ရေခရာ ရဲ့လူသားတို့အပေါ်အကြိုးပြု့ပုံအကြောင်း(hlamyothet)

in #myanmar7 years ago

ရေခရာရဲ့ လူသားတို့အပေါ်အကြိုးပြု့ပုံအကြောင်း
image
ဒီရေခရာ အကြောင်းလေးကိုရေးသားခြင်းသည် ဗဟုသုတ အနေဖြစ်သာတင်ပြခြင်းဖြစ်ပါသည်။ လက်တွေ့မှာအသုံးဝင်ကြပါစေဗျာ။
သပြေသီးကောက်
🍇 🍎 🍑 🍅 🍈
ဝါဆိုဝါခေါင်ရေတွေကြီးလို့၊
သပြေသီး မှည့်ကောက်စို့ကွယ်။
ခရာဆူးချုံဟိုအထဲက၊
မျှော့နက်မည်းကြီးတွယ်တတ်တယ်။
မျှော့နက်ဆိုတာချိုနဲ့လားကွဲ့၊
မြွေနဂါးတောင်ကြောက်ဖူးကွယ်။
တို့လည်းကြောက်ပေါင်အတူသွားစို့၊
အုန်းလက်နွားလေးထားခဲ့မယ်။
သွားကွယ်....... သွားကွယ် ... ။
(ဒီကဗျားက ဆရာကြီး မင်းသုဝဏ်ရေးထားတာပါ)
ဒီကဗျာလေးကို မှတ်မိကြမှာပါ ၊ အောက်ပြည်သား ကျနော်တို့အတွက်တော့ ခရာဆူးခြုံ ဆိုတာ အိမ် ကမ်းနားလှမ်း ကြည့် လိုက်ယုံနဲ့တင် မြင်ရပါတယ်ဗျာ မထူးဆန်းတော့ပါဘူး။ မျှောနက် ကြီးတွေက အဲဒီထဲမှာလား အသဲတစ်ယားယားပါဗျ။ ငယ်ငယ်ကတော့ ဆရာမနဲ့အတူ အော်ပြီးဆိုခဲ့တာ မှတ်မိပါသေးတယ်။ ကျန်ခဲ့တဲ့ လပိုင်းက မွေးရက်မြေကို သတိရလို့ပြန်ခဲ့ပါသေးတယ် ကမ်းနားကို ရေဆင်းချိုးရင်းနဲ့တောင် တက်နင်းမိလို့ ဆူးတောင်ဆူးမိသွားတယ်။ အောက်ပြည် အောက်ရွာဆိုတော့ ခရာပင်တွေက များလှပါတယ်ဗျာ။ နောက်တခေါက်ပြန်ံရင်တော့ နေရာ အနှမ့် မရောက်ဖူးသေးသော မိန်းမလှကျွန်ွးဆီသွားဖို့ စိတ်ကူးထားမိတယ်။ ခရာပင်က ၂ မျိုးရှိပါတယ်၊။ ကျွန်တော်က အောက်ပြည်သားဆိုတော့ ရေခရားပင်လေး အကြောင်းကို အရင်ပြောပရစေ။ ဒါကတော့ ရေခရာပင် လေးပါဗျာ။ image

