VOLUNTARY AND SAME BENEFIT

in #myanmar8 years ago (edited)

FB_IMG_1514743769171.jpg

Steemit Platform ပေါ်၌လျှောက်လှမ်းနေသော မိသားစုဝင်များအားလုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့်ပြည့်စုံပြီး ဘဝနှင့်ဆန္ဒတစ်ထပ်တည်းကျသောသူများဖြစ်ကြပါစေဟု ဆုတောင်းပတ္ထနာပြုလိုက်ပါသည်။ စာရေးခြင်းဟူသော ဝါသနာကြောင့် Steemit နှင့်သိကျွမ်းခွင့်ရပါသော်လည်း မိမိ ကျင်လည်ခဲ့သောစာပေများသည်ကား သုတ္တန် အဘိဓမ္မာ ဝိနည်းတည်းဟူသော ပိဋကတ်ကျန်းဂန်များသာ ဖြစ်ပါသည်။ ထိုတရားတော်တို့ ၏ အနှစ်ချုပ်ကို အကျယ်တဝင့်ရှင်းပြချင်ပါသော်လည်း မိမိ၌ ပညာအားနည်းသည်မို့ " ထောင်တန်သောစကား ရီလျှင်ပေါ့သွားမည် "ကိုစိုးရိမ်မိပါသည်။ မိမိနားလည်ထားသည်ကား ဆာလောင်နေသောသူကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးလို့ မရပါဘူး။ မွတ်သိပ်ခြင်းတည်းဟူသော ဝမ်းမီးကို အရင်ငြိမ်းသတ်ပြီးမှ တရားတော်တို့ ကို ဟောပြ လမ်းညွှန်ပြသင့်ပါသည် သို့ မှသာ စိတ်ရောကိုယ်ပါကြည်လင်လန်းဆန်း၍ အာရုံစူးစိုက်နိုင်မည် ဖြစ်ပါသည် ။ယနေ့ ခေတ် လူသားတွေအပေါ်၌လည်းမိမိအလွန်ပင်အားနာမိပါသည် သူတို့ ၏ရင်ထဲက ပူပင်သောကများကို မိမိတတ်စွမ်းနိုင်သမျှဖြေဖျောက်ပေးသင့်သည်ဟု ထင်မြင်မိသည်။ ဒါကြောင့် နည်းနိုင်သမျှ နည်းပါးအောင် လျော့နိုင်သမျှလျော့ပါးအောင် မိမိစာပေဖြင့် ကြိုးစားမည် စိတ်ထားတွေ မွန်မြတ်လာသည် ကြည်လင်လာသည်ဆိုမှသာ အေးချမ်းသော ဘဝသို့ သွားနိုင်အောင် လမ်းပြမည်ဟု သန္နိဌာန်ချထားမိသည် မိမိပင်ပန်းရင် ပင်ပန်းပါစေ အခက်အခဲများကြုံရင် ကြုံတွေ့ပါစေမိမိတို့ ကား သူတစ်ပါး၏ သဒ္ဓါဆွမ်းဖြင့် အသက်ရှင်နေကြရသောကြောင့် ကျေးဇူးပြန်ဆပ်ချင်ပါသည်။ ဒါကြောင့်မိမိတတ်နိုင်သမျှ အကျိုးပြုမည်ဟုလည်းဆုံးဖြတ်ထားမိပါသည်။
မိမိပေးထားသော ခေါင်းစဉ်ကား" စေတနာနှင့် တူသောအကျိုး" ဖြစ်သောကြောင့် စေတနာဟူသောစကားကို ရှင်းပြပါမည် ။
