လူငယ်+စာပေ+အချိန်

in #myanmar7 years ago (edited)

" အစကောင်းမှ အနှောင်းသေချာ "ဆိုသည့်စကားအတိုင်းပြောရမည်ဆိုရင်တော့ အနာဂတ်ကို ဦးဆောင်မဲ့ ကလေးငယ် လူငယ်တွေအတွက်စကားလက်ဆောင်အနေနဲ့ အကြံပြု လမ်းညွှန်ပြလိုစိတ်ဖြင့် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ဘာကြောင့်ဆိုတော့ မိမိသွားလာ နေထိုင်ရင်းတွေ့မြင်မိသမျှတော့ ယနေ့ ခေတ် သားငယ် သမီးငယ်လူငယ်တော်တော်များများမှာ စာပေဗဟုသုတတွေဖန်တီးနိုင်မှုစွမ်းအားတွေ အတွေးအခေါ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေ အနည်းငယ် လျော့ပါးလာကြ အားနည်းလာကြသည်ကို သတိထားမိပါသည် ။ဒါကြောင့် အတွေးဝင်မိတယ်ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်လား ဒါမှမဟုတ် ပင်ကိုယ်အသိတွေကိုက ဘောင်ခတ်ခံထားကြရတာလား သို့ လော သို့ လော ဖြစ်မိပါတယ် လူငယ်တိုင်းတော့ မဟုတ်ပါဘူး။ IMT ( မိုးရှင်း )တို့ လိုလူငယ်စာရေးဆရာဆိုရင် မိမိကိုယ်တိုင်နှစ်သက် အားကျမိပါသည်။ လူငယ်တိုင်းကိုလည်း ထူးချွန်စေချင် ထက်မြက်စေချင်ပါသည် ။နိုင်ငံရဲ့အနာဂတ်ကို ကောင်းစွာ ခြယ်မှုန်းနိုင်တဲ့ သားကောင်းရတနာလေးများဖြစ်စေချင်ပါသည်တစ်ခုခြင်း လေ့လာကြည့် သုံးသပ်ကြည့်တော့ ကလေးငယ်တစ်ချို့ရဲ့ စွမ်းအားတွေဟာ မိုဘိုင်းဂိမ်းတွေထဲမှာ နစ်မြုပ်ကုန်တယ်။ ဒါကလေးတွေကို ဖုန်းအသုံးပြုခွင့်ပေးထားသောမိဘတွေရဲ့ အပြစ်ပါ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ကလေးတွေကို ဖုန်းအသုံးပြုခွင့်မပေးကြပါဘူးလူငယ်တွေရဲ့ ဖန်တီးနိုင်မှုတွေ အချိန်တွေကတော့လ္ဘက်ရည်သောက်ရင်း ဘောပွဲကြည့်ရင်း အပျော်အပါးနောက်လိုက်ရင်းနဲ့ ပျောက်ဆုံးသွားကြတယ် အရမ်းနှမြောဖို့ ကောင်းပါသည် ။တချို့ လူကြီးတွေ မလုပ်နိုင်တဲ့ ကိစ္စတွေမှာလူငယ်တွေရဲ့ လက်ရုံးရည် နှလုံးရည်ကို လိုအပ်ပါတယ် လူငယ်တွေကိုယ်တိုင် အရည်အချင်း မရှိကြရင်တော့ နောင်အနာဂတ်ဆိုတာလည်း မရှိနိုင်ပါဘူး။
