Arira& alcohol (Final)

in #alcohol8 years ago

ပြန်လျှောက်တယ်၊ လွယ်အိတ်ကလည်း လှည်းကက်အိမ်နံရံတိုင်မှာ ချိတ်လျက်သားလေး၊ ဒီတော့ ဘုန်းကြီးက ကပ္ပိယဆီလှမ်းပြီး ဒကာ၊
ဒါဘာပုလင်းလဲလို့မေး၊ 'ရေပုလင်းပါဘုရာ့'လို့ ပြန်လျှောက်ရ၊ ဒီတော့... ဘုန်းကြီးက ကျောင်းသားလေးကို ငါ့ကပ်စမ်း”ဆိုပြီး အမော့၊
ကပ္ပိယကြီးက ဖျာပျာသလဲနဲ့ ဒီရေ... မသန့်ပါဘူးဘုရား၊ တပည့်တော် သောက်လက်စကြီးပါဘုရား၊ ဒိပြင်ရေသန့်သန့်ကပ်ပါ့မယ် ဘုရား”လို့
လှည်းပေါ်ပြေးခုန်တက်ရင်း ပြောပေမဲ့ မရတော့ဘူး၊ ဘုန်းကြီးက ပုလင်းတစ်ဝက် မော့ပြီးနေပြီ။ သည်တော့ ကပ္ပိယကြီးက အဲ... တစ်ခါဖြင့်
ဒုက္ခတော့ရောက်ပတဲ့လို့ ပြူးပြူးပျာပျာ ဖြစ်နေတယ်၊ ဒီတော့ ဘုန်းကြီးက ဟဲ... ဒကာရယ်၊ IMG_20180612_214310.jpgခရီးသွားရင်းလမ်းမှာပဲ ကိစ္စမရှိပါဘူးကွယ်၊ မင်း
သောက်လက်စကား၊ ငါ့သဘောနဲ့ ငါသောက်တာ မင်းမှာ အပြစ်မရှိနိုင်ပါဘူး။ ရော့ ဒီမှာ ကျန်ပါသေးတယ်၊ မင်း
ဆေးလည်းသောက်လိုက်ဦး။ နေကလည်း ပူသနဲ့ကွယ်”လို့ ဘုန်းကြီးက ဘာမျှ ဣန္ဒြေမပျက်ဘဲဆိုတော့ ကပ္ပိယလည်း အံ့အားသင့်ပြီး
ကြောင်ကန်းကန်းနဲ့ ဘုန်းကြီးပေးတဲ့ ပုလင်းလက်ကျန် ယူမော့လိုက်တော့ လာလား... ရေပကတိ ဖြစ်နေရောပေါ့.. ဒါပဲကွာ။”
"အဲဒီမှာ သာဖြန်ဟာ ရွာပြန်အရောက် သူ့အပြစ်သူဝန်ခံပြီး သူ့ဆရာတော်ဘုရား သိဒ္ဓိတင်လေတော့ နဂိုကလည်း
ကမ္မဋ္ဌာန်းဆရာတော်အဖြစ်နဲ့ နာမည်ကြီးနေတာလားကွ၊ အရိယာများ အရက်ရေဖြစ်တယ်”ဆိုတဲ့ စကားအရ ဒီကိုယ်တော် ဦးပညာဖြင့်
ရဟန္တာဖြစ်သွားပြီဆိုတာ တစ်ခါတည်း ဝေးနီးပတ်လည်ပျံ့နှံ့သွားတော့ လာလိုက်ကြတာ.. လာလိုက်ကြတာ.. ရဟန္တာရအောင်hhIMG_20180612_213741.jpg
တာရွာတွေကရော၊ မြို့တွေကရော နွားလှည်းတွေ၊ မြင်းရထားတွေ၊ မော်တော်ကားတွေ အဲဒီမှာ တို့စခန်းသာရွာသားတွေ ကြတာပေါ့ကွ”"ဘယ်လို ပွကြတာလဲဗျ.."
"ဒီလို... လူအများလာကြတော့ တို့ရွာသားတွေ ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ခေါက်ဆွဲဆိုင်တွေ၊ အကြော်ဆိုင်တွေ၊
မုန့်ဟင်းခါးဆိုင်တွေ စတဲ့ စားသောက်ဆိုင်တွေ ဖွင့်ကြတာကိုးကွ၊ ရွာက ဘုရားလူကြီးတွေ၊ ဥပသကာတွေကလည်း တပ်စခန်းပေါ့။
ကျောင်းမှာလျှပ်စစ်မီးသွယ်ဖို့၊ ဓမ္မာရုံကြီးဆောက်ဖို့၊ ကမ္မဋ္ဌာန်းကျောင်းတွေတိုးချဲ့ဖို့၊ စေတီကြီးတစ်ဆူတည်ဖို့၊ ဘုရားရွှေချဖို့ဆိုတဲ့
အလှူခံသေတ္တာတွေ၊ ကြေးစည်တွေ တဒနောင်နောင်နဲ့ပေါ့ကွာ... များများလှူချင်တဲ့ လူတွေအတွက်ဆိုရင် လက်ခံဖြတ်ပိုင်းပေးဖို့ စာအုပ်တွေနဲ့၊
