GoPro Camera

in #app8 years ago

GoPro ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Nick Woodman က ပြီးခဲ့တဲ့လအနည်းငယ်တုန်းက ဈေးနှုန်းသက်သာတဲ့ Entry-Level Camera ကို ရောင်းချသွားမယ်လို့ ပြောကြားခဲ့ပြီး အခုအချိန်မှာတော့ အဆိုပါ Entry Camera ဟာ တကယ်ဖြစ်လာပြီပဲဖြစ်ပါတယ်။IMG_20180623_180212.jpg

အခု GoPro ရဲ့ Entry Camera ကို GoPro Hero လို့ပဲခေါ်ဆိုမှာဖြစ်ပြီးတော့ အပြင်ပန်းပုံစံအရ GoPro Hero 5 နဲ့ Hero 6 Camera တွေနဲ့ တူူညီတယ်လို့ ပြောလို့ရပါတယ်။

အခုထွက်ရှိလာတဲ့ GoPro Hero နဲ့ ယခင် Hero Camera တွေရဲ့ ကွာခြားချက်ကတော့ စွမ်းဆောင်ရည်ပိုင်းလို့ပြောလို့ရပြီးတော့ အမြင့်ဆုံး Resolution အနေနဲ့ 1440p Resolution ကိုပဲ 60fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အခြားသော 4K Video တွေနဲ့ Super Slow Motion Video တွေကိုတော့ ရိုက်ကူးနိုင်မှာမဟုတ်ပါဘူး။ ဓါတ်ပုံရိုက်ကူးမယ်ဆိုရင်လည်း 12 Megapixels ဓါတ်ပုံတွေအစား 10 Megapixels ဓါတ်ပုံတွေပဲရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Burst Shot ကိုလည်း 10fps ပဲ ရိုက်ကူးနိုင်မှာဖြစ်ပြီး Time Lapse Setting ကိုလည်း 0.5 Second Per Shot ပဲရိုက်ကူးနိုင်မှာပါ။ အဲ့ဒါကလည်း အခု GoPro Hero Camera က Hero 6 Black ရဲ့ GP1 Image Processor မဟုတ်ပဲ Ambarella Chip ကိုပဲ သုံးထားတာကြောင့်ဖြစ်မယ်ုလိ့ ယူဆရပါတယ်။IMG_20180623_180227.jpg

စွမ်းဆောင်ရည်ပိုင်းမှာ နိမ့်တယ်ဆိုပေမယ့်လည်း GoPro Hero မှာ 2″ Touchscreen Display ၊ Voice Control ၊ Digital Video Stabilization ပါဝင်တဲ့အပြင် ရေအနက် ပေ ၃၀ အထိ ယူဆောင်သွားနိုင်ဦးမှာပါ။ အရွယ်အစားကလည်း အခြားသော GoPro Hero Camera တွေနဲ့ တူညီတဲ့အတွက် Accessories တွေလည်း သီးခြားဝယ်ယူစရာမလိုအပ်ပါဘူး။

GoPro ရဲ့ ယခု ၁၉၉ ဒေါ်လာတန် Hero ကို လက်ရှိမှာဈေးကွက်အတွင်းမှာ ရောင်းချနေပြီဖြစ်ပြီး အခြားသော ပုံစံအသစ်နဲ့ GoPro Camera တွေကိုလည်း ဒီနှစ်ကုန်နောက်ပိုင်းမှာ ထပ်ပြီးထုတ်သွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ။
source

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.077
BTC 61874.73
ETH 1626.75
USDT 1.00
SBD 0.40