မျက်မှောက်ခေတ်မှာ ရုပ်ဝတ္ထုပစ္စည်းတွေ အများကြီးတိုးတတ်လာသလို ခေတ်ရေစီးကြောင်းအရှိန်အဟုန်ကလည်း မြင့်မားလာပါတယ် သို့ ပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ အားနည်းလာကြတယ်။ ပျင်းရိလိုစိတ်တွေ များလာတယ် ရေသာခိုအချောင်လိုက်လိုတဲ့ သူတွေလည်း များပြားလာကြပါတယ် ။အဆိုးဆုံးကတော့ စာပေ ဗဟုသုတတွေနဲ့အလှမ်းဝေးလာကြပါတယ် Mobile NetworkGame တွေ Electronic Device တွေပေါများလာပေမဲ့ တချို့နိုင်ငံတွေဟာ စာကြည့်တိုက်တွေမှာ စာပေတွေ ဖတ်က ချစ်မြတ်နိုးကြလေ့လာဖတ်ရှုနေကြတုန်းပါ ။မိမိတို့ မှာတော့ စာကြည့်တိုက်တွေ လူမရောက် စာအုပ်ဆိုင်တွေပျောက်ဆုံးပြီး နှလုံးသားရဲ့အာဟာရလို့ ခေါ်တဲ့ စာပေတွေ မဖတ်ရှုမလေ့လာကြတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာကြပါတယ် အထိန်းအကွပ်တွေ မဲ့လာကြတယ် အမှားနဲ့အမှန် မကွဲမပြားဖြစ်လာကြတယ် တလောက ကြားမိလိုက်ပါသည်။ COC WAR တိုက်ရင်း ရှုံးလို့ ညီအစ်ကိုချင်း ဓားနဲ့ထိုး လူသတ်မှုဖြစ်သွားရလောက်တဲ့အထိ ကြမ်းတမ်းခက်ထန်လာကြတယ် တကယ်ကိုရင်နာဖို့ ကောင်းပါတယ်ယနေ့ ခေတ် လူငယ်တွေကို အကြံပြုချင်တာက မျက်စိတစ်ဆုံးလောက်ပဲ ကြည့်ပြီးရင်ကော့မနေပါနဲ့မျက်တောင် တစ်ဆုံးလောက်ကိုမြင်နိုင်အောင်ကြိုးစားပြီး လက်မထောင်နိုင်တဲ့သူတွေ ဖြစ်အောင်ကြိုးစားကြပါ။အနောက် ဥရောပ နိုင်ငံတွေမှာ ရထားစီး ကားစီးရင်းဖတ်ရှုဖို့  စာအုပ်ကိုတော့ မပါမဖြစ် ယူသွားလေ့ရှိကြပါတယ် စာကြည့်တိုက်တွေလည်းလိုအပ်တာထက်ထက် ပိုအောင် ထားရှိပေးထားကြတယ် Social Network အသုံးပြုတာချင်းတူတာတောင် သူတို့ ဟာ အသိပညာ ဗဟုသုတ ဖန်တီးမှုအသစ်တွေအတွက် ကြားခံပစ္စည်းတစ်ခု အနေနဲ့အသုံးပြုကြတာပါ။မိမိတို့ နိုင်ငံက လူငယ်တွေမှာတော့ ဘဝတစ်ခုလိုအပန်းဖြေပစ္စည်းတစ်ခုလို အသုံးပြုနေကြတော့ အကျိုးရလဒ်ချင်း ကွာခြားသွားပါသည် ။သူများတွေမှာအရာရာတီထွင်ဆန်းသစ်နိုင်သလို မိမိတို့ မှာလည်းအချိန်ကုန် ငွေကုန် လူပန်းဖြစ်ပြီး အရာရာ ဆုံးရှုံးသွားပါတယ်။
