Attractive (7)
သို့သော် တော်ပါသေး၏။ ထိုဂျပန်မှာ စစ်သားမဟုတ်၊ ကုန်သည်ပိုင်းမှ ယဉ်ကျေးသူဖြစ်၍ အတော်မြန်မာရည်လည်နေရကား
ကျွန်တော်တို့ နှစ်ယောက်အား စေ့စေ့ကြည့်ပြီး ကျဲကျဲမျက်နှာနှင့် ။
"အား မာစတာ မြင်တယ်က၊ ရည်းစား ဒီမှာ လာတွေ့ကြတယ်... ကောင်းတယ်ကား" ဟု ဆိုလိုက်သည်နှင့် ကျွန်တော်တို့မှာ သူ့ကို
မည်သို့မျှ မထုချေတော့ဘဲ ခေါင်းငိုက်စိုက်နှင့် လစ်ခဲ့ကြတော့သည်။
ကျွန်တော်တို့ကိုယ်များမှာ ပင့်ကူမြှေးတွေ၊ ဖုန်တွေ၊ ချွေးတွေနှင့် အဝတ်များလည်း နွမ်းကြေနေကြသည်။ ဂျပန်ကား ကျွန်တော်တို့ကို
ကြည့်ကာ ကျယ်လောင်စွာရယ်မော၍ ကျန်ခဲ့ပေ၏။
ကျွန်တော်တို့မြင်းလှည်းပေါ်သို့ ရောက်ကြသော်... တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောနိုင်ကြတော့ဘဲ ကျွန်တော်က မြင်းကိုသာ
ခပ်မြန်မြန် မောင်းခဲ့တော့၏။ အလှက သူ့ကိုယ်မှ ပင့်ကူမြှေးတွေ၊ ဖုန်တွေကို သုတ်သင်သည်။ ကျွန်တော်ကိုယ်ကိုလည်း သုတ်သင်ပေးသည်။
ထိုစဉ် သူရှိုက်သံကြားရ၍ ကျွန်တော်လှည့်ကြည့်တော့ သူ့မျက်နှာမှာ မျက်ရည်စတွေနှင့်
"ဟင်... အလှ ငိုနေတယ်၊ ငိုပါနဲ့ကွယ်...”
"အလှကြောင်လေးတော့ ဒုက္ခရောက်တော့မှာပဲ..."
“သူ့ဟာသူ သွားချင်လို့သွားတာ ဘာလို့ ဒုက္ခရောက်ရမှာတုံး""သူ့ဘယ်သူက အစာကျွေးမလဲ"
“အောင်မယ်လေး၊ အဲဒီဂိုဒေါင်ထဲမှာ ကြွက်တွေအပြည့်ဗျာ...”
“အလှ... သူ့ကို သိပ်ချစ်တာ၊ ညဆို အတူတူအိပ်တာ...”
"နားမငြီးဘူးလား၊ ကြောင်များအိပ်ရင် တို့နဲ့၊ ရေနွေးအိုးဆူသလို မြည်နေတာ...”
"အလှကြောင်က အဲလို မမြည်ပါဘူး….”
“မညာပါနဲ့၊ ကြောင်မှာ မမြည်တဲ့ကြောင်ရှိမလား၊ ကဲ တိတ်ပါ၊ မျက်ရည်စတွေ သုတ်ပစ်၊ ပေါင်ဒါပြန်ရိုက် ပျောက်သောကြောင်
"မေ့ပါဘူး.. မေ့ပါဘူး... အလှကြောင်တော့ ဘယ်တော့မှ မမေ့ဘူး”
"ကဲ ဒါဖြင့် ကြောင်းအစားယူမလား..
ကြာရင်မေ့ပေါ့..” သူသည် ကျွန်တော်ပြောသည့်အတိုင်း လက်ပွေ့အိတ်ဖွင့်၍ တို့ဖတ်ရိုက်ရင်း.….
"အလှကြောင်နဲ့ အမွေးရောင်ချင်း တူတာရှိလို့လား..မြန်မာ
"အလှ လိုချင်တယ်ဆိုရင် မတွေ့တွေ့အောင် ရှာပေးမယ်လေ ယူမလား.."
"ကိုကြင်ဆွေပေးရင် ယူချင်တယ်...။
အဆင်သင့်ပင် ကျွန်တော့်မိတ်ဆွေ မြင်းလှည်းသမား ကိုမြတ်သာအိမ်တွင် အရောင်မျိုး ကြောင်တစ်ကောင်တွေ့ရသည်နှင့်
အရက်တစ်ပုလင်းနှင့်လဲပြီး ယူသွား၍ ပေးလိုက်သည်။ သို့သော် အလှ ပျောက်သွားသော ကြောင်က စိဝိမာတဲ့၊ အောင်မလေး။ ကျွန်တော်
ယူသွားတဲ့ကောင်က အထီးဖြစ်နေ၏။ သို့ရာတွင် အလှသည် အထီးလား၊ အမလား မေးမနေဘဲ သူ့ယခင်ကြောင်နှင့် အမွေးရောင်းချင်း