မင်းသမီးနှင့်ကားဆွဲ(၆)
မယား မင်းသမီး စိန်လှကြည်ရဲ့ အဝတ်တွေကို သိမ်းတဲ့အလုပ်ရတယ်။ အဝတ်
တွေ သိမ်းတယ်ဆိုတာ ဒီနေ့ည ဘာကမယ်၊ ဘယ်အခန်းပြီးရင် ဘယ်အခန်း
မယ်ဆိုပြီး အစီအစဉ်အတိုင်း ထွက်ရတော့ မင်းသမီးဝတ်ဖို့ အင်္ကျီတို့၊ အဘီတို့
ထုတ်ပေးရတယ်။ တစ်ခန်းနဲ့တစ်ခန်း အကူးမှာ အချိန်မီလဲနိုင်အောင် အဝတ်
အစားတွေကို အသင့်ထုတ်ထားရတယ်။ သူ ချွတ်ပစ်ခဲ့တဲ့ အဝတ်အစားတွေကို
|သိမ်းရတယ်။ သူ့ညကြေးကလည်း ယိမ်းသမအငယ်စားလောက်တော့ ရပါ
တယ်။ မဆိုးပါဘူး။
ဒီလိုနဲ့ ကျွန်တော်တို့ လင်မယားနှစ်ယောက် အောင်ပန်းစိန်ရဲ့ ဇာတ်
ထဲမှာ သုံးနှစ်လောက်ကြာတယ်။ အဆင်ပြေပါတယ်။ ကျွန်တော်ကလည်း
ပြဇာတ်မင်းသား မဖြစ်တော့ပါဘူး။ ကားဆွဲအဆင့်နဲ့ပဲ ကျေနပ်နေရတော့တာ
ပေါ့။ ဒါပေမယ့် ကျွန်တော် ဝမ်းမနည်းပါဘူး။ ကျွန်တော်က ဆိုင်းသံဗုံသံကို
ကြားပြီး ဇာတ်ခုံကို မြင်နေရရင် ကျေနပ်နေတဲ့ကောင်ပဲ။
တစ်ခါတော့ ကျွန်တော်တို့ဇာတ် တောင်တွင်းကနေ မြေထဲကို အကူး
မှာ ဇာတ်ကားမှောက်တယ် ဆရာ၊ အဲဒီနှစ်ကလည်း ပွဲကူးကြမ်းလိုက်ပုံတော့
မပြောပါနဲ့ဆရာရေ။ ဇာတ်သူဇာတ်သားတွေဟာ တစ်ရက်မှ မနားရဘူး၊
နေ့လယ် ဇာတ်ကားရောက်လာတယ်ဆိုရင် ဆက်တင်တွေ ဘာတွေ ကမန်း
အများဆုံး နားရရင် တစ်ညပဲ၊ တစ်နေရာမှာ ပွဲပြီးတာနဲ့ နောက်တစ်ပွဲကူး၊
ကတန်းပြင်၊ ကားလိပ်တွေ ဘာတွေ ကမန်းကတန်းချိတ်ပြီး ညပွဲ ဝင်ရတာပဲ။
ဘက်ကို ကစရာရှိလို့ တောင်တွင်းကနေ မြေထဲကို အကူးမှာ ဆပ်သွားမှာ
လူတွေဆိုတာ ထမင်းစားချိန်တောင် ကောင်းကောင်း မရဘူး။ ဒီလိုနဲ့ ဆင်တဲ
ကျွန်တော်တို့ ဇာတ်ကားမှောက်သွားတယ် ဆရာရယ်၊ ဇာတ်သူဇာတ်သားထဲက
ကောင်မလေးအချီ ဒဏ်ရာရတယ်။ နှစ်ယောက်သေတယ်။ တစ်ယောက်က
အဲဒီညက စရန်လည်း လက်ခံထားပြီး ဖြစ်တော့ ကန်ထရိုက်ကလည်း
ယိမ်းသမလေး။ နောက်တစ်ယောက်က ကျွန်တော့်ဇနီး မဌေးဌေးဝင်းရယ်။
ကရမယ်လို့ အတင်းကိုင်တယ်။ ဒါနဲ့ ကျွန်တော်တို့တစ်တွေ အလောင်းတွေ
ကို ဆေးရုံမှာပို့၊ ဆေးရုံတင်သင့်တဲ့ လူနာတွေကို တင်ပြီး အဲဒီညမှာပဲ ဆက်