" စေတနာ ကမ္မံ ဘိက္ခဝေ " ဆိုသည့်အတိုင်းစေတနာဆိုတာ ကံတရားပါကံတရားဆိုတာ " ကမ္မ "အလုပ်ဟု အဓိပ္ပါယ်ထွက်ပါသည် ဒါကြောင့် စေတနာသည် မိမိပြုလုပ်နေသော အလုပ်ကို ဆိုလိုပါသည်။တနည်းဆိုရရင် ကြည့်မှန်တစ်ချပ်လိုပေါ့ မိမိပြုံးပြတဲ့အခါ မှန်ထဲကပုံရိပ်ကလည်း ပြုံးပြမည်။မိမိမဲ့ပြရင်လည်း မှန်ထဲက ပုံရိပ်က မဲ့ပြမည်။ မိမိပြုမူသည့်အတိုင်း မိမိကို ပြန်၍ တုံပြန်လာခြင်းကို စေတနာဟုဆို ပါသည် မိမိကောင်းတာ လုပ်ရင် ကောင်းကျိုးခံစားရပြီး မကောင်းတာ လုပ်ရင် မကောင်းကျိုး ခံစားရမှာ သဘာဝပါ ဗုဒ္ဓဘာသာဝင်တို့ အတွက်ချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ သံပုရာသီးကို ဘယ်ဘာသာဝင်စားစား ချဉ်သလိုပင် သကြားကိုစားရင်လည်း ချိုတဲ့ အရသာပဲ ရမှာဖြစ်ပါတယ် ဒါကပြောင်းလဲလို့ မရတဲ့ ဘဘာဝတရားပါ ပြီးတော့ ခွဲဝေခံစားရတာမျိုးလည်းမကြားမမိသလို ရှိလည်းမရှိပါဘူး။ မိမိက ခိုးဆိုး လုယက်ပြီး မိသားစုကို ရှာဖွေကျွေးနေပေမဲ့ မိမိအစား ဘယ်သူမှ ဝင်ရောက် ခံစားပေးလို့ မရပါဘူး မိမိကိုယ်တိုင် ပြုလုပ်ခဲ့တဲ့အတိုင်းပြန်ခံရစမြဲပါ။
မြန်မာလူမျိုးတို့ တွင် စကားပုံတစ်ခုရှိပါသည်။
" ဧည့်သည်လာရင် ဆန်မကုန်စေနဲ့ " ဟုပြောဆိုသံကြားဖူးသည် အများစုကတော့ လုံးဝမချက်ကျွေးရဘူးဟုသာ ယူဆကြသည်။
မိမိနားလည်သလိုရှင်း ပြရမည်ဆိုလျှင် ဧည့်သည်လာလျှင်တော့ ကျွေးမွေးပြုစုရပါမည် ။သို့ သော် မိမိကျွေးမွေးပြုစုလိုက်သောအာဟာရနှင့် ထိုက်တန်သော အကျိုးအမြတ်ကို ရအောင်ပြန်ယူခိုင်းခြင်းဖြစ်ပါသည်။ ကျွေးရမည့်အတူတူ ကုန်ရမည့်အတူတူ စေတနာမပါပဲကျွေးမွေးလိုက်ပါက ဆန်သာဆုံးမည်မိမိအတွက် ဘာကုသိုလ်မှမရ အကျိုးအမြတ်မရှိပါ။သို့ ပေမဲ့ စေတနာပါပါနှင့် ကျွေးမွေးပြုစုရင်တော့ ကုန်တာချင်းတူပေမဲ့ မိမိအတွက် ဘဝများစွာ ချမ်းသာရနိုင်ခြင်းတည်းဟူသော အကျိုးအမြတ်များ ရရှိပါသည် ဆန်ကုန်တာချင်းတူသော်လည်း စေတနာပါခြင်း မပါခြင်းက မိမိအတွက် မည်မျှအရေးပါသည်ဆိုတာကို သဘောပေါက်နားလည်ကြမည် ထင်မိပါသည်
