Arira& alcohol (5)

in #alcohol8 years ago

ကြွေး ဘယ်လောက်ရစရာရှိတယ်၊ ဘယ်သူ့ကိုဖြင့် ဘယ်လောက်ပေးစရာရှိတယ်... အမေ အဲဒါတွေ ရှင်းလိုက်ပါဆိုတော့ အဲဒီ သူပြောတာတွေဟာ
အကုန်မှန်သတဲ့ကွ၊ အဲ..ကိုမြင့်ဦးလင်မယားကိုတော့ သူ နေ့တိုင်း ကြိမ်းပဲနေတော့……. ကိုမြင့်ဦးအိမ်မှာပဲ နေရတာကိုးကွ၊ ညညကျရင်
ပန်းကန်တွေခွဲပစ်၊ ကြောင်အိမ်လှဲပစ်နဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်းနေတာပဲ။ ကြာတော့ အရပ်ကလည်း ဝိုင်းပြောကြနဲ့ ကိုမြင့်ဦးတို့လင်မယား
အလျှော့ပေးပြီး သူတို့ဆရာရဲ့ အစီအမံနဲ့ပဲ သရဲကို တောင်းပန်ပြီး လွှတ်ပစ်လိုက်ရတော့တယ်”
"အင်း... မယုံနိုင်စရာဘဲနော်"
ကျွန်တော်က စကားထောက်မိရာ ဦးကြွက်သိုးက မျက်ထောင့်နီကြီးနှင့်ကြည့်ရင်း
"ဘာလဲ၊ ဒါမျိုးယိုရင် ခေတ်နောက်ကျပြီ၊ ရုပ်ဝါဒသာရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် အတင်းညာနေတဲ့ လက်ဝဲသမားဆိုတာတွေကတော့
မယုံဘူးလို့ ငြင်းရမှာပေါ့ကွ၊ ဘာလဲ.. မင်းကကော ဘယ်လိုတုံး”IMG_20180612_213741.jpg
"ယုံပါတယ်ဗျာ၊ ကဲ... ကိုမြင့်ဦးတို့အကြောင်း ဆက်ပြောပါဦး"
"သူတို့လင်မယားဟာ အဲဒီကစပြီး စိတ်ပြောင်းသွားကြတာ၊ ဘိန်းဖြတ်တယ်၊ ဖဲရိုက်ရတယ်၊ အောက်လမ်းပယ်ပြီး အထက်ဂိုဏ်းဆိုတာ
လိုက်ကြပြန်တယ်"
"အဲဒီလိုဆိုတော့ အကောင်းဘက်ရောက်သွားတာပေါ့နော်”
"မထူးပါဘူးကွာ၊ အောက်လမ်းဆရာနဲ့ အထက်လမ်းဆရာ ဆိုတာက ထမီခြုံတာနဲ့ ပိတ်ဖြူဝတ်တာသာ ခြားတာပါ။ ပစ္စည်းဥစ္စာရဖို့၊
တန်ခိုးအာဏာရှိဖို့ လုပ်နေကြတဲ့ လောဘသမားတွေချည်းပါပဲ၊ အဲ... အထက်ဂိုဏ်းဆိုတာက သာပြီး အလိမ်အညာပေါသေးတယ် မောင်။ အဲဒီ
ကိုမြင့်ဦးတို့ လင်မယားဟာ ဖြစ်တယ်ဆိုတဲ့ ဝဏ္ဏသိဒ္ဓိဂိုဏ်နဲ့ပေါင်းမီတာ နှင့်လူ ထောင်ကျသွားပါရောလား”
"ဟာ.. ဒီကိုယ်တော်က ထောင်ကျသွားဖူးသေးတယ်။ အင်း.. ဒါလောင်းတောင် စုံပေတာကိုး၊ ဘယ်လိုပြစ်မှုနဲ့ ကျတာလဲဗျာ”“အဲဒါတော့ ငါမမှတ်မိဘူးကွ၊ မင်း အတိအကျသိချင်ရင် သူတို့ဆွေမျိုးတွေထဲ စုံစမ်းပေါ့ကွာ၊ အဲ.. သူထောင်ကလွတ်လာတော့ သူ့ဇနီးက
သေရှာပြီ.. အဲဒီမှာ မင့်လူ အကျွတ်တရားရပြီး သင်္ကန်းဆီး၊ သာသနာ့ဘောင်ဝင်တော့တာပဲ"
"အင်း.. ကျွတ်လိုက်ပြီကိုးဗျ”IMG_20180612_214310.jpg