ဟာ... အဲဒီမှာ လာလိုက်ကြတဲ့လူတွေ၊ လှူလိုက်ကြတဲ့ ငွေတွေ သောက်သောက်လဲလို့ကွာ... တချို့များ ဦးပညာရဲ့ မျိုးရ၊ ဆေးရေတောင်
ယူသောက်ကြသတဲ့"
ဤတွင် ကျွန်တော်ကဖြတ်၍
“ထွီ.. ဒါဘာဆိုင်သလဲဗျာ...၊ မြတ်စွာဘုရားလက်ထက်က ဘုရားကို အလွန်ကြည်ညိုနေတဲ့ ရဟန်းကြီးတစ်ပါးကို မြတ်စွာဘုရားက
ရဟန်းကြီး၊ ငါ့ကို ကြည်ညိုနေရုံနဲ့ သင့်မှာအကျိုးမရှိဘူး၊ ငါ့တရားတော်အတိုင်း ငါလိုအားထုတ်မှ ကိစ္စပြီးမြောက်မယ်လို့ ဟောခဲ့တယ်ဆိုတာလည်း
ဗုဒ္ဓဘာသာဝင်တိုင်း သိကြသား။ ခုတော့ ဒီလို ကိုယ်တိုင်အားထုတ်ဖို့တော့ ပင်ပန်းလို့ မကြိုးစားကြဘူး၊ အကြင်ပုဂ္ဂိုလ်တစ်ယောက် သူ့ဟာသူ
ကျင့်ကြံအားထုတ်လို့ ပေါက်မြောက်သွားပြီဆိုတဲ့အခါ အတင်းလိုက်၊ အတင်းလိုက်လှူ၊ အရမ်းကြည်ညို။ အရမ်းကုသိုလ်လိုချင်ကြတာကိုး။
အဲဒီလူတန်းစားဟာ တော်တော်ရယ်စရာကောင်းတယ်"
"အေး... ဒီထက် ရယ်စရာကောင်းတာ ရှိသေးတယ်။ မင်း.. ငါပြောတာ ဆက်နားထောင် အဲဒီလို တို့ရွာသားတွေ
ကိုယ့်ဘုရားကြီးအတွက်ရော၊ သူတို့စီးပွားရေးအတွက်ရော ပျော်တပြုံးပြုံး မော်မဆုံး ဖြစ်နေတုန်းအခါမှာ သာအေးရယ်ပေါ့ကွာ၊ သူ့စိတ်ထဲမှာ
အင်း.. တို့ရွာသားတွေ ဒါကြောင့် ကောင်းစားကြတာလို့လည်း မှတ်ချက်ချတယ်”
ကျွန်တော်ကဖြတ်၍
“အိုး... သူနဲ့ ဘာဆိုင်လို့တုံး""ဒီလိုကွ၊ အဲဘုန်းကြီး အလှူသွားမယ့်မနက်မှာ ကပ္ပိယသာဖြန်ဟာ သူ့ဆီပြေးလာပြီး... သူငယ်ချင်း သာအရာ... မင်း ငါ့ကို
အရက်တစ်လုံး ပါဦးကွာ..၊ ငါ ရုတ်တရက် ဘုန်းကြီးနဲ့လိုက်သွားရမှာမို့ပါ၊ မြောက်ပိုင်းက မြကျူးတို့အိမ်သွားနေဖို့ အချိန်မရတော့ဘူးကွာ...၊ ခုပဲ
လှည်းထွက်တော့မှာကွာ... မြန်မြန်လုပ်ပါကွာ၊ ရော့ မင်းဈေးပိုယူပါကွာ'လို့ ကမူးရှူးထိုးနဲ့ ငွေထိုးပေးတော့ အရက်မရှိလို့ အရက်ဆာနေတဲ့
သာအေဟာ အဆင်သင့် ဖြစ်သွားတာလားကွ၊ အိမ်ထဲဝင် ပုလင်းခွံတစ်ခုထဲရေထည့်၊ ဖော့ဆို့ပေးလိုက်တာလားကွ”
ကျွန်တော် မျက်လုံးပြီးသွားကာ...
“ဟာဗျာ... ခင်ဗျားကြီး ကျွန်တော်က အဟုတ်မှတ်လို့ နားထောင်နေတာ..”
"ဟ... ငါပြောတာတွေ အဟုတ်ချည်းပဲကွ၊ ဒါကြောင့် တို့ရွာက အင်မတန်ဉာဏ်ရွှင်တဲ့ နွားပွဲစား ကိုကျော်ငြိမ်းကတောင်
စာချိုးပစ်ခဲ့သေးတယ်၊ ဘယ်လိုလဲဆိုတော့... (ပြဒါးသေ တစ်ပြည်၊ သံသေ တစ်ဆွေဝ၊ အရက်ညာ တစ်ရွာပွ... သာအေးကျေးဇူးကွ)တဲ့။ အဲဒီ
သာနဲ့ သာဖြန်လည်း နောက်တော့ ဓာတ်သိချင်းပူးပေါင်းပြီး ဘုန်းကြီးဓာတ်ပုံတွေ ရောင်းစားတာ တော်တော်စီးပွားဖြစ်သွားတယ် မောင်ရေ…."

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 61217.01
ETH 1624.35
USDT 1.00
SBD 0.42