လူဆိုသည်မှာ

in #myanmar8 years ago (edited)

မနေ့ က ဥပုသ်နေ့ ဆိုတော့ မိမိလို့ စာသင်သားများအတွက်တော့ holiday ပေါ။ ဥပုသ်နေ့ ဆို ကျောင်းမှာ သီလဆောက်တည်ကြမဲ့ ဥပုသ်သည်တွေလာကြတဲ့အခါမျိုးမှာ စာသင် စာချ အနားပေးထားတဲ့သဘောပါ ။ဘုရားသွားချင်တဲ့သူသွား၊ စာအုပ်ဝယ်ချင်တဲ့သူဝယ်ဖို့ အတွက်တစ်ပတ်မှာ တစ်ရက်တော့ အနားပေးထားခြင်းဖြစ်ပါတယ်။ မိမိလည်း မနက် အာရုဏ်ဆွမ်းစားပြီးကတည်းက ရွှေတိဂုံ အရှေ့ ဘက်မုဒ်၊ စာအုပ်တန်းတွေဆီ လိုအပ်တဲ့ စာအုပ်တွေရှာနေတုန်း တီးလုံးသံမြူးမြူးလေးနဲ့ အဓိပ္ပါယ်ရှိတဲ့ တေးသွားလေးတချို့ ကြားမိလိုက်ပါတယ် ။ဒါနဲ့ စာအုပ်ရွေးရင်း ကြည့်လိုက်တဲ့အခါ တွန်းလှည်းနဲ့ရောင်းတဲ့ ထီသည်လေးဖွင့်ထားတာဖြစ်ပြီး ။သူကတော့ သီချင်းကို ခပ်တိုးတိုးလေး ရွတ်ဆိုရင်းသူတွန်းလှည်းလေး တရွေ့ရွေ့တွန်းလို့  ထွက်သွားပေမဲ့ မိမိကတော့ ဒီလိုအနှစ်သာရ ပြည့်ဝတဲ့ သီချင်းမျိုး ဘယ်သူသီဆိုပြီး ၊ဘယ်သူရေးတယ်ဆိုတာ အဖြေကို သိချင်တဲ့စိတ်ကပိုပြင်းပြလာတယ်။ ပြီးတော့ ဆောင်းပါးအဖြစ်ပြန်ရေးကြည့်ချင်စိတ်လည်း ပေါ်လာမိတယ် ။ဒီနေ့ တော့ အဲ့သီချင်းလေး ပြန်ရှာဖွေလို့  ကိုယ်တိုင်နားထောင်ပြီးမှကိုယ်နားလည်ထားသလို စာဖတ်သူတို့ ကိုလည်း ပြန်လည်မျှဝေပေးလိုက်ချင်ပါတယ် ။အမှားအယွင်းများတွေ့မြင်ခဲ့ရင်လည်း စာရေးသူရဲ့အားနည်းချက်လို့ သာ ယူဆပြီး ထောက်ပြပေးစေချင်ပါတယ်။

image

" လူဆိုသည်မှာ "သီချင်းကို တေးရေးဆရာ-ချမ်းငြိမ်း( မန္တလေး )မှရေးသားပြီး။ တေးဆို-အောင်ကျော်ဆန်း( ယဉ်ကျေးမှု ) သီဆိုထားတာ ဖြစ်ပါတယ်။ တကယ့်အဓိပ္ပါယ်ရှိတဲ့ သီချင်းလေးဖြစ်လို့  နားထောင်ကြည့်စေချင်ပါတယ် ။စာသားလေးကတော့" လူဆိုသည်မှာ ၊သီလ ,သမာဓိ ,သိက္ခာ ပြည့်စုံမှသာကြီးတဲ့သူကို ရိုသေ ၊ရွယ်တူကိုလေးစား ၊ငယ်သူကို သနားရမှာ၊ ဟောဒီ့လူ့ မြေကမ္ဘာ၊ လရေးနှစ်ချောင်းငင်လူဖြစ်လာ " ဒီသီချင်းလေးထဲမှာ လူတစ်ယောက်ရဲ့ လိုအပ်ချက်တွေ ပြုမှုပြောဆိုနေထိုင်ရမဲ့ နည်းလမ်းကောင်းတွေကို ၊တိုတိုနဲ့လိုရင်းထိအောင် ပြောပြီး ၊အဓိပ္ပါယ် ဖွင့်သွားတာကို မိမိ သဘောကျနှစ်သက်မိပါသည်။စာသားထဲမှာ ပါတဲ့သီလဆိုတာ ဘာလဲ ။သိတဲ့လူရှိသလို မသိတဲ့လူတွေလည်းရှိပါတယ် ဒါကြောင့် ရှင်းပြပါရစေ ။သီလ ဆိုသည်မှာ လူတို့ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တရား ငါးပါးကိုရည်ညွှန်းတာပါ ( ၁ )သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း ( ၂ )သူတစ်ပါးတို့ ၏ စည်းစိမ်ဥစ္စာကို ခိုးယူခြင်း ( ၃ )သူတစ်ပါး၏ သားမယားကို ပြစ်မှားစော်ကားခြင်း ( ၄ )အကျိုးမဲ့ သိမ်ဖျင်းသော လိမ်လည်စကားတို့ ကို ပြောဆိုခြင်း( ၅ ) သေရည်သေရက် သောက်စားခြင်း ဆိုတဲ့ ငါးပါးသော သီလတို့ ကို စောင့်ထိန်းမှသာ လူလို့ ခေါ်ထိုက်ပါတယ် ။လူမည်တယ်လို့ ဆိုနိုင်ပါတယ်။ဒါပေမဲ့ ငါးပါးလုံး စောင့်ထိန်းနိုင်ခြင်း မရှိရင်တောင်​မိမိစောင့်ထိန်းနိုင်တာကိုတော့ စောင့်ထိန်းသင့်ပါတယ် ။ထိုက်သင့်တဲ့အကျိုးကျေးဇူးရရှိနိုင်ပါတယ်။ သီလငါးပါးလုံခြုံတဲ့ သူများဟာ နတ်တို့ ၏ အရှင်သခင် သိကြားမင်းကပင် ဦးညွတ်ရှိခိုးရလောက်တဲ့အထိ မြင့်မြတ်ပါတယ်။ဘုန်းကံကြီးမားကြပါတယ်။ အကျိုးကျေးဇူး အကျယ်ကိုတော့ မိမိအားရင်အားသလို ရေးသားပေးသွားပါ့မယ် ။ယခု အကျဉ်းချုံးပြီး ၊စာလေးသွားမှာစိုးသည့် အတွက် လိုရင်းကိုသာ ရှင်းပြပေးပါမည်။

