why go ktv
ယောကျာ်းတွေ KTV သွားရတဲ့အဓိက ရည်ရွယ်ချက်ကဘာလဲ?😏
သူငယ်ချင်းတွေနဲ့ ညဘက်အေးဆေး သောက်စားရယ်မော သီချင်းတွေအော်ဆို ပျော်ချင်တာမဟုတ်ဖူးလား? Stress တွေပျောက်ချင်ရုံမဟုတ်ဖူးလား?
😏😏😏😏😏
အဲ့က ကောင်မတွေနဲ့အသားချင်းထိရမှ ပိုကျေနပ်ပီးပျော်ဖို့ကောင်းမှာလား? (လူပျို ကြီးတွေလူလွတ်တွေဆိုရင်တော့ထားပါ..အသားချင်းထိဖီးလ်တက်ချင်စရာမိန်းမမှဘေးမှာမရှိတာ)
ရည်းစားတို့ မိန်းမတို့ ရှိတဲ့ယောကျာ်းတွေကဘာလို့ စော်ခေါ်ထိုင်ချင်ရတာလဲ? အဲ့ကောင်မတွေနဲ့ထိတွေ့ရတာ ကိုယ့်ကိုယ်ကိုရော လိပ်ပြာလုံလို့လား? သတီလို့လား?
သူတို့မပါဘဲ သူငယ်ချင်းတွေချည်းပျော်ပါးရင်မရဖူးလား? 😡😡
ကိုယ်တကယ်ချစ်လို့ တော်ထားတဲ့ ရည်းစား/မိန်းမ ကသိရင်ရောစိတ်ချမ်းသာနိုင်ပါ့မလား?
ကဲ.... ကိုယ်ချင်းစာကြည့်ပါဦး! 😕😕😕
ကိုယ့် ရည်းစား/မိန်းမ ကတခြားယောကျာ်းလေးအဖော်တွေနဲ့ အဲ့မီးမှိန်မှိန်အခန်းထဲမှာ သီဆို ကခုန်နေမယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ...?
ငါက ယောကျာ်းလေးဆိုပီး မာန်တက်မနေပါနဲ့!! ယောကျာ်းလေးဖြစ်လို့ ရှင်ပြု ပုဉ္ဇင်းတက် ဘုရားပေါ်တက်လို့ ရတာလေးပဲပို ဘုန်းကြီးတာပါ! ယောကျာ်းတွေမှာလဲ ခံစားချက်ဆိုတာရှိမှာပေါ့ .. ကိုယ်ချင်းစာကြည့်ကြပါလား?

မာဆပ် သွားတယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်ကရော??? 😏
👉👉ညောင်းလို့အနှိပ်ခံချင်လို့မဟုတ်ဖူးလား? 😕
ဒီတိုင်း ဂျပန်မျက်မမြင်အနှိပ်ခန်းတို့ ဆေးစိမ်အနှိပ်ခန်းတို့သွားပီးအပူထုပ် အနှိပ်ခံရင်မရဖူးလား? 👈👈
ဟိုမီးမှိန်မှိန်အခန်းထဲကကောင်မတွေက ပွတ်သီးပွတ်သပ် လုပ်တာခံရမှ အညောင်းကပြေမှာလား? သူတို့တွေနဲ့ထိတွေ့ရတာ ကိုယ့် မိန်းမ/ရည်းစား လောက်တောင် အဓိပ္ပါယ်ရှိလို့လား?
ဘာအတွက်လဲ?? ဘယ်လောက်များထူးပြီးသာယာလို့လဲ?
ဒီမှာ..... ဖောက်ပြန်ချင်ရင် အဆုံးထိဖောက်ပြန်လိုက်!
ဘယ်အတန်းအစားကမိန်းမနဲ့ပဲဖြစ်ဖြစ်... အဆုံးထိပက်သက်လိုက်! ကိုယ့် မိန်းမ/ရည်းစားကို အပီးလမ်းခွဲလိုက်...လမ်းခွဲပီးသွားသာယာချည် ပတ်သက်ချည်!😕

ဘယ်တော့မှ အဲ့လိုကောင်မတွေနဲ့ပက်သက်လိုက် .. ပြန်လာပီး " ဟီးဟီး ဟဲဟဲ နဲ့ မိန်းမရေ ချစ်လေးရေ သဲလေးရေ" လာမလုပ်နဲ့ ရွံစရာကောင်းတယ်! အထင်သေးစရာကောင်းတယ်!
အဲ့လိုဟာမတွေနဲ့ထိတွေ့ရမှသာယာပီးပျော်ဖို့ကောင်းတရ်ထင်ရင်သူတို့နဲ့ပဲနေလို့ရအောင် လူပျို ကြီးလုပ်!
အေး... ဒါမှမဟုတ်ရင်တော့ ညဘက်ထွက်တာကို သူငယ်ချင်းတွေချည်းအားလုံး သန့်သန့်လေးထွက်!! သန့်သန့်လေး အေးဆေး ပျော်ပါးပီးအချိန်တန်အိမ်ပြန်! ဒါပဲ 😏
ကိုယ်တိုင်လဲရိုးသား သူများကိုလဲမြောက်မပေးနဲ့ ☝ သူများပြောတိုင်းလဲမရွနဲ့ လူလွတ်တွေနဲ့ ရွတဲ့လူတွေကရွတယ် ဆိုရင်တောင်ကိုယ့် ကိုယ်ကျင့်သိက္ခာကို ကိုယ်တိုင်စောင့်ထိန်း
မိန်းမတွေကချစ်ပီဆိုရင် အရက်သောက် ညဘက်ထွက်တာကိုခွင့်ပြုပေးရင်ပေးလိမ့်မရ်..ဒါပေမယ့် ဘယ်မိန်းမမှတော့ အဲ့လိုဟာမတွေနဲ့ပြိုင်ပီးအသားချင်းထိ ပွတ်သတ်တာကို သည်းခံနိုင်မှာမဟုတ်ဖူးဆိုတာ ယောကျာ်းတွေအနေနဲ့ နားလည်သင့်တယ်! ကိုယ်ချင်းစာသင့်တယ်! စောင့်ထိန်းသင့်တယ်!
ကိုယ်တကယ်ချစ်တဲ့မိန်းမ ❤ ကိုယ့်ကိုတကယ်ချစ်တဲ့မိန်းမ အဲ့လိုလုပ်တာတွေကိုသိသွားလို့ ဘာမှမတတ်နိုင်ဘဲ မျက်ရည်ကျရတာမျိုး ကိုသနားရင်ပေါ့...😒😒
လတ်တလော ခံစားနေရသည်များမဟုတ်။ သို့သော် မိန်းမသားထု ကိုယ်စားခံစားရေးသားသည်
P.S_ ကိုယ်တိုင်လဲ ပြောချင်နေသောစကားများပါသည်
This post has received a 0.18 % upvote from @drotto thanks to: @banjo.