FB_IMG_1515062174307.jpg
လူငယ်လေးတွေ အချိန်ကို ဘယ်လိုအသုံးချကြသလဲ သူငယ်ချင်းများနဲ့ လ္ဘက်ရည်ဆိုင်ထိုင်တာ facebook သုံးတာကိုအချိန်ဖြုန်းတယ်လို့  ထင်မိကြလိမ့်မယ် ။မှန်ကောင်းမှန်ပါလိမ့်မယ် ဒါပေမဲ့ အလုပ်အကြောင်းစီးပွားရေးအကြောင်းဆွေးနွေးတာမျိုးလည်းဖြစ်နိုင်ပါတယ် Social network မှ ဗဟုသုတ ရှာမှီးမယ်အကျိုးရှိတဲ့စာပေတွေ ဖတ်ရှုလေ့လာရင်းနဲ့သာအချိန်ကို အသုံးချသင့်ပါတယ် ဒီလိုဆိုရင်တော့ အချိန်ဖြုန်းတယ်လို့  မဆိုနိုင်ပါဘူး အချိန်ဖြုန်းတယ်ဆိုတာ ဘာလဲ စာရေးဆရာကြီးဗန်းမော်သိန်းဖေ ပြောဖူးတာရှိတယ် " မိမိရည်မှန်းချက် ပန်းတိုင်ရောက်ဖို့  အလုပ်ကလွဲပြီးကျန်တဲ့အရာတွေ လုပ်ကိုင်နေတာဟာ အချိန်ဖြုန်းနေတာပါ "တဲ့ လူငယ်လေးတွေ တွေးကြည့်ပါ မိမိပန်းတိုင် ရည်မှန်းချက်ကဘာလဲ။
FB_IMG_1515062301389.jpg
မိမိ ဘာအတွက်နဲ့ အချိန်တွေ ကုန်နေကြတာလဲဆင်းရဲသားလည်း ၂၄ နာရီပဲ ပိုင်ပါတယ် ချမ်းသာတဲ့သူဌေးကြီးတွေ အောင်မြင်ကျော်ကြားတဲ့ဂျီးနီးယပ်စ်တွေ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ၂၄နာရီပဲပိုင်ကြတာပါ။ မိမိတို့ လည်း ထို့ အတူ ၂၄ နာရီပါပဲ ။ဒါပေမဲ့ ဘဝတွေ ဘာလို့  ကွာခြားနေကြတာလဲ ။အဖြေက ရှင်းရှင်းလေးပါ အချိန်ကိုအသုံးချပုံချနည်းခြင်း မတူကြလို့ ပေါ့ အချုပ်အနေနဲ့ လူငယ်ဆိုတာ အတွေးအခေါ်တွေ လတ်ဆတ်နေရမယ် စိတ်ဓာတ်တွေပြင်းပြနေရမယ်။ အနာဂတ်ကို ဦးဆောင်နိုင်မဲ့ အရည်အချင်းတွေပြည့်ဝနေရမယ်။ တစ်နေ့ တာ ကုန်ဆုံးသွားတိုင်း ၂၄ နာရီထဲမှာ မိမိအတွက် အကျိုးရှိမဲ့အရာ ဘာတွေ လုပ်ခဲ့သလဲဆိုတာ အိပ်ခါဝင်ခါနီး စဉ်းစားကြဖို့ သင့်တယ် ဘာမှ မရရှိဘူး မယူနိုင်ခဲ့ဘူးဆိုရင်တော့မိမိအတွက် အကြီးမားသောဆုံးရှုံးမှု ကြီးတစ်ခုဖြစ်သွားပါလိမ့်မည်ဟု တင်ပြရင်း အနာဂတ်ကို ဦးဆောင်နိုင်သော လူငယ်များအဖြစ် ရှင်သန်နိုင်ကြပါစေဟု ဆန္ဒပြုလျက် . . . . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည်စုံကြပါစေ။

