အသဲအတွက်
'ကိုကို' တဲ့လား။
တစ်ခါ တစ်ခါ အခေါ်ခံလိုက်ရတိုင်း
သေနတ်နဲ့ပစ် ၊ဓားနဲ့ ထိုးစရာမလိုပဲ ဒီကောင်ကြီး အကြိမ်ကြိမ်သေတယ် ။
ရင်ထဲမှာ နွေးနွေးလေး ဖြစ်ဖြစ်သွားတာတော့
ကိုကို ဝန်ခံတယ် baby လေးရယ် ။
ဆူနာမီ ဆိုတာ ကိုကို့ရင်ဘတ်ထဲမှာ
baby လေး ကြောင့် ဖြစ်ပေါ်လာတဲ့ ဖြစ်တည်မှုပါ။
ဖြစ်နိုင်ရင် ကိုကို့ ကို သိပ်မချွဲ ပါနဲ့ baby လေး။
ရှင်လျက်နဲ့ အရည်ပျော်တယ်ဆိုတဲ့ အဖြစ်ဆိုးမျိုး ကိုကို ထပ် မကြုံချင်တော့ဘူး။
'' ကိုကို က သိပ် အပိုတွေ ပြောတာပဲ ''
ကိုကို ပြောတော့ ကိုကို့ ကို အပိုတွေ ပြောတယ် လို့ ဆိုသေးတယ် ။
ဒါတွေက တစ်ကယ့်အမှန်းတရားတွေကို တစ်ရာခိုင်နှုန်းလောက်ပဲ ပြောရသေးတယ် ဆိုတာ
ကိုကို ဝန်ခံပါရစေ ။
နှုတ်ခမ်းလေး စူစူပြီး ဘယ်တော့မှ စိတ်မဆိုးပါနဲ့ ။
အူတွေ ၊အသည်းတွေ ၊ ယားလွန်းလို့ အဲ့ဒီ့ နှုတ်ခမ်းလေးကို တစ်အား ကိုက်ချင်လွန်းလို့ ။
''သိပ်ဆိုးတာပဲ baby လေးရယ်''
ကိုကို ပြောတော့ ကိုကို့ ကို မျက်စောင်းထိုးတယ်။
'' ဘာလဲ . . . ကိုကို က အဆိုးမခံချင်ဘူးလား. . . baby လေး ကို စိတ်ကုန်လာတာလား ''
မေးခွန်းပေါင်းများစွာနဲ့ ကိုကို့  ကို ရစ်တယ်။
ဘယ်သူမှ မယုံတဲ့ အမှန်တရားကို ချပြပါဆိုရင်
ကိုကို က baby လေးကို ဘယ်တော့မှ စိတ်မကုန်နိုင်တာပဲ။
baby လေး စိတ်ကောက်တဲ့ အချိန်ဆို ကိုကို့ ရင်တွေ အစိမ်းလိုက် မီးကင်ခံရတာထက် ပိုဆိုးတယ် ။
တစ်ကယ်တော့ ကိုကို ဆိုတာ baby လေး ရဲ့ ဆိုးတာခံရဖို့ ကံတရားက ဖန်တီးပေးလိုက်တဲ့ ကောင်ရယ်ပါ။
ကျိန်ရဲပါတယ် ခင်ဗျာ . . .
ကိုကို့ ၂၄ နာရီလုံးလုံးက baby လေး တစ်ယောက်ထဲ သိမ်းပိုက်ထားတယ် ဆိုတာ
အကြွင်းမဲ့ ကျိန်ရဲပါတယ် ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတက်ပါတယ် ။
ကိုကို့ ကို baby လေးရဲ့ ကိုကို ဖြစ်ခွင့်ပေးလို့ ၊
baby လေး ဆိုးသမျှကို ကိုကို့ ကို ခံယူခွင့်ပေးလို့ ။
ဆိုးစမ်းပါ။
ကိုကို့ ကို ကြိုက်သလောက်ဆိုး ။
ကိုကို လုံးဝ မဖြုံဘူး။
ဒါပေမဲ့ တစ်ခုပဲ ကြောက်တယ် ။
အဲ့ဒါ baby လေး ကိုကို့ အပေါ် အချစ်တွေ
လျော့သွားမှာ ကို ကြောက်တာပဲ ။
တစ်ခါတစ်ခါ မှာ လူတွေက အလျော့ပေးတဲ့ သူကိုမှ သိပ်အနိုင်ယူချင် ကြတာလေ ။
ကိုကို သိပ်ချစ်တဲ့ ကလေးလေးက ကိုကို့ ကိုပဲ
အချစ်ဆုံး ဖြစ်စေချင်တာ ကိုကို တစ်ယူသန်မိသလားနော် ။
'' ဟျောင့် . . ကိုကို . . ငါ အိပ်မရဘူး . . .
သီချင်း ဆို သိပ် ''