ကျွန်တော်က သာဓုအနုမောဒနာ ပြုမိပါသည်။
"ဘယ်ကျောင်းမှာ သတင်းသုံးသလဲ..."
"ပထမတော့ ရွာကကျောင်းမှာပဲကွ၊ နောက်တော့ ပဒင်းပင်တောရ ဆရာတော်ဆီမှာ သွားပြီး ကမ္မဋ္ဌာန်းထုတယ်။ သုံးနှစ်လောက်တော့
တို့ရွာက ဘုန်းကြီး ပျံတော်မူတယ်၊ သည်တော့ သူဟာ ကမ္မဋ္ဌာန်းလည်း တော်တော်ပေါက်နေပြီ။ ပဒင်းပင် ဆရာတော်ဘုရားကြီးရဲ့
လက်ထောက်ကမ္မဋ္ဌာန်းနည်းပြဆရာဖြစ်နေပြီ...။ အဲဒီအခါမှာ ရွာကလူတွေက သူ့သွားပင့်ပြီး ရွာကျောင်းမှာ ကျောင်းထိုင်စေတယ်။ ကမ္မဋ္ဌာန်းဆရာ
ဦးပညာဆိုတဲ့နာမည်လည်း တော်တော်ကြီးလာတယ်။ အပြောအဟာကလည်း ကောင်းတယ်။ လူကြည်ညိုအင်မတန်များတယ်။
တချို့မြို့ပေါ်ကလူတွေပါ လာလာပြီး သူ့ကျောင်းမှာဥပုသ်စောင့်ကြတယ်။ ကမ္မဋ္ဌာန်းထိုင်ကြတယ်။ ဒီတော့ ကျောင်းမှာ
စားကောင်းသောက်ဖွယ်တွေက အလွန်ကိုးကွ.. အဲဒီတော့ကာ သူနဲ့ ဟိုတုန်းက ဆိုးဆော်တဘက်ဖြစ်တဲ့ သာဖြန် ဆိုတဲ့ကောင်က
ကျောင်းလာပြီး ကပ္ပိယလုပ်တယ်။ အဲဒါ.. ငါအစကပြောခဲ့တဲ့ ကပ္ပိယ အရက်ခွက်ပုန်းသမား ဆိုတာပေါ့ကွ…."
"အင်း... အင်း.…. ကြောင်းကျိုးဆင်ခြင်လိုက်တော့ သူလည်း တစ်နည်းအားဖြင့် ပါရမီဖြည့်ဘက်ပေါ့ဗျာ။ ဘာကြောင့်လဲဆိုရင်...
ဒီကိုယ်တော်ဟာ သူ့ကြောင့်ပဲ အရိယာပုဂ္ဂိုလ် ရဟန္တာဖြစ်နေပြီဆိုတာ လူအများ သိလာရတာကိုး။ အဲဒီနေ့က ဖြစ်ပုံလေး ပြန်ပြောပါဦးဗျာ...
ဒီကိုယ်တော် အကြောင်းရင် အဲဒီနေရာလေး အသားပေးရေးရမှာပဲဗျ”
အဲဒီနေ့က မနက်ပိုင်းမှာ ရွာတစ်ရွာကပင့်တဲ့ အလှူတစ်ခုကို သွားကြတာကိုးကွ၊ နွားလှည်းနဲ့ လျှောင်ပေစူးနဲ့ ကျောင်းသားလေးက
လှည်းမောင်းလို့၊ ဘုန်းကြီးက ကက်အိမ်ထဲ ကောက်ရိုးခံတွဲကော်ဇောပေါ်မှာ ထီးကြီးဆောင်း ထိုင်လို့၊ အဲ... သာဖြန်ကတော့
ရွာကမထွက်မီ နည်းနည်းမော့လာတော့ သူ့ပါးစပ်ကနိမှာစိုးလို့ နေမှာပေါ့လေ... လှည်းနောက်က ခြေကျင်လျှောက်လိုက်ခဲ့တယ်။ ဒီလိုနဲ့နေအတော်မြင့်ပြီး ပူလာတော့ ဘုန်းကြီးက ရေဆာလာတာနဲ့ လှည်းမောင်းတဲ့ကျောင်းသားလေးကို ငါ ရသောက်ချင်လိုက်တာဟယ်၊
ဒီအနီးအနား ရေများမရှိဘူးလား'ပေါ့။ ဒီတော့ ကျောင်းသားလေးက 'ဘကြီးသာဖြန် လွယ်အိတ်ထဲမှာတော့ ပုလင်းတစ်လုံးမြင်တာပဲ..

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.094
BTC 63118.66
ETH 1769.47
USDT 1.00
SBD 0.39