Adobe Scan

in #app8 years ago

ကျွန်တော်တို့ စာရွက်စာတမ်းတွေကို ဓါတ်ပုံရိုက်ပြီး Save ထားနိုင်ပေမယ့် တကယ်လို့ စာရွက်စာတမ်းတွေ၊ ဈေးဝယ်ဘောင်ချာတွေ၊ Business Card တွေကို ဓါတ်ပုံရိုက်လိုက်ရုံနဲ့ ပြန်လည် Edit လုပ်နိုင်တဲ့ App တစ်ခုကို ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Adobe ကနေ ထုတ်လုပ်ထားပါတယ်။ အဆိုပါ App ကိုတော့ Adobe Scan လို့ နာမည်ပေးထားပြီးတော့ ရုံးသမားတွေအတွက်မရှိမဖြစ်အသုံးဝင်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။
IMG_20180624_122819.jpg
App ကို စဖွင့်လိုက်တာနဲ့ Camera Interface ကို မြင်ရမှာဖြစ်ပြီးတော့ Auto Capture, Flash On/Off Setting တွေကို တွေ့ရမှာဖြစ်ပါတယ်။ နှစ်သက်ရာ စာရွက်စာတမ်းတစ်ခု (သို့) ကိုယ်ရိုက်ချင်သလောက် ပုံတွေကို ဓါတ်ပုံရိုက်လိုက်ပြီးရင် ရိုက်လိုက်တဲ့ ပုံတွေက Page အနေနဲ့ ပေါ်လာမှာဖြစ်ပြီး Crop ပြုလုပ်ချင်တာပဲဖြစ်ဖြစ်၊ Rotate သို့ Color ချိန်တာပဲဖြစ်ဖြစ် ပြုလုပ်ပြီး PDF Format နဲ့ သိမ်းဆည်းထားနိုင်မှာပါ။

ဒီနေရာမှာ စာရွက်စာတမ်းတွေကို Adobe Scan က Scan ဖတ်တဲ့အခါမှာ Optical Character Recognition (OCR) စနစ်ကို Digital Text format အနေနဲ့ PDF File မှာ Select မှတ်နိုင်၊ Copy ကူးနိုင်အောင် အသုံးပြုထားတာဖြစ်တဲ့အတွက် Adobe Reader (သို့) Adobe Acrobat Reader မှာ စိတ်ကြိုက်ပြင်ဆင်နိုင်ပါလိမ့်မယ်။ ဒါအပြင့် အဆိုပါ App ကို Adobe Company ရဲ့ A.I Platform အသစ်ဖြစ်တဲ့ Adobe Sensei ဖြင့် မောင်းနှင်တာဖြစ်ပြီး အဓိကနောက်ကွယ်ကနေ စာရွက်စာတမ်း အရွယ်အစားကို ချိန်ညှိတာ၊ အလိုအလျောက် Crop ပြုလုပ်တာ၊ နောက်ခံက Shadows တွေကို ဖယ်ရှားပေးတာ စတဲ့ Features တွေကို ဆောင်ရွက်တာဖြစ်ပါတယ်။IMG_20180624_122811.jpg

Adobe Scan App ကနေ Export ပြုလုပ်လိုက်တဲ့ PDF File တွေဟာ Adobe Sign နဲ့လည်း တွဲဖက်အလုပ်လုပ်မှာဖြစ်ပြီး Automatic Signing တွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ Microsoft Office Apps တွေဖြစ်တဲ့ Word, Excel နဲ့ Powerpoint တွေကိုပါ Export ပြုလုပ်နိုင်ဦးမှာပါ။

အခုအချိန်မှာတော့ Adobe ကနေ နောက်ထပ် Feature အသစ်တစ်ခုကို ထည့်သွင်းပေးခဲ့ပြီးတော့ အဲ့ဒါကတော့ Business Card တွေကို Scan ဖတ်လိုက်တာနဲ့ ချက်ချင်း ကိုယ့်ဖုန်း Contact ထဲကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Business Card ထဲက နာမည်နဲ့ ဖုန်းနံပါတ်ကို သီးခြားရိုက်ထည့်ပြီး မှတ်နေစရာမလိုတော့ပါဘူး။
source

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.077
BTC 61874.73
ETH 1626.75
USDT 1.00
SBD 0.40