Arira& alcohol (4)
"ကျတာပေါ့။ သူ့မိဘများက ဒီအတိုင်းထားမဖြစ်ဘူး၊ ခြေချုပ်ရအောင် အိမ်ထောင်ချပေးမှပဲဆိုပြီး တခြားရွာက သူတို့စိတ်ကြိုက်
သူငယ်မတစ်ယောက်နဲ့ ပေးစားလိုက်တယ်...။
"ဒီတော့ သူ ကောင်းသွားရောလား”
“ကောင်းတာတော့ မပြောနဲ့၊ သူ့မိန်းမလည်း ဘိန်းစွဲပြီး သူနဲ့အတူ ဖဲလိုက်ရိုက်တော့တာပဲ”
"ဟယ်..."
“ဒါနဲ့ နှစ်ဘက်မိဘက လက်ဖွဲ့လိုက်တဲ့ အတွင်းပစ္စည်းတွေထုတ်ပြီး လယ်ကို ချစ်တီးဆီ ပေါင်တဲ့အထိ ရောက်လာတော့တယ်။ ဒါပေမဲ့
မလျှော့ဘူး၊ သူတို့လင်မယားဟာ စိတ်တူသဘောတူ လှမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက် ဆိုတဲ့စကားအရ ဖဲပဲ ဆက်ရိုက်တယ်။
ဉာဏ်သမားရှာပေါင်းတယ်၊ နောက်ဆုံးမှာ အောက်လမ်းဆရာနဲ့တွေ့ပြီး ဖဲရိုက်တဲ့အခါမှာ ခေါ်ဖိ ရဖို့ သရဲမွေးသကွ.…"
“ဟင်.. ဒါမျိုး ဖြစ်နိုင်သလားဗျာ"
"ဖြစ်နိုင် မဖြစ်နိုင် မင်းနားထောင်၊ ငါပြောပြမယ်။ ငါ သူတို့အစ်ကို ကောင်းကောင်းကြီး မှတ်မိခဲ့တယ်၊ သူတို့လင်မယား အသက် ၃၀
ကျော်လောက်မှာ ငါက ၁၀ နှစ်သားလောက်ရှိပြီ။ သူတို့ သရဲမွေးဖို့အလုပ်က မလွယ်ဘူး။ အစိမ်းသေရမယ်.. နို့ပြီး အသက်မထွက်ခင်မှာ
အလောင်းအောက် ဆေးစီရင်တဲ့ပစ္စည်းထားနိုင်အောင် ကိုယ်နဲ့ရင်းနှီးတဲ့ မသာလည်း ဖြစ်ရမယ်"
“အင်း.. တယ်မလွယ်ပါလား”
“ဟုတ်တယ်၊ ဒါပေမဲ့ သူတို့ကုသိုလ်ပဲ၊ အကြောင်းတိုက်ဆိုင်လာတယ်။ အဲဒီဆရာနဲ့ ဒါမျိုးရှာနေစဉ်အတွင်းမှာပဲ သူ့သူငယ်ချင်း
သူနဲ့ဖဲရိုက်ဘက် ဖိုးကျော်ဆိုတဲ့လူဟာ သစ်ပင်ပေါ်က လိမ့်ကျပြီး အိမ်မှာ ၃ ရက်လောက်ခံနေတယ်။ ဒီအတွင်းမှာ တောကြီး ခေါ်တဲ့ ကိုမြင့်ဦးဟာ
သူငယ်ချင်းပြုစုသယောင်နဲ့ ဆရာဆေးပီရင်ပေးတဲ့ အင်းရယ်၊ ဖဲထုပ်ရယ်၊ ပိုက်ဆံကြိုးရယ်၊ လက်ကိုင်ပဝါနဲ့ စုလုပ်ပြီး အသက်ငင်နေတဲ့ ဖိုးကျော်ရဲ့
ကိုယ်အောက်မှာ ထားခဲ့တယ်။ နောက် အသက်ထွက်ပြီးတဲ့အခါမှာ ပြန်ယူထားလိုက်တယ်...”"အဲ... အလောင်းမြေမြှုပ်ပြီးတဲ့နေ့ ညကျတော့ ခုန ဆေးစီရင်ထားတဲ့ အင်းရယ်၊ ပိုက်ဆံကြိုးရယ်၊ သင်္ချိုင်းကုန်းယူသွားပြီး
မြေမြှုပ်ထားတဲ့အလောင်းပေါ်မှာ ပိုက်ဆံနဲ့ လည်ပင်းချည်ဟန်ပြုပြီး (မင်းကို ငါပိုင်ပြီ၊ ငါခေါ်ရာလိုက်ခဲ့၊ ငါခိုင်းတာလုပ်၊
ငါ့အကျိုးဆောင်ရမယ်)လို့ အမိန့်ထုတ်ပြီး ဆွဲခေါ်ခဲ့တော့ နောက်က မည်းမည်းကြီး လိုက်လာသတဲ့ကွာ"
“ဟင်... ဒါဖြင့် သူတို့အကြံအောင်တာပေါ့နော်”
“မအောင်ဘူးကွ၊ အဖြစ်က သူတို့အလုပ်မှာ သရဲကိုတော့ ပါအောင်ခေါ်နိုင်တယ်။ ဒါပေမဲ့ သရဲကို မနိုင်ဘူး။ အဲဒီနောက်
သူတို့အဆောင်တွေနဲ့ ဖဲသွားရိုက်တာ ရှုံးတာချည်းပဲ။ နောက်ဆုံးမှာ အဲဒီသရဲဖိုးကျော်ဟာ သူတို့အိမ်နံဘေးက အပျိုလေးတစ်ယောက်ကို
ဝင်ပူးပြောတယ်... သူငယ်ချင်း မြင့်ဦး... မင်းဟာ ငါ့အပေါ် လုပ်ရက်တယ်ကွာ... ဒါပေမဲ့ မင်းဆရာက ငါ့ဘဝကို
မကျွတ်အောင်ချည်နှောင်ပေမဲ့ ငါ့သဘောကို မနိုင်ပါဘူးကွာ၊ ကြည့်.…. မင်း ဖဲရိုက်သမျှ ကိုးခေါ်ရင် ငါက ဘူကျအောင်ချည်း
လုပ်ပေးတယ်မဟုတ်လား၊ မင်းရှုံးတာတွေ ပြန်မရတဲ့အပြင် ရှိတာတွေကုန်ရစေမယ်)လို့ ပြောသတဲ့ကွာ”
"ဟင်... ဒီလိုတောင် ပြောနိုင်သလား"
"ပြောနိုင်တာပေါ့ကွ.. သူတို့အောက်လမ်းဆရာ အစီအမံက ညံ့တာမှမဟုတ်ဘဲ။ ဖိုးကျော်ဟာ သေပေမဲ့ သူ့ဘဝက မကျွတ်သေးဘူး။
သူ့ဝိညာဉ်နဲ့ သူ့စိတ်ဟာ ဒီပတ်ဝန်းကျင်မှာပဲ ရှိနေသေးတာကိုးကွ၊ သရဲဖိုးကျော်ဟာ ဘယ်အထိ ပြောနိုင်သလဲဆိုရင် အဲဒီကောင်မလေး
ဝင်ပူးပြီး... ကျုပ်အမေကို ခေါ်ပေးပါဆိုလို့ ခေါ်ပေးတော့ရင် သူ့အမေကိုလ... သူ့ဘယ်ပစ္စည်းက ဘယ်နေရာမှာထားတယ်၊ ဘယ်သူ့ဆီမှာ သူက
Pp: ဘီလူး
www.mmcybermedia.com
typing thanthannding (mmcyber)