" စေတနာကောင်းလျှင် ကံကောင်းမည်သင်ကောင်းလျှင် ကျွနုပ်မဆိုးပါ " ဟူသော စာတမ်းလေးက အိမ်တိုင်းလိုလို ဆိုင်တိုင်းလိုလိုချိတ်ဆွဲထားသည်ကို မြင်တွေ့ဖူးကြမည်ထင်ပါသည်။ စေတနာကောင်းလို့  မိမိအတွက်ကောင်းကျိုးတရားတွေ ရရှိမည်ကိုလက်ခံနိုင်ပါသော်လည်း" သင်ကောင်းလျှင် ကျွနုပ်မဆိုးပါ "ဆိုသည်ကားအဘယ်နည်းသူများကောင်းရင် ကိုယ်ကောင်းမည်သူများဆိုးရင်ကော မိမိပါ လိုက်၍ဆိုးသွမ်းနေမည်လော။ တကယ်က မိမိ ဘဝအတွက် မိမိကိုယ်တိုင် ရွေးချယ်ရမည် ဆုံးဖြတ်ရမည်သာ ဖြစ်ပါသည် ။သူများအပေါ်မှာ မှီတွယ်နေသော စိတ်က ကျူပင် ဝါးပင်တို့ လို လေတိုက်ရာ ယိမ်းနေမည်သာဖြစ်သည်။ ဒီတော့ သင်ဘဝအတွက် ဆိုးကျိုးတွေကို မလိုအပ်ဘူးကောင်းကျိုးတရားတွေသာ လိုအပ်သည်ဆိုပါက"သင်ကောင်းကောင်း မကောင်းကောင်း ကျွနုပ်ဆိုးမည်မဟုတ်ပါ "ဟုသာ စာသားပြောင်း၍ကျင့်သုံးကြည့်ပါ သင်မျှော်လင့်ထားတာထက်ပိုတဲ့ကံကောင်းခြင်းတွေ ရရှိနိုင်ပါလိမ့်မည်။
FB_IMG_1514746640834.jpg
"တူသောအကျိုး "ပေးခြင်းကို တော့မိမိကိုယ်​တွေ့  ဖြစ်ရပ်တစ်ခုဖြင့် ရှင်းပြပါမည်။ စင်ကာပူနိုင်ငံဆိုလျှင် လူတိုင်း သိကြမည်ထင်ပါသည် ။တစ်ချိန်က မြန်မာနိုင်ငံကို အနှစ်နှစ်ဆယ်အတွင်း မီအောင်လိုက်မည်ဟုကြုံးဝါးခဲ့သော နိုင်ငံငယ်လေးတစ်ခုကနေ ယခုဆို မိမိနိုင်ငံထက် အစစအရာရာသာလွန်နေသော နိုင်ငံတစ်ခုဖြစ်သည် ။စာရေးသူ၏ အစ်မတစ်ယောက်ကား အေးဂျင့်အဆက်အသွယ်မှ တစ်ဆင့် ထိုနိုင်ငံ၌ အိမ်ဖော်အလုပ် သွားရောက်လုပ်ကိုင်နေရသည်။ တစ်နေ့  " ဦးဇင်း တပည့်တော်ကို ဗေဒင်မေးပြီး ယတြာလေး ဘာလေးချေပေးပါလား အိမ်ပြောင်းချင်လို့ ဒီအိမ်မှာနေရတာ အဆင်မပြေဘူး။ မနက်ကတည်းက အလုပ်လုပ်ရတာ တချက်ကလေးတောင်မထိုင်ရဘူး အဝတ်လျော်စက်ရှိတာတောင် လက်နဲ့ပဲလျော်ခိုင်းတယ် စားရသောက်ရတာလည်း အဆင်မပြေဘူး ။ဦးဇင်းတခါတလေ တစ်နေ့ လုံးပေါင်မုန့် နဲ့ကော်ဖီပဲစားပြီးနေနေရတယ် ညဘက်ပင်ပန်းလို့ စောစောအိပ်ချင်လည်း