Travel to Space

in #blueorigin8 years ago

အာကာသကို ဟန်းနီးမွန်း ထွက်မယ့် စုံတွဲတွေ အတွက်တော့ အ
ချိန်နီးလာပါပြီ။ အမေရိကန် ပုဂ္ဂလိက အာကာသ ကုမ္ပဏီ Blue
Origin က လာမယ့်နှစ်မှာ လက်မှတ်များကို စတင် ရောင်းချပေး
မယ်လို့ အတည်ပြုလိုက်ပါတယ်။ Blue Origin ဟာ အမေဇုန်
သူဌေး Jeff Bezos ပိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
IMG_20180624_210845.jpg
လက်မှတ်ဈေးနှုန်းများကိုတော့ မသိရသေးပါဘူး။ မကြာခင်မှာ
ခရီးသည်များအား အာကာသသို့ ပထမဆုံး အကြိမ် ပို့ဆောင်ခဲ့
င်းကို စမ်းသပ်တော့မယ်လို့ ပြောပါတယ်။ Blue Origin ရဲ့ အကြီး
တန်း ဒုတိယ ဥက္ကဌ ဖြစ်သူ Rob Meyerson က လက်မှတ်ဈေးနှု
န်းကို မသတ်မှတ်ရသေးသော်လည်း လူတစ်ဦးလျှင် ဒေါ်လာ
၅၀၀၀ ကနေ ၂၅၀၀၀၀ အကြားမှာ ရှိမယ်လို့ ခန့်မှန်းထား
ကောင်း ပြောပါတယ်။IMG_20180624_210856.jpg

Blue Origin က New Shepard အမည်ရ အာကာသယာဉ်ကို
အသုံးပြုမှာ ဖြစ်ပြီး လူခြောက်ဦး လိုက်ပါ စီးနင်းနိုင်ပါတယ်။
အာကာသယာဉ်ဟာ နာဆာရဲ့ အာကာသယာဉ်ထက် ၁၀ ဆ
ပိုမို ကျယ်ဝန်းပါတယ်။ ကမ္ဘာ့လေထုနဲ့ အာကာသအကြားမှ
Karman Line ကို ကျော်သွားတာနဲ့ ခရီးသည်များဟာ ထိုင်ခုံခါးပ
တ်များကို ဖြုတ်ပြီး ဆွဲငင်အားမဲ့တဲ့ ခံစားမှုကို စတင် ရရှိမှာ ဖြစ်ပါ
တယ်။ အဲဒီ လိုင်းဟာ ကမ္ဘာမြေပြင်ရဲ့ အထက် မိုင် ၆၀ သို့မဟု
တ် ၃၂၈ ၀၈၀ ပေလောက်မှာ ရှိပါတယ်။

အာကာသယာဉ်ကို BE-3 Engine တစ်လုံးထဲကနေ မောင်းနှင်
မှာ ဖြစ်ပါတယ်။ အာကာသကို လည်ပတ်ပြီးရင် ခရီးသည်များ
ဟာ ကမ္ဘာမြေရဲ့ တက္ကဆပ် သဲကန္တာရထဲကို လေထီးဖြင့် ပြန်လ
ည် ဆင်းသက်ရမှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ လက်မှတ်များ စ
တင် ရောင်းချမှာ ဖြစ်ပေမယ့် ချက်ချင်းတော့ ပို့ဆောင်ပေးမှာ မ
ဟုတ်ဘူးလို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ Virgin
Galactic ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကတည်းက
အာကာသ ခရီးသွား လက်မှတ်များ ရောင်းချထားပေမယ့် ယခု
အချိန်အထိ ခရီးစဉ် စတင်ခြင်း မရှိသေးပါဘူး။
source

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.077
BTC 61874.73
ETH 1626.75
USDT 1.00
SBD 0.40