baby လေး အလို ကျ သီချင်းဆိုလိုက် ၊
တစ်ခါတစ်ခါ ပုံပြင်ပြောပြလိုက်နဲ့ တစ်ခါတစ်ခါm ကိုကို က ကလေး ထိန်းနေရတဲ့ လူကြီး တစ်ယောက်လိုရယ်ပါ။
'' ကိုကို့ အပေါ် သွေးအေးသွားမှာလား ''
'' အင်းပေါ့ ''
'' ဘာ . . .! ''
'' ခစ် ခစ် , ကိုကို ကလည်း ဘာလို့ သွေးအေးရမှာလဲ , ကိုကို့ ကို baby လေးက သိပ်ချစ်တာကို ''
'' မသိဘူး . . နောက်တစ်ခါ အဲ့လို မပြောနဲ့ ''
''ဟယ် . . ကြည့်စမ်း . . ကိုကို စိတ်ကောက်နေတယ် . . ခစ်ခစ် ။ ကိုကို ကလည်း စ ,တာကို''
'' မသိဘူး မစ နဲ့ ''
ကလေးလေးသာ ကိုကို့ ဘေးမှာမရှိတော့ရင်
ကိုကို့ အသက်ရှင်မှုတွေ ကျွမ်းထိုးမှောက်ခုံတွေ ဖြစ်ကုန်လိမ့်မယ် ။
ကိုကို သိပ်ကြောက်တယ် ။
အသက်ကြီးမှ အသည်းခွဲ ခံရမဲ့ အဖြစ်ကိုသိပ်ကြောက်တယ်။
ဖြစ်နိုင်ရင် baby လေးနဲ့ ဝေးသွားရမဲ့ သင်္ကေတတွေ တစ်စက်မှ မမြင်ချင်ဘူး။
ပြီးတော့ ကိုကို့ အချစ်တွေကို ဘယ်တော့မှ မှတ်ကျောက်တင်ဖို့ မကြိုးစားနဲ့ ။
ကိုကို့ အချစ်တွေ က ဘယ်တော့မှ မှတ်ကျောက်တင်လို့ မရဘူး။
'' baby လေး . . .''
'' ရှင့် . . ကိုကို ''
'' ကိုကို ကလွဲပြီး တစ်ခြား ယောကျာင်္းလေးတွေ ရှေ့မှ မရယ်နဲ့ကွာ ''
'' ဘာလို့ လဲ ကိုကို ရဲ့ ''
'' လှလွန်းလို့ မရယ် ခိုင်းတာ ''
'' ဟယ် . . ကိုကို ကလည်း ခစ်ခစ် ,
အာ့ဆို baby လေး ဖေဖေ ရှေ့ရော ''
'' ဟာ . . ဦးလေးရှေ့တော့ ရယ်လို့ရပါတယ် . , တစ်ခြား တစ်စိမ်း ဟောကျာင်္းလေး တွေ ရှေ့ မှာပြောနေတာ ''
''ကပ်စေးနဲ လိုက်တာ ကိုကို ရယ် . .
baby လေး ပြုံးတာ ဘာဖြစ်သွားမှာ မို့လို့လဲ ''
'' baby လေး ပြုံးတာ ဘာမှ မဖြစ်ပါဘူး။
ဖြစ်နေတာက baby လေး ဘယ်ဘက်က
ပါးချိုင့်လေး ။ ပြုံးလိုက်တိုင်း ခွက်ခွက် ဝင်သွားတာ ကိုကို ပဲ ကြည့်ချင်တယ် ''
'' ကိုကို ကတော့ နော် ''
အဲ့လိုပါ . . baby လေးနဲ့ ပတ်သပ်လာရင်
ကိုကို အကုန်လုံးကို တွန့်တိုတယ်။
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။
baby လေး ဘေးက ငနဲလေးတွေကို
သတိထားပါ။

baby လေး အသညိးမှာ အမြဲတမ်း တံဆိပ်နှိပ်ထားရမှာ ကိုကို ဆိုတာ ဘယ်တော့မှ မမေ့ ပါနဲ့ ။

'' ကိုကို '' တဲ့ ။
အက္ခရာ နှစ်လုံးထဲရယ် ။
ဒါပေမဲ့ အခေါ်ခံလိုက်ရတဲ့ လူတစ်ယောက်
ရင်ထဲကို ကြိမ်းနှုန်းများစွာ လှုပ်ခတ်သွားစေနိုင်တယ် ။

သေနတ်မလိုဘူး။
ဓားမလိုဘူး။
တုတ်မလိုဘူး ။
'' ကိုကို'' လို့ပဲ ခေါ်လိုက် ။
ဒီ ကိုကို သေ ကို သေတယ်။
®ခဲတံ®