မအိပ်ရဘူး အိမ်ရှင်မအမေ အဘွားကြီးက ဇိမ်ခံပြီး နှိပ်ခိုင်းသေးတယ့် တပည့်တော် ဒီလောက်လုပ်ပေးတာ အကောင်းမပြောတဲ့အပြင် တစ်နေ့ လုံးဆူဆဲခံနေရတာ အဲ့ဒါ အိမ်မြန်မြန်ပြောင်းလို့ ရအောင် ဦးဇင်းကူညီပေးနော် အမိုးတို့ ကိုလည်းသွားမပြောပြနဲ့ စိတ်မကောင်းဖြစ်နေမယ်"မိမိ စိတ်ထဲ ဝမ်းနည်းမိရုံမှ အပ ဘာမှ ပြောမထွက်ခဲ့ပါ မဆင်မပြေရင် ပြန်လာခဲ့ အစ်မရာ ဟုဆိုချင်ပေမဲ့ စားစရာမရှိ လျော်စရာရှိဖြစ်နေသလို လျော်ကြေးပြန်ပေးနိုင်သည်ထားတော့ မြန်မာပြည်ရဲ့တစ်လ တစ်သိန်းကျော်ဆိုတဲ့ငွေကြေးနဲ့ ကျောင်းသားအများစုရှိတဲ့ မိသားစုခုနှစ်ယောက်ကိုဘယ်လိုမှ ရပ်တည်အောင် မလုပ်နိုင်ဘူးဆိုတာကို မိမိနားလည်ပါသည် ။ဒီတော့ တတ်နိုင်တာတော့ မိမိလုပ်ပေးမည်ဟုတွေးရင်း" အစ်မ အဆင်မပြေလည်း ခနတော့ သည်းခံပေါ့ အစ်မပြောတဲ့ ဗေဒင်လည်းမေးပေးမယ် ယတြာလည်း ချေပေးထားမယ် ခုလောလောဆည်တော့ ဦးဇင်းပြောတာနားထောင် မိုးလင်းမိုးချုပ် အလုပ်လုပ်နေရတာအစ်မ ဒေါသထွက်မှာပေါ့နော် " " အော် မေးမှမေးရက်တယ် ဦးဇင်းရယ် ဒီအလုပ်မပြီးသေးဘူး နောက်တစ်ခု ထပ်ခိုင်းပြန်ပြီဒီကြားထဲ ကလေးငိုရင်း ပြေးပြီးကြည့်ရသေးတယ်မနက်စာနဲ့နေ့ လည်စာကို ညနေလောက်မှစားရတာဒါတောင် စားရင်းသောက်ရင်းတန်းလန်းကို ခေါ်ခိုင်းသေးတယ် လူစိတ်မရှိတဲ့ဟာတွေ ပြောကိုမပြောချင်ဘူး ခုပြောရင်းနဲ့တောင် ဒေါသထွက်တယ် အဲ့ဒါမေးပြီး ဘာလုပ်ဖို့ လဲ" မိမိမျှော်လင့်ထားတဲ့အတိုင်းပင် တစ်နေ့ လုံးဒေါသတွေ မကျေနပ်ချက်တွေနဲ့ မိသားစုအတွက် ရုန်းကန်နေရသည့် အစ်မ ကိုသနားမိသည် ။ဒါကြောင့် ပြောသင့်တာတော့ပြောရပေမည် " အစ်မ အဲ့လို ဒေါသထွက်ပြီးဆူဆောင့်အောင့်နေလို့  မရဘူးလေ ဦးဇင်းပြောပြမယ် အစ်မဒေါသထွက်နေလည်း ဒီအိမ်အလုပ်တွေ ကလေးကြည့်တာတွေ ကလုပ်ရမှာပဲ ဒေါသမထွက်လဲလုပ်ရမှာပဲလေ မလုပ်ချင်ဘူးဆိုပြီးငြင်းလို့ ရတဲ့အရာမှမဟုတ်တာ အဲ့ဒီတော့ ဦးဇင်းပြောသလိုနေကြည့်ပါ တစ်ပတ်လောက်ပေါ့ အလွန်ဆုံး ဆယ်ရက်လောက်ပါပဲ သူတို့ ဘာသာ ဆူဆူဆဲဆဲ အစ်မအသားကိုနာအောင်လုပ်တာမှ မဟုတ်တာ စိတ်ထဲမထားနဲ့ ကိုယ်လုပ်ရမဲ့အလုပ်ကိုပဲ စေတနာထားပြီးလုပ်ပေးလိုက် မျက်နှာကလည်း ဆူပုပ်မနေနဲ့ ဒီအလုပ်တွေ လုပ်ဖို့ ရောက်လာတာဆိုမှတော့ သူတို့ ကခိုင်းမှာပဲလေ သူတို့ အပေါ်လည်းမေတ္တာမပျက်နဲ့ ကိုယ့်အလုပ်ရှင် ကျေးဇူးရှင်လို့ သဘောထားပြီး ညအိပ်ရာဝင် ဘုရားရှိခိုးပြီး မေတ္တာသာပို့ ပေး ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးနော်ဘာပဲလုပ်လုပ် အပြုံးမပျက်စေနဲ့ စေတနာမပျက်စေနဲ့ စေတနာထားပြီးသာလုပ်ကိုင်ပေးလိုက်ပါ ညဘက်အဘွားကြီးနှိပ်ခိုင်းရင်ည်း ပြီးပြီးရော မနှိပ်ပေးနဲ့ စေတနာထားပြီး နှိပ်ပေးလိုက် အစ်မအဲ့လို စေတနာထားတာတောင် သူတို့ မမြင်တတ်ရင် သူတို့ ထိုက်နဲ့သူတို့ ကံပေါ့ အစ်မသာနေနိုင်အောင်ကြိုးစားကြည့်ပါ " ဟုပြောသာ ပြောလိုက်ရသည် မိမိစိတ်ထဲမှာတော့ လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်းဖြစ်နေသော သူတို့ အပေါ်၌ ဗုဒ္ဓဟောခဲ့သော တရားတော်များက အကျိုးသက်ရောက်မှုမှ ရှိပါ့မလားဟု စိုးရိမ်စိတ်တော့ ဝင်မိပါသည်" အလုပ်လုပ်ရင် ငွေရမည် ငွေရဖို့  အလုပ်လုပ်မည်"သာ သိပြီး မိမိတို့  ရင်နှစ်သည်းချာသားသမီးများကိုပင် သူစိမ်းတစ်ယောက်လက် ဝကွက်အပ်ပြီး အချိန်မပေးနိုင်သော စက်ရုပ်လို လူသားတွေအတွက် မေတ္တာ အကြင်နာဆိုတာကရောရှိရောရှိပါ့မလား နားရောနားလည်ကြပါ့မလားဟု တွေးရင်း သိပ္ပံပညာရှင် " အိုင်းစတိုင်း "၏နိယာမတစ်ခုကို သတိရမိသည် "။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိတယ် "ဟုဆိုပေမဲ့ငြား သူရှာဖွေတွေ့ရှိခဲ့သည်ကားရုပ်ဝတ္ထုအပေါ် သက်ရောက်ခြင်း တန်ပြန်မှု အားဖြစ်ပြီး စိတ် စေတသိတ် တို့ အပေါ်၌ကော ဒီနိယာမ မှန်ကန်နိုင်ပါ့မလား ဘယ်လိုဖြစ်ဖြစ်" သဗ္ဗေသတ္တာ ကမ္မသကာ "ကိုသာ ထပ်ခါ ထပ်ခါရေရွတ်မိတော့သည်။