image
နောက်ထပ် လိုအပ်ချက်တစ်ခုကတော့ ၊သမာဓိ ဆိုတဲ့ စိတ်နေစိတ်ထားတည်ကြည်မှုပါ ။သမာဓိဆိုတာ အဘိဓမ္မာ အမြင်ဖြင့်တော့ ဧကဂ္ဂတာ လို့ ခေါ်တဲ့ တည်ကြည်ငြိမ်သက်ခြင်း၊ အာရုံစူးစိုက်မှုရှိခြင်းလို့ တော့ အဓိပ္ပါယ်ထွက်ပါတယ် ။တရားထိုင်လို့ ရတဲ့ သမာဓိလို့  တစ်ထစ်ချ မှတ်ယူလို့ မရပါဘူး ။မိမိလုပ်ရမဲ့ အလုပ်အပေါ် အာရုံစူးစိုက်ရမယ်၊ စိတ်ပျံလွင်ခြင်းမရှိအောင် ခုတစ်မျိုး တော်ကြာတစ်မျိုး မဖြစ်အောင် ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် ထားနိုင်ခြင်းကိုလည်း သမာဓိလို့  ဆိုပါတယ် ။လူတိုင်းမှာ ရှိသင့်တဲ့ လိုအပ်ချက်တစ်ခုပါ၊ ဘာလို့ လဲ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းလဲတတ်တဲ့ သူကို ဘယ်သူမှ လေးစားမှု ရှိကြမှာ မဟုတ်လို့ ပါပဲ ။ဒါကြောင့် ကိုယ့်ဆုံဖြတ်ချက်က ပြတ်သားရဲ့ရင့် စေဖို့  သမာဓိရှိကိုရှိသင့်တယ်လို့  ယူဆမိပါတယ်။

image
နောက်ဆုံးလိုအပ်ချက် တစ်ခုက သိက္ခာ လို့ ခေါ်တဲ့ ကိုယ့်ကျင့်တရားနဲ့ စာရိတ္တကောင်းမွန်ခြင်းပါ ။လူတစ်ယောက်က ချမ်းသာတယ်၊ ကြွယ်ဝတယ် ဘွဲ့ရတယ် ပညာတတ်တယ်၊ ဒါတွေကို ဂုဏ်ရှိတယ် သိက္ခာရှိတယ်ဆိုပြီး လက်မထောင်ကြတယ် ၊အဲ့လူတွေကို သနားမိပါတယ် ။အတွေးအခေါ်တွေ အယူအဆမှားတွေကို ဆုပ်ကိုင်ထားကြတဲ့အတွက်ပါ။ လူတစ်ယောက်လိုအပ်တာ ဂုဏ်သိက္ခာ မဟုတ်ပါဘူး ကိုယ်ကျင့်သိက္ခာပါ ။ကိုယ့်ကျင့်တရားကောင်းမွန်တဲ့သူအဖို့  ကိုယ့်လိပ်ပြာကိုယ်သန့် ကြတယ် ။ကိုယ့်စကားအပေါ် ကိုယ်တာဝန်ယူတတ်ကြတယ် ၊ကိုယ်တိုင်မသတ်မှတ်ခင်မှာပဲ လူအများက သိက္ခာရှိတဲ့ လူတစ်ယောက်အဖြစ်နဲ့ လေးစားကြတယ်။ ဒါကြောင့် ကိုယ့်ကျင့်တရားကောင်းမွန်အောင် စောင့်ထိန်းပါ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်ရဲ့အပြုအမူအတွက် တာဝန်ယူလိုတဲ့စိတ်ရှိအောင် ကြိုးစားကြပါလို့  တိုက်တွန်းပါရစေ။