Photos from google images
Author - @venguna
MSC -181

Sort:  

တပည့်တော်တို့ငယ်စဉ်ကဆို စာအုပ်ဆိုင်ပေါင်းများစွာရှိသလို
လူတိုင်းနီးပါးလည်း စာဖတ်ကြပါတယ်။ မှတ်မိသလောက် တပည့်တေယ် တက္ကသိုလ်တက်နေစဉ်ကာလတွေ (၂၀၁၀ ပတ်ဝန်းကျင်လောက်) အထိ စာဖတ်တဲ့ အလေ့အထကရှိနေဆဲပါ။ လေ့လာမိသလောက်တော့ Handphone တွေမှာ အင်တာနက်သုံးလို့ရတဲ့အချိန်ကစပြီး မြန်မာနိုင်ငံမှာ fb ကဲ့သို့သော် social media ပေါ်မှာ အချိန်ကုန်ဆုံးတဲ့သူတွေများလာတယ်။ အရင်ခေတ်က လက်ဖက်ရည်ဆိုင်ထိုင်ရင် သူငယ်ချင်းတွေ ရောက်တက်ရာရာ ပြောဖြစ်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ လက်ဖက်ရည်ဆိုင်ထိုင်လည်း ဖုန်းလေးတပွတ်ပွတ်နဲ့။ စာဖတ်တဲ့ အလေ့အကျင့်ကို ပြန်လည်ပျိုးထောင်သင့်နေပါပြီ ဘုရား။

ဦးဇင်းတို့ ရွာ စာကြည့်တိုက်တွေဆို ဖုန်ပါတတ် စာအုပ်တွေခြစားကုန်ပြီ
ဘယ်သူကမှ လာရကောင်းမှန်းမသိကြတော့ဘူး

အချိန်​ကိုအကျိုးရှိစွာအသုံးချနိုင်​ကြပါ​စေဗျာ

ဟုတ်တယ် အရင်လို ဂိမ်းတောင်မဆော့တော့ဘူး

အနာဂါတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမဲ့လူငယ်တွေအတွက် အချိန်ကို တန်ဖိုးထားသင့်ပါတယ် စာအရေးအသား အရမ်းကောင်းပါတယ် ဦးဇင်း စာပိုဒ်လေးတွေ ဖြတ်ပေးရင် ဖတ်ရတာ ပိုအဆင်ပြေပါတယ်

နောက်ဆို သတိထားမယ် မစုရေ

တနေ့တာ ရရှိလာတဲ့အချိန်ကို အကျိုးရှိစွာအသုံးချသင့်ပါတယ်။

အချိန်တွေ ကုန်တာမြန်တယ်
ဘာမှ မယူတတ်ကြမှာစိုးလို့  ကိုထက်ရေ

တကယ်ကိုသတိပြုစရာပါ ဘုရား

ဟုတ်တယ် စာပေမဖတ်ကြတော့ အရာရာမှာ အားနည်းကုန်တယ်

အသိပညာများရရှိပါတယ်​ဘုရား

ယူတတ်သူ ရပါတယ် ကိုဇော်မျိုးရေ

တန်ဖိုးရှိသောစာများစွာရေးနိုင်ပါစေ၊ အတွေ့အကြုံသည်အကောင်းဆုံးဆရာပါ။

ဟုတ်ကဲ့ဆရာ ရေးချင်တာကတော့ စိတ် စေတသိတ် ရုပ် နာမ် ပရမတ္ထ အကြောင်းတွေရေးချင်တာ ဒါပေမဲ့ ရှင်းလင်းအောင် မရေးပြတတ်သေးတော့ အကျိုးပြုစာပေနဲ့ စပြီးလေ့ကျင့်နေတာ ကိုယ်ပြောချင်တာကို ချက်ကျ လက်ကျပြောနိုင် ရေးနိုင်တဲ့အခါများမှ ရေးပြပါ့မယ်

တန်ဖိုးရှိလှပါတယ်ဘုရား

ကျေးဇူးပါ

လူငယ်တွေအတွက်အကျိုးရှိစေသောစာလေးပါဘုန်းဘုန်းဘုရား

ကြိုးစားပါ့မယ် နောက်လည်းရေးနိုင်အောင်

မှန်ပါ့ဘုရား…စိတ်လွင့်ပီးအချိန်ရဲ့တန်ဖိုးအလေးမထားသောကလေးငယ်များအရမ်းအားဖြစ်စေပါတယ်ဘုရား…

ဟုတ်တယ် ညဘက်ဆို လမ်းပေါ်မှာလေလွင့်နေကြတာတွေ့လို့ 

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62468.23
ETH 2442.12
USDT 1.00
SBD 2.61