ငါးရက်မြောက်နေ့ စာဝါတတ်ပြီးပြန်လာတဲ့အခါ မိမိဖုန်းတွင် +65 နှင့် အဝင်callတစ်ခုတွေ့တော့ အစ်မ ခေါ်ထားမှန်းသိသည်နှင့် စိုးရိမ်ပိုစွာ ပြန်ခေါ်မိတော့ " ဦးဇင်း ဗေဒင်မေးပြီး ယတြာချေပြီးပြီးလား "
မိမိကားစာတတ်လိုက် စာကျက်လိုက်ဖြင့် မေ့လျော့နေတော့ လိမ်လည်းမလိမ်ချင် မမေးရသေးဘူးဟုလည်း ပြောမထွက် ဒါကြောင့် မယုတ်မလွန် ဖြေပေးလိုက်သည် " ဘာလို့ လဲ အစ်မအဆင်မပြေ ဘူးလား " " မမေးရသေးရင် မမေးနဲ့တော့ ဦးဇင်း ခုအဆင်ပြေသွားပြီ ကလေးပဲဂရုစိုက်ခိုင်းတော့တယ် အိမ်အလုပ်သိပ်မလုပ်ခိုင်းတော့ဘူး သူတို့ ပြန်လာရင်လည်း စားစရာအပြင်ကဝယ်လာပေးတော့
ဘာမှလည်း မချက်မပြုတ်ရတော့ဘူးလေ အဘွားလည်း အရင်လိုမနှိပ်ပေးရတော့ဘူး ပင်ပန်းမှာစိုးလို့  စောစောအိပ်တဲ့ တနင်္ဂနွေကျမှ
ပြောတော့မယ်နော် အဲ့နေ့ အားတယ် တပည့်တော်ကို အားလပ်ရက် ထွက်ခွင့်ပေးလိုက်ပြီ ဒါပဲနော် ဦးဇင်း ဘေကုန်နေမယ် "ဟုဆိုကာ ဖုန်းချသွားပေမင့် မိမိကားရင်ထဲမှာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေရသည်။ မိမိမျှော်လင့်သလို ဖြစ်လာခဲ့တော့ ကံကံ၏အကျိုးကိုလည်း ပို၍ သက်ဝင်ယုံကြည်မိသည် ဒါကြောင့် တောင်တန်းသာသနာပြု ဆရာတော်ကြီးဆုံးမဖူးတာရှိသည်။"ကိုယ့်အပေါ်မုန်းနေတဲ့ သူကိုပြန်ချစ်လာအောင်လုပ်ဖို့  လွယ်ပါတယ် မိမိဘက်က စေတနာထားပြီး
ကျန်းမာ ချမ်းသာပါစေဆိုပြီး မေတ္တာသာပို့ ပေးလိုက်ပါ ကိုယ့်မေတ္တာအားကြီးရင် ကြီးသလောက်သူ့ အပေါ် ထိရောက်ပါတယ် " ယခု မိမိလက်တွေ့ဖြစ်နေသဖြင့် အတိုင်းထက်အလွန် ကြည်ညိုမိသည် ။ပြောပြချင်သည်ကား လူဘောင်လောက၌ ကျင်လည်နေသမျှ ကာလပတ်လုံး မိမိအပေါ်ချစ်သူ မုန်းသူတွေနှင့် အမြဲ ထိတွေ့ဆက်ဆံနေရမည်သာ ဖြစ်ပါသည်။ မုန်း၍ဖြစ်စေ ချစ်၍ဖြစ်စေ သူတစ်ပါးအတွက် မလွဲမသွေ အကျိုးပြုရတော့မည်ဆိုလျင် စေတနာထား၍သာ လုပ်ပေးလိုက်ပါ မိမိလည်း တူသောအကျိုးခံစားရမည်ဟူသော ယုံကြည်စိတ်ဖြင့်မိမိအကျိုးသူတစ်ပါးအကျိုးသယ်ပိုးရွက်ဆောင်နိုင်ကြပါစေဟု ဆန္ဒပြုလျက်. . . . . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။

