ရွှေမြန်မာတို့ ၏အားနည်းချက်
မိမိ ပထမဦးစွာဝန်ခံရမည်ဆိုလျှင် ဤဆောင်းပါးကို ရေးသားရခြင်းမှာ ပြုပြင်ပြောင်းလဲစေလို၍ အပြုသဘောဖြင့်သာ ရေးသားခြင်းဖြစ်ပါသည်။ မြန်မာလူမျိုးတစ်ယောက်အနေဖြင့်
မိမိလူမျိုး၏အားနည်းချက်ကို မဝေဖန်လိုသော်လည်း အရိုးမစွဲခင်
ပြုပြင်စေချင် ပြောင်းလဲစေချင်၍ ရေးသားရခြင်းဖြစ်ပါသည။် သို့ သော် အများစုကိုရည်ညွှန်းပါသည။် တချို့သော သီလ သမာဓိနှင့်
ပြည့်စုံပြီး ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားသော သူတော်ကောင်းများအား ရည်ညွှန်းခြင်းမဟုတ်ကြောင်း
ကြိုတင်တောင်းပန်အပ်ပါသည်။
မိမိနေထိုင်ရာ မြန်မာနိုင်ငံသည်ကား အာရှတိုက်၏ ထေရဝါဒစစ်စစ် ဗုဒ္ဓဘာသာဝင်များနေထိုင်ရာ မြင့်မြတ်သော နိုင်ငံတစ်ခု ဖြစ်ပါသည။် ခေတ်အဆက်ဆက်ကို လှမ်းမျှော်ကြည့်ပါကလည်း ဒုဌဂါမဏိမင်း အနော်ရထာမင်း
စသော သာသနာပြု မင်းကောင်းမင်းမြတ်များ ထွန်းကားရာ နိုင်ငံတစ်ခုလည်းဖြစ်ပါသည်။ ကျောသားရင်သားမခွဲခြားဘဲ မိမိသွေးသားရင်းသဖွယ် ကာကွယ်စောင့်ရှောက်ပေးမှုကြောင့် တိုင်းသူပြည်သား အပေါင်းတို့ မှာ့လည်း စီးပွားရေး လှုမှုရေး စသည့်တို့ ပြည့်စုံ၍ ဆန်ရေစပါးပေါများကာ ချမ်းသာကြွယ်ဝသောနိုင်ငံတစ်ခုဖြစ်သည်။ သမိုင်းဝင် စေတီပုထိုးများ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ စသည့် ယဉ်ကျေးမှုထွန်းကားသလို သုံး၍မကုန်သော သဘာဝသယံဇာတများနှင့် သဘာဝအလှတရားများပြည့်နှက်နေသော နိုင်ငံတစ်ခုဖြစ်သည်။
ရှေးမြန်မာလူမျိုးတို့ ကား လောဘ ဒေါသ မောဟ စသည်တို့ မှာ
မရှိသလောက်ကို ကင်းကြပြီး အင်္ဂလိပ်လူမျိုးစာရေးဆရာတစ်ဦးဆိုလျှင် ကမ္ဘာပေါ်တွင် သူခိုး
မရှိသောနိုင်ငံ ဟူ၍ မိမိကိုယ်တွေ့ဖြစ်ကြောင်း အကျယ့်တဝင့် ရေးသားချီးကျူးခဲ့သည့် အထိ ဂုဏ်တတ်ခဲ့သည်မှာ မိမိမွေးဖွားရာ မြန်မာနိုင်ငံဖြစ်ပါသည်။ယနေ့ ခေတ်၌မူကား အစစအရာရာ ခြားနားလွန်းသည်ဟု ထင်မိသည။် တချိန်က" ဘားမား " ဟုဆိုလိုက်သည်နှင့် ဦးညွတ်ကာ အရိုအသေပြုခြင်းခံရသလောက် ယခုခေတ်တွင် ပညာရေး လူမှုရေး စီးပွားရေး စသည့်တို့ မှာနိမ့်ကျသည်ထက် ပို၍နိမ့်ကျ
လာသည် တိုင်းတစ်ပါးတို့ ယှဉ်ပြိုင်ခြင်းငှာ မစွမ်းသာသည့်
မြန်မာ့ယဉ်ကျေးမှုဆိုသည်မှာလည်း ကိုရီးယားနှင့် ရောယှက်၍ "ယိုသူမရှက်မြင်သူရှက် "နေရသည့် အတိုအပြတ်ယဉ်ကျေးမှုအဖြစ်ပြောင်းလဲလို့  နေပါပြီ။
