အကျင့်စာရိတ္တ

in #myanmar7 years ago (edited)

အားလုံးပဲ မင်္ဂလာပါ.....ရှင်။ကျွန်ုပ်သည် professional တစ်ယောက် မဟုတ်သည့်အတွက် စာရေးရာတွင် အမှားအယွင်း များစွာ ရှိနေပါလိမ့်မည်။သည်းခံခွင့်လွှတ်၍ အားပေးကြရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။ "စာရိတ္တ နှင့် ပြည့်သူ့နီတိ" ၊ "ဘဝတွက်တာ" စသော ဘာသာရပ်များကို မူလတန်းတွင် သင်ကြားခဲ့ရပါသည်။ လူတစ်ယောက်တွင် စာရိတ္တသည် အလွန်အရေးကြီးသည်။ အကျင့်စာရိတ္တ မကောင်းလျှင် လူတိုင်း၏ အပယ်ခံဘဝသို့ရောက်နိုင်သည်။ ကျွန်မ ကြုံတွေ့ဖူးသော စာရိတ္တပိုင်းဆိုင်ရာ မကောင်းသူများသည် ပတ်ဝန်းကျင်တွင် ထို့သူ့အတွက် နေရာကျဉ်းမြောင်းလှသည်။ ၎င်းတို့သည် မရှက်တက်၊ မရွံ့တက်၊ မကြောက်တက်ကြတော့ပေ။ စာရိတ္တ ပျက်ပြားကြသူ အမျိုးမျိုးရှိသည်။ သူတစ်ပါးပစ္စည်းခိုးယူသူ၊ သူတစ်ပါးပစ္စည်း လိမ်လည်လှည့်ဖျားသူ ၊သူတစ်ပါး သားမယား အား မနောကံ၊ဝစီကံ၊ကာယကံ တို့ဖြင့် ကျူးလွန်သူ ၊ ပြစ်မှားသူ ထိုသို့သော သူများကို အတော်အတန် ကြုံတွေ့ခဲ့ဖူးသည်။ ဥပမာ သူတစ်ပါးပစ္စည်း အား ခိုးယူသည့်သူ ဆိုပါစို့ ၊ အဲ့သည်လူ ကို မည်သူမျှ ယုံကြည်မှု မရှိတော့ပေ။ ကျွန်ုပ် ကိုယ်တိုင်ပင်လျှင် ကျွန်ုပ် အိမ်သို့ မည်သည့်အကြောင်းကိစ္စဖြင့်ရောက်ရှိလာသည်ဖြစ်စေ၊ အဲ့သည်လူအား အရိပ်တကြည့်ကြည့် အမြဲကြည့်နေမည်ဖြစ်ပြီး ရတက်မအေး ဖြစ်နေရမည်။ ပစ္စည်းတစ်ခုခုပျောက်ခဲ့လျှင်သော်လည်းကောင်း၊ သူမယူခဲ့လျှင် ပင် ကျွန်ပ်၏ စိတ်ထဲတွင် အဲ့သည်လူ ယူသွားသည်ဟု တထစ်ချပင်ယုံကြည်နေမိမည်ဖြစ်သည်။ တချို့သူများ ပြောကြသည်ကိုကြားဖူးသည်။"အဖြူရောင် အစပေါ်အား အမည်းရောင် စွန်းထင်းသွားလျှင် ချွတ်ရခတ်သည်၊ အမည်းပေါ် အမည်းကျလျှင် မည်သို့မျှမဖြစ်" ဟု ပြောကြသည်။ ကျွန့်ပ်၏ စိတ်အထင်တွင်တော့ အဖြူပေါ်အမည်းကျ လျှင်ဆိုသည့်အဓိပ္ပါယ်တွင် လူတစ်ယောက်သည် ၎င်း၏ ဘဝတစ်လျှောက်လုံး မကောင်းသည့်အရာမလုပ်ခဲ့။ သို့ရာတွင် အကြောင်းရင်းတစ်ခုခုကြောင့် သို့မဟုတ် စားဝတိနေရေးအခြေအနေကြောင့် မဖြစ်မနေလုပ်လိုက်ရသည့် စာရိတ္တပျက်ပြားသည့် ကိစ္စမျိုး လုပ်ခဲ့လျှင် ထိုသူ၏ ဘဝသည် အဖတ်မဆည်နိုင်အောင် ဖြစ်သွားမည်လား? နောက်တစ်ခု အမည်းပေါ်အမည်းကျသည့်သူ ဆိုလျှင် လူတစ်ယောက်သည် ဘဝတစ်လျှောက်လုံးတွင် ဆက်တိုက်မကောင်းတာ လုပ်နေသည့်သူ ဖြစ်သည့်အတွက် ဒုံရင်း ဒုံရင်းပဲ ဖြစ်နေမည်လား? စဉ်းစားစရာ ဖြစ်ပါသည်။ သက်တမ့်းတစ်လျှောက်လုံးတွင် မကောင်းသည့်အရာမှန်သမျှ ဆက်တိုက်လုပ်နေသည့်သူအား လမ်းမှန်ရောက်အောင်တွနိးပို့ပေးချင်ပါသည်။ အမြဲတမ်း စာရိတ္တ အရာတွင် မွန်မြတ်နေသည့်သူအားလည်း ရှေ့ဆက် မွန်မြတ်နေစေရန်နှင့် လမ်းမှန်ပေါ်မှ ရွေ့မသွားစေရန် အားပေးချင်သည်။ ထိုသို့ တွေးနေသော အကျွန်ုသည်လည်း မည်သည့်အခြေအနေတွင် ရှိနေသည်ကို မိမိကိုယ်မိမိ ဆန်းစစ်၍ လမ်းမှန်ပေါ်အားရောက်အောင်လျှောက်ရပေမည်။ ကျွန်ုပ်၏ ဖခင် အမြဲဆုံးမလေ့ရှိသော စကား လေးနှစ်ခွန်းအား ဖော်ပြပေးချင်သည်။ .......လောကကြီးတွင်လူလေးမျိုးရှိသည်..1. အမှောင်ထဲမှလာ၍ အလင်းကိုသွားသူ
2.အလင်းမှလာ၍ အမှောင်ကိုသွားသူ
3.အလင်းမှလာ၍ အလင်းကိုသွားသူ
4.အမှောင်မှလာ၍ အမှောင်ကိုပြန်သွားသူ
အမှောင်ထဲမှ လာ၍ အလင်းကိုသွားသူသည် အတိတ်ဘဝတွင် မကောင်းသည့်အရာ၊အကုသိုလ်တရားများ လုပ်ခဲ့၍ ယခုဘဝတွင် ကံမကောင်း အကြောင်းမလှဖြစ်နေသည်။ထို့ကြောင့် ၎င်းသည် ယခုဘဝတွင် တက်နိုင်သမျှ အကျင့်စာရိတ္တ မပျက်ပြားစေတော့ဘဲ လမ်းမှန်ကို ရောက်အောင်သွားသောသူကို ဆိုလိုသည်။
အလင်းမှ လာ၍ အမှောင်ကိုသွားသူ...ထိုသူသည် ယခင်အတိတ်ဘဝမှ ကုသိုလ်ကံကြောင့်ယခုဘဝတွင်မကြောင့်မကြနေရသော်လည်း ယခုဘဝတွင် ကောင်းသည့်အရာ များကို ဖယ်ရှား၍ လမ်းမှားကိုဦးတည်နေသည့် သူအားဆိုလိုသည်။
လူတစ်ယောက်သည် ရှေးအတိတ်ကံကြောင့် မကြောင့်မကြနေရသော်လည်း ရသာသည့်ကံအရှိန်ကို အသုံးချ၍ ယခုဘဝတွင်လည်း စာရိတ္တမပျက်ပြားစေဘဲ လမ်းမှန်ကို ရောက်အောင်သွားသည့်သူများသည် အလင်းထဲမှလာ၍ အလင်းထဲသွားသူများဖြစ်သည်။ အမှောင်ထဲမှလာ၍ အမှောင်ကိုပြန်သွားသူများ မှာတော့ ယခုဘဝလည်း ဒုံရင်း ဒုံရင်း ဆိုးမြဲဆိုး မိုက်မြဲမိုက်နေဦးမည်။ ထို့ကြောင့် ဤနေရာတွင် ကျွန်ုပ်သည် အမှောင်ထဲမှလာခဲ့သူ ဖြစ်ဟန်တူသည်။ ကျွန်ုပ် သည် အမှောင်ထဲမှလာ၍ တစ်ခါတရံတွင် အလင်းသို့သွားလိုက်၊တစ်ခါတရံ အမှောင်သို့ပြန်ရောက်လိုက် ဖြစ်နေတက်သည်။
နောက်ရက် ဆက်ရန်....ရှိသည်။
Written By Zin Wai Hmu....
IMG_20180216_232532.JPGphoto credit from google

Coin Marketplace

STEEM 0.15
TRX 0.15
JST 0.028
BTC 54034.48
ETH 2262.26
USDT 1.00
SBD 2.31