(စာကြွင်း)မိမိတွင် စာရေးလိုစိတ်သာရှိ၍ စာရေးခြင်းအတတ်ပညာ၌ အားနည်းသောကြောင့်
အမှားများတွေ့နိုင်ပါသည် ဝေဖန်ထောက်ရှု၍ နားလည်ပေးစေလိုပါသည်. . . . .

Photo from google images
written by @venguna

Sort:  

တူသောအကျိုးရစေချင်

စာရေးအားနှင့်ရေးသာချက်တွေကိုတပည့်တော်လေ့လာမှတ်သားပြီး
ကျင့်ကြံကြိုးစားသွားပါ့မယ့်အရှင်ဘုရား
ဆရာတော်စာရေးအားသိပ့်ကောင်းတယ်နော(သူရ)

ဈာန်ဝင်သွားတာ လူကတော့ စာရေးပျင်းတယ်

အရှင်ဘုရား ဒီလိုပဲ သွန်သင်ဆုံးမလမ်းညွှန် တရားရေအေး တိုက်ကြွေးရင်း စာရေးအတတ်ပညာကိုပါ သူမတူအောင်ကောင်းသလင့်တကား စွမ်းဆောင်ဖြစ်နိုင်ပါအံ့။ အသုံးအနှုန်းတွေ ပီပြင်လွန်းသလို စဉ်းစားမိတာက တခါမှ အဲ့လိုသုံးရ ရေးရကောင်းမှန်း မစဉ်းစားမဆင်ခြင်ခဲ့မိဘူးဆိုတဲ့အရာကို ဝန်ခံပါရစေ။ အားကြမိဒါအမှန်ပါပဲ။ အစဉ်အမြဲလေးစားအားပေးလျှက်ပါ။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကံ ကံ၏ အကျိုးကို ယုံကြည်ပါတယ် ဘုရား အရေးအသားကောင်းပါတယ် ဘုရား အားပေးနေပါတယ် ဆက်လက်ကြိုးစားပါဘုရား

ကြိုးစားရမယ်ဗျာ စာရေးဆရာ တစ်ယောက်ဖြစ်ချင်နေတာ

ကံ ကံ၏ အကျိုးပေးပေါ့..ဦးဇင်း..
ဖြူစင်တဲ့ စေတနာ၊မေတ္တာက ကောင်းမွန်တဲ့ကံအကျိုးပေးကိုခံစားရစေတာပေါ့...

ဟုတ်ပါတယ် တကယ်လည်းယုံတယ် သာဓကတော့ အများကြီးပေါ့ ဒါပေမဲ့ ကိုယ်တွေ့မဟုတ်ရင် မယုံကြည်ကြဘူးလေ ခေတ်လူငယ်တွေက လက်တွေ့သမားတွေမလား

မှတ်​သားစရာများဖတ်​ရလို့​ကျေးဇူးပါ

ကျေးဇူးပါ asterkame ရေ
နှစ်သစ်မှာ ပျော်ရွှင်ပါစေ

ကံ ကံ၏အကျိုးကိုယုံကြည်​ပါ၏။

အတိတ်ကကုသိုလ်ကံကြောင့် ဒီဘဝမှာ ကုသိုလ်ပြုခွင့်ရတာ
ဒီဘဝမှာ ကိုယ်ဘာလုပ်နေသလဲ ဆိုတာ နောင်ဘဝအတွက် ရရှိမဲ့ကံပေါ့ ကုသိုလ်ကံသာ ယူသွားပါ

ဗဟုသုတ ​ရော ​မေတ္တာ ​ရောင်​ပြန်​​ရော သိရသမို့
ဦး​တော်​ပါဘုရား

စစ်မှန်တဲ့စေတနာတိုင်းက ရောင်ပြန်ဟပ်ပါတယ်

တ​နေ့ကိုယ့်​​စေတနာကိုယ့်​ဆီပြန်​လာမှာပါဘုရား

ကောင်းတဲ့စေတနာအဖြစ်ပြန်လာဖို့ တော့ မိမိမှာ တာဝန်ရှိပါတယ်

ဦးတင်ပါသည် ဘုရား

နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေကွယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.074
BTC 64559.21
ETH 1683.31
USDT 1.00
SBD 0.41