ကလေးဆိုး ( ၂ )

in #myanmar6 years ago

image

" ချမ်းမြေ့ရေ ချမ်းမြေ့ " ဟူသော အော်ခေါ်သံနှင့်အတူ အလိုမကျသော ကျိန်ဆဲသံများက နောက်ကကပ်ပါလာလေသည် ။ မိခင်ထိုသို့ ဆဲဆိုလေ ချမ်းမြေ့ဟူသော ကလေးငယ်၏ စိတ်၌ ပိုပြီးအရွဲ့တိုက်လိုစိတ်များဖြစ်လာတော့သည် ။ ထိုကြောင့် ကြားသော်လည်း ပြန်မထူးပေ ။ အပေါင်းအသင်းသူငယ်ချင်းများရှိရာ ဂိမ်းဆိုင် လက်ဖက်ရည်ဆိုင်သို့ သာ ထွက်သွားလေသည် ။ နာမည်က အေးချမ်းစေလိုသော အတိတ်နိမိတ်ဆောင်ပြီး ချမ်းမြေ့ ဟုပေးထားသော်လည်း မိသားစုအတွင်း ဘယ်တုန်းကမှ ချမ်းမြေ့သာယာခြင်းမရှိခဲ့ပေ ။ အခြေခံလူတန်းစားတို့ အဖို့  အလုပ်အဆင်မပြေတိုင်း စားဖို့ သောက်ဖို့ အခက်အခဲကြုံရတိုင်း စိတ်ထွက်ပေါက်အဖြစ် သားသမီးအပေါ် ဒေါသများပုံအောတတ်ကြသည် ။ သားသမီးများကလည်း အရွဲ့တိုက် ပြန်မပြော နားမထောင် ဖြစ်သလိုနေ ဖြစ်သလိုစားဘဝများသို့ ရောက်ရတော့သည် ။ ယခုလည်း ဆဲဆိုသံများကြောင့် အပေါင်းအသင်းများနှင့်သာ စိတ်ပြေလက်ပျောက်သွားနေသည် ။ ထိုသို့ နေပါများတော့ အိမ်ပေါ်ကပါ မောင်းချသည် ။ သူကလည်း ခေသူမဟုတ် ပြုံးရွှင်စွာပင် အိမ်ပေါ်ကဆင်းသည် ။ ကျောင်းပြေးသည် ။ ၅၀၀- ၁၀၀၀ ရဖို့ အတွက် သူငယ်ချင်းများနှင့် ကြုံရာကျပန်းလုပ်သည် ။ ဟိုအိမ်လိုက်အိပ် ဒီအိမ်လိုက်အိပ်နှင့် သူငယ်ချင်းများထံ အလှည့်ကျလိုက်အိပ်သည် ။ ဤသည်ကိုပင် ပျော်စရာဘဝဟု ထင်မှတ်နေတော့သည် ။

image

စားဖို့ အတွက်က အလုပ်တစ်ရက် လုပ်ရင် ငါးရာ တစ်ထောင် ကပြေးမလွတ် ။ အိပ်ဖို့ အတွက်လည်း အိမ်ဟုသမုတ်ထားသော သူငယ်ချင်းများ၏ ဇရပ်သာသာ ကွပ်ပျစ်မှာ အတူရောအိပ်ရုံနှင့် ရနေသည်မို့  သူ့ အဖြစ်က ပျော်ဖို့ ပင်ကောင်းသည်ဟု ထင်မှတ်နေတော့သည် ။ ထို့ ကြောင့် ကလန်ကဆန်လုပ်ပြီး အိမ်ပေါ်က မောင်းချအောင် အမြဲလုပ်နေခြင်းသာဖြစ်သည် ။ စိတ်ကူးပေါက်တဲ့အချိန် ကျောင်းသွားသည် ။ ကျောင်းပျက်ရက်များ၍ အိမ်သို့ တိုင်စာပို့ သည့်နေ့  သူအိမ်ပေါ်သို့ ပြန်ရောက်သည့်နေ့ ပင် ဖြစ်သည် ။ ဒီအတိုင်းလားဆိုတော့ မဟုတ်ပါချေ ။ အဖေနှင့်အမေ၏ လက်သံပြောင်ပြောင်များပါ သူ့ အတွက်အဆစ်ပါလာသည် ။ တစ်ခါတစ်လေ မိခင်ဖြစ်သူက ဆုံးမသည် ။ " နင် မိဘမေတ္တာကို တစ်စက်ကလေးမှ နားမလည်ဘူး ကောင်းစေချင်လို့ ဆုံးမတာကို နည်းနည်းလေးမှ မနာခံဘူး " ဟုပြောသည့်အခါ ချမ်းမြေ့ဆိုသည့် ကလေးက မခံသာအောင် စောဒကတတ်ပြန်သည် ။ " မိဘမေတ္တာဆိုတာ အရက်မူးနေတဲ့ နာဠာဂီရိဆင်ရှေ့မှာ ကလေးကိုပစ်ချပြီး ကိုဟ်လွတ်ရုန်းပြေးတဲ့ မေတ္တာကို ပြောတာလား " ဆိုပြီး ခနဲ့တတ်သည် ။ ထိုအခါ ကျောပြင်တစ်လျှောက် အရှိုးရာများသာ ပို၍တိုးလာသည် ။

