါဝင်တဲ့ ရေဓာတ်ဟာ
alkaline အမျိုးအစားဖြစ်တဲ့အတွက်
သွေးအတွင်းမှာရှိတဲ့
uric acid ကိုလျှော့ချပေးနိုင်ပါတယ်။ ထို့ကြောင့်
ကျောက်ကပ်လေးကို သန့်စင်စေပါတယ်။ ဆီးနှင့်ကျောက်ကပ်ရောဂါဖြစ်နေသောသူများ သခွားသီးကို နေ့စဉ် ပုံမှန်စားသုံးပေးသင့်ပါတယ်။ ထို့အပြင် အစာအိမ်အတွင်းမှာရှိတဲ့ အက်စစ်ဓာတ်ကိုလဲလျှော့ချပေးတဲ့အတွက် အစာအိမ်ရောဂါ ခံစားနေရသူများအနေနဲ့
သခွားသီးကို သုံးဆောင်သင့်ပါတယ်။
-fisetin လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးပါဝင်တဲ့အတွက် ဦးနှောဏ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ မှတ်ဥာဏ်ကောင်းစေပါတယ်။
- ဗီတာမင် B ဓာတ်ပေါင်းတွေဖြစ်တဲ့ B1,B5,B7 တို့ပါဝင်တဲ့အတွက် စိတ်ဖိစီးမှုကို အတော်အတင့်လျှော့ချပေးနိုင်ပါတယ်။
တချိုနိုင်ငံတွေမှာ့ သခွားသီးစိပ်လေးတွေကို ရေသန့်ထဲကိုထည့်ပြီး သောက်လေ့ရှိပါတယ်ာ Cucumber Water လို့ခေါ်ပါတယ်။
ရိုးရိုးရေသောက်တာထက်စာရင် သခွားသီးရည်သောက်တာ ပိုကောင်းလို့ပါပဲ။
စာဖတ်သူများအားလုံးပဲ သခွားသီးကို အသုံးပြုပြီး လှပနိုင်ကြပါစေ။
Written By
@honeysara
MSC-040
Information from Google.
အလဲ့
အဟီး 😁😄😂
Thanks for sharing
Thanks bro.
အလှအပအတွက်သခွားသီးကတော်တော်အသုံးဝင်တာဘဲ...သဘာဝအတိုင်းဆိုတော့ကိုယ့်အသားရေနှင့်မတည့်မှာတို့ပူစရာမလိုတော့ဘူးနော့...thank you
ဟုတ်ပါတယ် sis ရေ၊ ဒီထက့်ပိုလှနိုင်ပါစေနော် 😍
ကျန်းမာရေးအတွက်အထောက်အကူရသွားတာပေါ့ဗျာ
သခွားသီးစားတဲ့ဘုန်းဘုန်းက စိတ်မဆိုးဘူးလား..
....သခွားသီးဆားရည်စိမ်...😁😁
နောက်တစ်ခါ သခွားသီးလှူ ရင် ဘုန်းပေးချင်မှပေးတော့မှာ😂