မိမိတို့  မည်သူကို အပြစ်တင်သင့်သနည်း တခြားလိုက်ရှာဖို့ မလိုပါ " ဘယ်သူမပြု မိမိမှု " ဆိုသည့်အတိုင်း မိမိကိုယ်ကိုသာ
အပြစ်တင်သင့်သည။် ငါအတွက် ငါ့မိသားစုအတွက် စတဲ့ အတ္တစိတ်တွေ လွန်ကဲလာသည်နှင့်အမျှ လောဘ ဒေါသ မောဟ တို့ က နောက်ပါးက ကပ်လိုက်လာကြသည။် ထိုအခါ တရားသည် မတရားသည် မစဉ်းစားတော့ မိမိလုပ်သည်သာအမှန်ဟု ယူဆ၍ နားလည်မှု ကိုယ်ချင်းစာမှု
တရားတွေ ကွယ်ပျောက်ခဲ့ရသည။် မိမိလို လူမျိုးအများစုဖြစ်လာတဲ့အခါ သူ့ ထက် ကိုယ့်ထက် သာဖို့ 
ကျော်ဖို့  ခွဖို့ သာ အပြိုင်အဆိုင် ကြိုးစားလာကြသည်။ သမ္မာအာဇီဝ ကျကျနှင့်လုပ်ကိုင်စားသောက်ပါက လူမွေး သူမွေး
မပြောင်နိုင်ဘူးဆိုသော အတွေးမှားတစ်ချို့ကို လက်ခံလာကြသည်။ ထိုသူတို့ ကား ကြီးပွားအောင်မြင်ကြပါသည်
သို့ သော် ကောက်ရိုးမီး ပမာ ကံကြမ္မာရဟတ် တစ်ပတ်ပြန်လည်လာချိန်မှာတော့ ဒုံရင်းက ဒုံရင်းသာဖြစ်နေကြတော့သည်။ နောက်ထပ်အားနည်းချက် တစ်ခုက နိုင်ငံသားအများစုတွင် ရေသာခို အချောင်လိုက်လိုကြသူများပေါများခြင်းဖြစ်သည် ။
ကြီးပွားဖို့ အလွယ်နည်းသာ လိုက်ကြသည် မိမိကိုယ်တိုင် ကြိုးစားလိုစိတ် တီထွင်ကြံဆ လိုစိတ်များမရှိကြတော့ချေ။ လွယ်လွယ် ရမည်ဆိုလျင"် ဘနဖူး သိုက်တူးဖို့ ရန် ဝန်မလေး "
ကြသူများဖြစ်လာကြသည် ။ မိမိသည် ခေတ်ဆိုး စနစ်ဆိုးများကို မထောက်ပြလို မဝေဖန်ပြလိုပါ ထိုကြားထဲမှ ရုန်းမထွက်လိုကြပဲ
မိမိနေသာသလို နေရင်း အများစုကိုပါ ဆွဲယူသိမ်းသွင်းနေသော
ရွှေမြန်မာအများစုတို့ ၏ စိတ်ဓာတ်ဆိုးများကိုသာ ဝေဖန် ထောက်ပြလိုပါသည် ။" နှမ်းတစ်လုံးနှင့် ဆီမဖြစ် "သော်လည်း
နှမ်းအများစုသာဆို ဆီဖြစ်ရုံသာမက ရှေးယခင်ကလို "ဆီကိုရေချိုး ဆေးရိုးမီးလှုံ"နိုင်သည့်အထိ ဖြစ်လာနိုင်သည်ဟု
ယုံကြည်မိ၍ အပြုသဘောဆောင် ဝေဖန်ခြင်းဖြစ်ပါသည် ။
ဘာကြောင့် မိမိနိုင်ငံသားတို့  ဆင်းရဲနေကြသနည်း ဒုက္ခရောက်နေကြသနည်း အဓိက ကတော့ စိတ်ဓာတ်ဆင်းရဲမှုကြောင့်ပါ
" ဆင်းရဲသားတစ်ဦးက ဗုဒ္ဓကို မေးဖူးသည်
သူဘာကြောင့် ဆင်းရဲဒုက္ခရောက်နေပါသလဲ
ဆိုတော့ ဗုဒ္ဓက ပေးကမ်းခြင်းအလေ့အထ မရှိခဲ့လိုပါတဲ့
ဆင်းရဲသားက မိမိဆင်းရဲနေသည့်အတွက် ပေးကမ်းစရာ မရှိပါ
ဆိုတော့ ဗုဒ္ဓက မင်းမှာပေးစရာတွေ ရှိပါတယ်
မျက်နှာက အပြုံးတွေကိုပေးလို့ ရတယ်
ပါးစပ်က ချီးမွမ်းစကားတွေပေးလို့ ရတယ်
မျက်စိက သူတစ်ပါးကို အကောင်းမြင်ပေးနိုင်တယ်
ကိုယ်ဖြင့် လိုအပ်တဲ့အကူအညီတွေ ပေးနိုင်တယ်