image

မိဘကလည်း ဆုံးမသော နည်းစနစ်မမှန်သလို သာသမီးဘက်ကလည်း တစ်ခွန်းတစ်လေတောင် လိုက်နာခြင်းမရှိ ။ ထင်ရာစိုင်းနေသည် ။ နေ့ စဉ်နေ့ တိုင်း ရိုက်နှက်သံ ဆဲဆိုသံများက ပတ်ဝန်းကျင်အဖို့  နေသားပင်ကျနေတော့သည် ။ တစ်နေ့ တော့ တစ်ဖက်ရွာမှ လင်မယားနှစ်ယောက်က ချမ်းမြေ့ဆိုသော ကလေးကို မွေးစားဖို့ လာရောက်တောင်းလေသည် ။ ချမ်းမြေ့ အောက်တွင်လည်း အငယ်နှစ်ယောက်ရှိသေးသည်မို့  ပြောမရဆိုမရ ဆန်ကုန်မြေလေးအတွက် တစ်ယောက်စာ သက်သာလည်းနည်းလားဟူသောအတွေးနှင့် မွေးစားဖို့ ပေးလေသည် ။ ချမ်းမြေ့ကလည်း ဒီအိမ် ဒီမိသားစုနှင့် ဝေးလေကောင်းလေ ။ ဘယ်အိမ်ဖြစ်ဖြစ် လိုက်နေမည်ဟု ခံယူထားသူမို့  အသာတကြည်ပင် လိုက်သွားတော့သည် ။ သို့ ပေမဲ့ မိဘရင်းများကတော့ ကျောင်းထားပေးဖို့  အစစအရာရာဂရုစိုက်ဖို့  အရမ်းဆိုးသွမ်းသောကြောင့် " မသေရင်တော်ပါပြီ ကျိုးသာကျိုး ပဲ့သာပဲ့ ရိုက်နှက်ဆုံးမပါ " ဟူ၍ မေတ္တာစကားများပင် အမှာတော်ပါးလိုက်သေးသည် ။ ထိုနေ့ ကစ၍ ချမ်းမြေ့ဟူသော ကလေးဆိုး၏ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ရတော့သည် ။

ဆက်ရန်. . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုဟ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

ချမ်းမြေ့အကြောင်းလေး ရေးထားတာ လောကထဲမှာ ရှိတတ်တဲ့ မိသားစုလေး၏ဘဝသရုပ်ကို ပုံဖော်ပေးထားတာလို့ မြင်မိပါတယ်။ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်တစား စောင့်မျှော်နေပါမယ်အရှင်ဘုရား။

အားပေးဖတ်ရှုပေးတာ ကျေးဇူးပါကွယ်

ချမ်းမြေ့ ကလေး နာမည်နှင့်လိုက်အောင် ချမ်းမြေ့တော့လေမလား

သိဘူး အဲ့ဒါတော့ တွေးကြည့်လိုက်ဦးမယ် ပြီးမှ ပေါ့

‌စောင်‌‌မျှော်‌ ‌နေပါမယ်‌ဘုရား။

အားပေးတာ ကျေးဇူးပါကွယ်

တပည်​​တော်​ရဲ့ ဘကြီးဘုန်းကြီးက​တော့ ​စာသင်​​ကျောင်းအပ်​တာ
ကျောင်းအုပ်​ကို ကျုပ်​တူစာမရလိုရိုက်​လို့​သေသွားရင်​ ​ခြေ​ထောက်​ရိုးနဲ့​ခေါင်းရိုးဘဲလာပို့တဲ့ ဟားးးး​ကြောက်​စရကြီး

ဟုတ်ပါ့ ရိုက်နှက်တိုင်းသာ စာရကြေးဆို နွားတွေ ဘွဲ့ရမှာပေါ့လို့  သူများတွေစောဒကတတ်နေကြမှာပေါ့ ဦးယုရယ်

စောင့်ဖတ်ရပြန်ပါပြီလေ😁

မရဘူး အခန်းဆက်နဲ့ပဲ သွားမယ်

နာမည်နဲ့ဘဝက ပြောင်းပြန်ဆိုတော့ ချမ်းမြေ့ပါစေ ပဲဆုပေးရမလိုပါပဲဘုရား

ဟုတ်တယ် ဦးစိုး ဒါပေမဲ့ နာမည်က ပညတ်သက်သက်မို့ လို အဲ့လိုတော့ မဖ်ြနိုင်ဘူး

တကယ် ချမ်းမြေ့ စေချင်ပါတယ်။

ချမ်းမြေ့ရပါတော့မယ် နောက်အပိုင်းများမှာပေါ့

သားသမီးများ၏ ဘဝသည် မိဘ၏ဆုံးမသွန်သင်နည်းစနစ်ကျမှုနှင့် တိုက်ရိုက်အချိုးကျပါသည်

ဟုတ်တယ် ဘိတ်သားရေ မိဘတွေကလည်း လိုအပ်တယ်

ချမ်းမြေ့ဘဝပြောင်းလဲပုံကိုဆက်ဖတ်ရန်မျှော်နေပါမည်ဘုရား

ဟုတ်ကဲ့ပါ ဆက်ရေးကြည့်ပါဦးမယ်

ချမ်း​မြေ့​လေးတစ်​​ရောက်​ ဘာဆက်​ဖြစ်​မှာပါလိမ့်

မသိဘူးလေ နောက်တစ်ပိုင်းဖတ်ကြည့်ပေါ့

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 67851.31
ETH 3815.63
USDT 1.00
SBD 3.77