"ခရာဆူးချုံ ဟိုအထဲက မျှော့နက်မဲကြီး တွယ်တတ်တယ်" ဟူသော ကဗျာဆရာကြီးမင်းသုဝဏ် ၏ ကဗျာအရ ကျွန်တော်တို့ဒေသတွင် ရှိနေသော
ခရာပင်သည် အရွက်နားတလျှောက် လွန်စွာချွန်လှမြလှတဲ့ ဆူးနိုင်းချင်းနှင့် Challenging shrub ခရာပင်ကို မြို့သားစစ်စစ်တွေ အဖို့တော့
မမြင်ဘူးရှိမည်။ သီးသည်ကါး သိနေကြပါတယ်။
"ခရာပင်၏ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးပြုမှု တခု"ecological service ကို အံ့အားတသင့် တွေ့ခဲ့ရမှာပါ။
ကမ်းစပ်တွင် လှိုင်းဒဏ်ခံပြီး ရေနဲ့ပါလါသမျှ နုံးအနယ်များကို ဖမ်းချုပ် ပေးတဲ့အပင်မျိုးကို အပင်စုများသမိုင်းစဉ်လျောက်တိုးတက်ဖြစ်ထွန်း မှုဖြစ်စဉ်succession မှာ ကနဦးအခြေချပင်များpioneer specie ခေါ်ပါတယ်။
သူတို့ကြောင့် ကမ်းပါးရေစားမှု အကာအကွယ် ဖြစ်သလိုမြေနုသစ်(လတာ)ဖြစ်ပေါ်စေတယ်။
ဒီရေပင်အများစုလို ရွက်ဆိုင်oppositeထွက်။၃ -၄ပေထိမြင့်နေပြီး ကမ်းနားမှာ ဘာမှတိုးမဝင်နိုင်အောင် အဲ့အပင်လေးတွေက ပိတ်စို့ထားပါတယ်။ ဆေးဘက်ဝင်တဲ့ အပင်လည်းဖြစ်ပါတယ်။ ရေများများရှိတဲ့ နေရာပေါက်တဲ့ *ရေကန်စွမ်း ဗေဒါ ပျဉ်းမ တို့လို ခရမ်းရောင်ပန်းပွင့်ရှိပါတယ်။ image
ဆေးဝါးအဖြစ်အသုံးဝင်ပုံကတော့ အရိုး အဆစ် အရွတ် နာဗ် ကြွက်သား ကိုက်ခဲမှုများအတွက် အရွက်ကို ကျပ်ထိုးစရာ။ အပင်ကိုပန်းနာရောဂါ။ အပင်ပြုတ်ရေ ကို အစာမကြေ
ရောဂါ။ အရွက်နှင့် အဖူးအညွန့်ကို *မြေဆိပ်ဖြေဆေးအဖြစ်သုံးပါတယ်။ ကျွန်တော်တို့တောသားတွေမှာတော့ ခရာပင်လေးတွေကို ဆေးမှီးတို အဖြစ် အသုံးပြု့နေကြတာပါ။
ရခိုင်ဘက်မှာတော့ ဖက်ရန်လို့ခေါ်ကြတယ် ငါးရိုးစူးခဲ့ရင်တော့ ခရာပင်ကို အရွက်ကိုထောင်းပြီး /မီးဖုတ်အုံပေးရင်ပျောက်တယ်ပြောကြတယ်။ *အရွက်ကို အခြောက်လှန်းပြီး ရေနွေးကြို သောက်ရင် လည်းကောင်း တယ် ယားယံတာတွေ ဖြစ်ရင်လည်းအသုံးတဲ့ပါတယ် Acanthus species 3မျိုးလုံး အသုံးဝင်ပါသည်။ အချို့သွေးတိုးရင် အမြစ်သွေးတိုက်သွေးကျတယ်လို့လဲကြားဘူး ပါတယ်။
ကျွန်တော် ခရာပင် ၂ ပင်ကို ယှဉ်ကြည့်ပြီး အညာနဲ့ အောက်ပြည် အရပ် ၂ ခုရဲ့ biodiversity ကွာခြားနေပုံကိုလည်း စဉ်းစားနေမိပါတယ်။ ကုန်းခရာ အကြောင်းနှင့် ဆေးဘက်ဝင်ပုံကိုလည်း တင်ပြပေးပါမယ်။

အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ အမှားများပါရင်လည်း နားလည် ဖက်သား ပေးစေချင်ပါသည်။ ”Steemit” ချစ်သော သူအားလုံးကို လေးစားသမှု့ ပြုသော အားဖြစ်တောင်းဆိုအပ်ပါသည်။

“STEEMIT”မှာ ၀င်ရောက်လုပ်ကိုင်နေသူများ အားလုံးအောင်မြင်ကျပါစေဗျာ။

Original writer by@hlamyothet
Credit image>>>Google image

Sort:  

ကိုယ်တိုင်အရေးအသားလေးတွေရေးသားခြင်းဖြင့် စတီးမစ်မှာ အောင်မြင်ပါစေဗျာ စာလေးတွေကို အချိန်ရရင် စစ်ကြည့်လိုက် ပြင်ပေးလိုက်လုပ်ရင် အမှားနည်းပါမယ် အကြံပြုတာပါဗျာ

ဟုတ်ကဲ့ပါအကို ကျေးဇူးတင်ပါတယ်။

ချစ်သူကို ပန်းပေးမလို့ ရွှေပန်းအကြောင်း ရေးပါ ခင်ည

အဲ့ ဒါတော့ကိုယ်တိုင်ပန်းပေးချင်တာ

ခရာပန်းက ကျွှန်တော်တို့ဆီ မရှိတာလား အခေါ်မတူတာကြောင့်လားမသိ ခရာအကြောင်း ခုမှသိတာ

နေရာအတော်များများမှာတော့ ရေခရာပေါက်လေ့ရှိပါတယ် အထူးသဖြစ်ကမ်းနားတွေမှာပေါ့

အနှမ့် မြန်မာစာပေတွင်အသုံးမရှိပါ။ မမြင်ဘူးရှိမည်။ သီးသည်ကါး သိနေကြပါတယ်။ (သတ်ပုံမှား) *မြေဆိပ်ဖြေဆေး( မြွေဆိပ်ဖြေဆေး) တင်ပြပုံကောင်းမွန်ပါတယ်၊ စကားလုံးအသုံးနဲ့ သတ်ပုံလေးတွေဂရုစိုက်ပေးပါ။

ဟုတ်ကဲ့ဆရာ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65306.74
ETH 3488.89
USDT 1.00
SBD 2.51