ကရတယ်။ ဇာတ်ကတော့ နည်းနည်းတော့ အစီအစဉ်တွေ ကိုးရိုးကားရား ဖြစ်
ဘာပေါ့ ဆရာရယ်။ ယိမ်းတို့ ဘာတို့ မထည့်နိုင်တော့ဘူး။ ဇာတ်ဆရာတို့၊မင်းသားတို့၊ မင်းသမီးတို့ကတော့ ရှေ့ကားနှင့် သွားနှင့်တော့ ဘာမှ မဖြစ်ဘူး
ပေါ့လေ။ ပရိသတ်ကိုယ် ကျွန်တော်တို့ တောင်းပန်ရတာပေါ့။ ကျွန်တော်
တို့ ဇာတ်ကားမှောက်လာလို့ လူနှစ်ယောက် သေခဲ့ပါတယ်။ သို့သော်လည်း
ဘယ်လိုဖြစ်နေနေ ဇာတ်ကိုတော့ ဆက်ကပါတယ်။ ချွတ်ယွင်းတာရှိရင်လည်း
သည်းခံကြပါလို့ တောင်းပန်ရတယ်။ ပရိသတ်ကလည်း တော်ရှာပါတယ်။
ကျွန်တော်တို့ ဇာတ်ကို သနားလို့လားမသိဘူး၊ ရုံပွင့်ထွက်အောင် အားပေးကြ
တော့ မင်းသား လုပ်မယ်လို့ မှန်းပြီး လိုက်လာတာပဲ ဆရာရေ။ ဒါပေမယ့်
တယ်။ ခုဆိုရင် ကျွန်တော် ဇာတ်ထဲလိုက်တာ ရှစ်နှစ်ရှိပြီလေ။ မှန်းတုန်းက
လောကကြီးက ကိုယ်ဖြစ်ချင်ရာ ဖြစ်တာမှ မဟုတ်တာ ဆရာ။ ဘယ်တတ်၊
နိုင်မလဲ။ ကျွန်တော်ကတော့ ကားဆွဲလုပ်ရတာလည်း ပျော်တာပဲ။ ဆိုင်းသံဗုံသံ
တွေကို ကြားနေရပြီး ဇာတ်ခုံပေါ်မှာ ကတာ ခုန်တာတွေကို မြင်နေရရင်
ကျေနပ်တာပဲ။
ခုလောလောဆယ်တော့ ကျွန်တော် နောက်မိန်းမ မယူသေးပါဘူး၊
ကျွန်တော် ကြိုက်တဲ့ မိန်းက လေးတော့ ရှိတာပေါ့၊ အဲဒါကလည်း ကျွန်တော်
တို့ သဘင်လောက ကပါပဲ။ ကျွန် တော်တို့ ဇာတ်ထဲကပဲ ဆိုပါတော့။ သူက
ယိမ်းသမ။ သူလည်း ကျွန်တော့်လိုပဲ ဇာတ်ထဲလိုက်လာတုန်းကတော့ မင်းသမီး
လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လိုက်လာတာပဲ။ ဒါပေမယ့် သူလည်း မှန်
တော့ မင်းသမီး ဖြစ်တော့ ယိမ်းသမဆိုပါတော့။
ရွာကိုလား။ အမေ့ဆီကိုလား။ ပြန်ရောက်ပါတယ်။ ကျွန်တော့်မိန်းမ
မဌေးဝင်း ဆုံးပြီးတော့ ကျွန်တော်လည်း စိတ်ပျက်ပျက်နဲ့ ရွာကို ပြန်သွား
တယ် ဆရာ။ အမေကတော့ မရှိရှာတော့ဘူး။ ဒါပေမယ့် ကျွန်တော်သီ
မသောင်းခင်နဲ့ သူ့ယောက်ျားကတော့ ကျွန်တော်တို့တစ်တွေ လုပ်ခဲ့တဲ့ ဗန်း
တောမှာ ဆက်ပြီး လုပ်နေကြလေရဲ့။
(ကလျာမဂ္ဂဇင်း၊ ၁၉၈၈-ခု၊ ဇန်နဝါရီလ