တကယ်တော့ မင်းမဆင်းရဲပါဘူး မင်းရဲ့စိတ်ဓာတ်တွေ ဆင်းရဲနေလို့ သာ ဆင်းရဲခြင်းထဲက ရုန်းမထွက်နိုင်တာပါ" မိမိတို့ နိုင်ငံသားတွေ မှာတော့ အပြုံးတွေပျောက်ပြီး ခက်ထန်ခြင်းတွေနဲ့
ချီးမွမ်းစကားထက် အပြစ်တင်တဲ့စကားတွေပဲ ပြောနေဆိုနေကြပြီး
အဆိုးမြင်တတ်တဲ့ အဆိုးမြင်ဝါဒီသမားတွေကလည်း ဒုနဲ့ဒေးပါ
တစ်ဦးချင်းစီ တစ်ယောက်ချင်းဆီသာ ပြုပြင်ပြောင်းလဲကြမယ်ဆိုလျင် မျှော်လင့်ထားတဲ့ အိပ်မက်ထဲက နိုင်ငံတစ်ခုဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါဘူး။
ရွှေမြန်မာတို့ သည်ကား အလွန်နှလုံးသားလှပါသည် ။ မိမိရှေ့မှာ ဒုက္ခရောက်နေတာ တွေရင်မြင်ရင် တော့ မနေနိုင် မထိုင်နိုင်
ကူညီလိုက်ရမှ စားဝင်အိပ်ပျော်သည့် ဂရုဏာတရားနဲ့ ပြည့်ဝတဲ့လူမျိုးတွေပါ ဒါကြောင့် ကမ္ဘာအနှံက ခရီးသွားဧည့်သည်တွေ အပူပင်သောကကင်းကင်းနဲ့ လာရောက်လည်ပတ်နေကြခြင်းဖြစ်ပါသည် ။ဘာကြောင့်လည်း အခက်အခဲရှိရင် မြန်မာတွေကကိုယ်ရောစိတ်ပါ ကူညီတတ်ကြမှန်းသိလို့ ပါ ။ယခုပြောပြပါတော့မည် ရွှေမြန်မာတို့ ရဲ့ အဆိုးဝါးဆုံး အားနည်ချက်တစ်ခုက ဂရုဏာသာရှိပြီး မုဒိတာ မပွားနိုင်ကြခြင်းပါ။ ဆင်းရဲဒုက္ခရောက်နေသူကို သနားကြင်နာစိတ်ထားသလောက် ကိုယ့်ထက်ကြီးပွားချမ်းသာနေသူကိုတော့ မည်သို့ မှ မုဒိတာ မပွားနိုင်ခြင်းပါ ဣသာ မစ္ဆရိယ စိတ်လို့ ခေါ်တဲ့ မနာလို သဝန်တိုမှုတွေက လူတော်တော်များများရဲ့ရင်ထဲမှာ သန္ဓေတည်နေကြပါသည် မေတ္တာရှင် ဆရာတော်လည်းဆုံးမခဲ့ဖူးပါသည် ။
" မွေးချင်ရင် ကြက်တွေ ဝက်တွေ မွေးကြပါ
ဣသာ မစ္ဆရိယစိတ်တော့ မမွေးကြပါနဲ့
အကုသိုလ်ဖြစ် အပါယ်ကျတာချင်းတူတာတောင်
ကြက်တွေ ဝက်တွေမွေးတာက အသားစားရပါသေးတယ်
ဣသာ မစ္ဆရိယ စိတ်မွေးတာကတော့ ဘာမှမစားရဘဲနဲ့
အပါယ်ကျပါတယ် " အဲ့ဒီ ကိုယ့်ထက်သာသူကို ဒုက္ခရောက်အောင်လုပ်မယ် အခက်တွေ့အောင်ကြံမယ်ဆိုတဲ့
မနာလို ဝန်တိုစိတ်တွေကို တတ်နိုင်သမျှ မမွေးကြပါနဲ့
စွန့် လွှတ်လိုက်ပါ ။ အားပေးအားမြှောက် ပြုနိုင်အောင် ကြိုးစားကြပါ ထိုသူက အများအကျိုးကြည့်တတ်တဲ့သူဆိုရင်တော့ မိမိအတွက်သာမက
တချို့သော ဆင်းရဲဒုက္ခရောက်နေသူများအတွက်ပါ အကျိုးရှိလှပါသည် ။ဘယ်သူ့ ကိုမှ အပြစ်မတင်ပါနဲ့
မိမိစိတ်ထဲမှာ ရှိနေတဲ့ မိမိအပြစ်တွေကိုသာ မြင်အောင်ကြည့် ရအောင်ပြင်ဆင်ပြီး မိမိ မိသားစုအတွက် မိမိနိုင်ငံအတွက် အကောင်းဆုံး အကျိုးပြုနိုင်သော လူပီသသောသူများဖြစ်အာင် ကြိုးစားနိုင်ကြပါစေဟု ဆန္ဒပြုလျက်. . .
မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ. . . .
photo credit -google search
written by @venguna
MSC-181
အရှင်ဘုရား , အပြာ ရောင် ပြထားသော စာပိုဒ် အစ များ တွင် space များရှိနေ၍ စာပိုဒ် ထောက်နေပါတယ် ဘုရား.. space များကို delete လုပ်လိုက်ပါ ဘုရာ့။
ကျေးဇူးပါ ကိုဟင် ဖုန်းနဲ့ရေးရတာဆိုတော့ အဲ့ဒါတွေ
သတိမထားမိလိုက်ဘူး ပြင်သင့်တာ ပြင်ရအောင် ထောကိပြပါ
ဝေဖန်ပါ ဒီထက်ကောင်းတဲ့ အပြုသဘောဆောင်တဲ့စာရေးနိုင်ဖို့  ကြိုးစားနေပါ့မယ်
အပြန်အလှန်ကူညီတာတွေ အပြင်မှာ
တော်၂လေးနည်းလာတာတွေ့ရတယ်။ ဦးဇင်းပြောတာလက်ခံတယ်ဗျာ့
ရေးထားပါသေးတယ် ပြုပြင်သင့်တဲ့အချက်တွေ
အားရင်ဆင်ပြပေးပါ့မယ်
အမှားတွေထောက်ပြပေးလို့ငျေးဇူးတင်ပါတယ်ဘုရား
လူဆိုတာတော့ မှားတတ်ကြပါတယ်
မှားတတ်တာက လူ့ သဘာဝပါ
အမှားနည်းတာကတော့ လူ့ အရည်အချင်းဖြစ်ပါတယ်
Thanks! Ven. Good post!
thank for reading.
Resteemသွားတယ်အကိုရေ
အစ်ကို မဟုတ်ပါဘူး bro
အရှင် ……ဂုဏပီယ ပါ
ဥဇင်း အရေးအသားတွေ ကောင်းလာဘီ ဘုရာ့
မွေးစားအဖေ ဆရာဦးတင်လှိုင်ဦး၏ ဖေးမကူညီမှုကြောင့်ပါ
ဆရာ့ကောင်းတပည့်ဖြစ်အောင် ကြိုးစားနေရတာပေါ့
များများအဲ့လိုတွေရေးပေးပါဘုရား
ဗိုက်ဆာနေသူကို တရားဟောလို့ မရပါဘူး
ဒါကြောင့် အကျိုးပြုစာတွေ ကြိုးစားရေးနေရတာ
နောက်မှ တရားသဘောတွေလာမယ်ဗျာ
အားပေးနေပါတယ် ဘုရား
အားပေးသူရှိမှ ရေးရတာအားဖြစ်ပါတယ်
ဆက်အားပေးပါ့မယ်...ကောင်းသောပို့စ်ပါ...ကျေးဇူးပါ
အားပေးပါ ဒီထက်ကောင်းတဲ့ အပြုသဘောစာပေတွေ ရေးနိုင်အောင် ကြိုးစားပါ့မယ်
ကျေးဇူးပါပဲဘုရား
ကျေးဇူး ကိုညီ