5G
5G ကွန်ရက်စနစ် ဖြစ်ထွန်းလာဖို့ Vivoအနေနဲ့ Qualcomm ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ 5G Antenna နည်းပညာနဲ့ သမိုင်းမှတ်ကျောက် စိုက်ထူနိုင်ခဲ့ပါပြီ။ ဒီနည်းပညာဟာ Vivo ကိုယ်တိုင် ဖန်တီးထားတဲ့ 5G mm-Wave (Millimetre Wave) Antenna Arrays နဲ့ တည်ဆောက်ထားတာဖြစ်သလို 5G Performance ကို OTA (Over The Air) System နဲ့ တိုင်းတာနိုင်မှာပါ။
အခုလို 5G အသုံးပြုနိုင်မယ့် နည်းပညာဟာSmartphone ထုတ်လုပ်သူတွေနဲ့ Network Operators တွေကြား ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်သလို Vivoအနေနဲ့ ခက်ခဲနက်နဲတဲ့ နည်းပညာတွေနဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ 5G ရဲ့ သိသာတဲ့ ကွန်ရက်ချိတ်ဆက်မှု အနေနဲ့ 4G LTE နည်းပညာထက် ပိုလျှင်မြန်တဲ့ Data Rate ရရှိနိုင်မှာ ဖြစ်ပြီး 4G ထက် Data Peak (၁ဝ) ဆကနေ အဆ (၂ဝ) အထိ ရှိမှာပါ။ အဲ့ဒါကြောင့် AR၊ VR ၊ AI အစရှိတဲ့ Wireless ချိတ်ဆက်မှုအရင်ကထက် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်နိုင်မှာ ဖြစ်သလို Ultra High Definition (UHD) Applicationတွေ ကောင်းကောင်း အသုံးချနိုင်မှာဖြစ်ပါတယ်။
Vivoရဲ့ Antenna Technical Director ဖြစ်သူ Dr. Huan-Chu Huang က “အခုလို Vivo နဲ့ Qualcomm ပူးပေါင်းမှုကနေ ပေါက်ဖွားလာတဲ့ 5G mm-Wave Antenna ဒီဇိုင်းကို End Usersတွေအသုံးပြုမယ့် ပစ္စည်းတွေအတွက် Optimizeလုပ်သွားမှာ ဖြစ်တယ်” လို့ ပြောကြားလိုက်ပါတယ်။ အခုလို “5G mm-Wave Antenna Design နဲ့ လိုအပ်တဲ့ တိုင်းတာမှု ပြုလုပ်ပြီးတဲ့အခါ အသုံးပြုသူတွေအနေနဲ့ Smartphoneတွေမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည် အားသာချက်တွေနဲ့ Experience အသစ် ရရှိမှာ ဖြစ်တယ်” လို့ ဖြည့်စွက် ပြောကြားခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ 5G sub-6 GHz နဲ့ mm-Wave နည်းပညာတွေကို မကြာခင် ကာလမှာ ဈေးကွက်တွင်း ဖြန့်ချိသွားမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်ကာလတွေမှာ မြင်တွေ့ နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ အခုလို ဖန်တီးနိုင်မှုနဲ့ ပတ်သက်လို့ Dr. Huan-Chu Huang ညွန်ကြားချက်အရVivo အနေနဲ့ 5G ယူဆောင်လာဖို့ မူပိုင်ခွင့်နဲ့ ပတ်သက်လို့ စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို နောက်ဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ နည်းပညာဟာ Vivo အနေနဲ့ 5G ဖွံ့ဖြိုးတိုးတက်မှုမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာဖြစ်ပြီး “အရင် WiGig နည်းပညာကနေ 5G mm-Wave နည်းပညာသစ်ဆီ လျှောက်လှမ်းလာနိုင်ဖို့ mm-Wave နည်းပညာ ဒီဇိုင်းအပေါ် လေးလေးနက်နက် လေ့လာခဲ့တာဖြစ်ပါတယ်။ ဒီလို Smartphone တွေရဲ့ အရေးပါတဲ့ အခန်းကဏ္႑ကနေ ပါဝင်နေတဲ့ 5G mm-Wave Antenna Array နည်းပညာ ဖန်တီးနိုင်မှုဟာ Vivo ရဲ့ စွမ်းဆောင်နိုင်မှု ဖြစ်သလို နည်းပညာခေတ်ရဲ့ ဦးဆောင်သူတစ်ဦးလည်း ဖြစ်ခဲ့ပါပြီ” လို့ Dr. Huan-Chu Huang က ပြောကြားခဲ့ပါတယ်။
[Source](https://www.facebook.com/story.php?story_fbid=2116293208648245&id=1546624012281837