လူတစ်ယောက်ဟာ သီလ, သမာဓိ ,သိက္ခာ သုံးရပ် ပြည့်စုံလျက်လည်း ၊လိုအင်များစွာ ၊လူမည်ကာမျှ ဆိုသည့်အတိုင်း တစ်ဦးတစ်ယောက်တည်း ရပ်တည်လို့ မရဘဲ ၊ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ရပ်တည်တာဖြစ်သောကြောင့် မိမိထက် အသက် ဂုဏ်ဝါကြီးသူများအပေါ် ရိုသေခြင်းရှိရမည်။ ယခုခေတ်လို အဖေ အရွယ်ကို ဘဲကြီး ၊ဘိုးတော် စသည့် အခေါ်အဝေါ်များလည်း ပြုပြင်သင့်ပါသည်။ မိမိနှင့်တန်းတူများအပေါ်၌ လေးစားခြင်းရှိရမည် ၊သားကြီး သယ်ရင်း ဘော်ဘော် ဘယ်လိုတွေ ပြောင်းလဲနေကြပြီလဲ။ မြန်မာစာပေ မြန်မာတို့ ၏ ချစ်စဖွယ် နှုတ်အမူအရာတွေ ကိုယ်အမူအရာတွေကို မိမိတို့  လက်ထက်မှာ ပျက်စီးဆုံးရှုံးခံတော့မယ်လား တွေးကြည့်ကြပါ။ငယ်ရွယ်သူများအပေါ်၌ကား သနားကြင်နာခြင်းရှိရမည်၊ဆိုပေငြား နိုင်ထက်စီးနင်း မြေနိမ့် ရာ လှံစိုက်ချင်သည့် စိတ်ထားများကိုလည်း ပြုပြင်သင့်ပေသည် ။သို့ မှသာ ဤလူ့ မြေကမ္ဘာပေါ်၌ လူဟူသော ဝေါဟာရနှင့် ထိုက်တန်သည့် အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်နိုင်ကြပါလိမ့်မည်ဟု ဆန္ဒပြုလျက် . . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။

Photo from Google Images,
Author -@gunapeya
MSC-181

Sort:  

မှတ်သားနာယူသွားပါတယ်ဘုရား

thank for read

မှန်ပါဘုရား ယနေ့ခေတ်လူငယ်များ ဟီရိသြတ္တပ တရားများ ပျောက်ကွယ်လုဖြစ်နေတာလေး ရေးပေးပါအုန်းဘုရား။ တပည့်တော်က တရားသဘောများ ရေးသားရင် အမှားပါမည်စိုးလို့ပါဘုရား။အရှင်ဘုရားကရေးသားပေးပါဘုရား။

ဟုတ်ကဲ့ပါ ဟီရိ သြတ္တပ အကြောင်း မျှော်နေပါဗျာ

မှတ်​သားနာယူပါ့မယ်​ဘုရား
အရမ်းလည်း​ကောင်းမွန်​ပါတယ်​ ဘုရား
လူနဲ့တူ​အောင်​ ​နေထိုင်​ပါ့မယ်​ဘုရား

လူတစ်ယောက်ရဲ့ လိုအပ်ချက်လေးတွေပေါ့ ဒါတွေပြည့်စုံရင် နောင်သံသရာ ကြောက်စရာမလိုတော့ဘူးလေ

လိုက်နာမှတ်သားသင့်ပါတယ်..

ဖတ်မှုမှတ်သားပေးတဲ့အတွက် ကျေးဇူးပါဗျာ

လိုက်နာစရာပါ

မိမိအကျိုး သူတစ်ပါးအကျိုး သယ်ပိုးနိုင်သူတစ်ဦးဖြစ်ပါစေ

မှတ်​သားလိုက်​နာနိုင်​​အောင်​ကြိုးစားပါ့မယ်​ဘုရား

ကြိုးစားရင် မဖြစ်နိုင်တာ မရှိပါဘူးဗျာ

မှတ်သားနာယူပါ့မယ် ဘုရား…

ကြိုးစားပါ့မယ် ဘုရား

ဗဟုသုတတိုးစေပါတယ် ဘုရား

စာရေးဆရာမဟုတ်တော့လည်း စာတစ်ပုဒ်ဖြစ်ဖို့ က ခေါင်းအတော်ပူတယ်နော် မစု

တင်ပါ့ ဘုရား

မြေနိမ့်​ရာလှံစိုက်​​နေကြပါလား

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.100
BTC 62238.59
ETH 1773.16
USDT 1.00
SBD 0.38